India (Delhi)

အိန္ဒိယနိုင်ငံ၌ ၅ နှစ်ကာလအတွင်း ပဲမျိုးစုံစိုက်ပျိုးထုတ်လုပ်မှု နှစ်စဉ် ၁၀ ရာခိုင်နှုန်းကျော်တိုးတက်

Last Updated:

အိန္ဒိယနိုင်ငံ၌ ၂၀၁၆-၁၇ ခုနှစ်မှ ၂၀၂၀-၂၁ ခုနှစ်အထိ ၅ နှစ်တာကာလအတွင်း ပဲမျိုးစုံစိုက်ပျိုးထုတ်လုပ်မှုမှာ နှစ်စဉ်ပျမ်းမျှတိုးတက်မှုနှုန်း ၁၀.၈၉% ဖြင့် တိုးတက်မှု ရရှိခဲ့ကြောင်း သိရှိ ရပါသည်။

အစိုးရမူဝါဒရေးရာကောင်စီ (NITI Aayog) ၏ ၂၀၃၃ ခုနှစ် အတွက် ကောက်ပဲသီးနှံနှင့် သားငါးဝယ်လိုအားနှင့် ရောင်းလိုအား ခန့်မှန်းချက်အစီရင်ခံစာအရ ၂၀၂၀-၂၁ ခုနှစ်၌ အိန္ဒိယ ပြည်တွင်းပဲမျိုးစုံစားသုံးမှုမှာ တန်ချိန် ၂၆.၀၅ သန်းရှိကြောင်း၊ အဓိက သီးနှံစိုက်ပျိုးထုတ်လုပ်နိုင်မှု စတုတ္ထအကြိမ် ကြိုတင်ခန့်မှန်းချက်အရ ၂၀၂၀-၂၁ သီးနှံစိုက်ပျိုးရေးနှစ်၌ ပဲမျိုးစုံအား ဧရိယာဟက်တာ ၂၈.၈၃ သန်း စိုက်ပျိုးနိုင်ခဲ့ပြီး အထွက်တန်ချိန် ၂၅.၇၂ သန်း ရှိမည်ဟုခန့်မှန်းကြောင်း၊ ၁၉၅၀-၅၁ ခုနှစ်ရှိ ကိန်းဂဏန်းများနှင့် နှိုင်းယှဉ်ပါက ပဲမျိုးစုံစိုက်ပျိုးမှု ဧရိယာသည် ဟက်တာ ၁၉.၀၉ သန်း ပိုမိုလျက် ၅၁% တိုးတက်လာခဲ့ကြောင်း၊ လွန်ခဲ့သည့် ၅ နှစ်တာကာလအတွင်း နှစ်စဉ် ပဲမျိုးစုံစိုက်ပျိုးထုတ်လုပ်မှုမှာ ၁၀.၈၉% တိုးတက်မှုရရှိခဲ့ကြောင်း၊ ပဲမျိုးစုံစိုက်ပျိုးမှုတွင် မိုးသီးနှံရာသီ၌ စိုက်ပျိုးမှုမှာ ပျမ်းမျှအားဖြင့် ၃၆.၅% ပါဝင်လျက်ရှိ ကြောင်း၊ ၂၀၁၆-၁၇ ခုနှစ်မှ ၂၀၂၀-၂၁ ခုနှစ်အတွင်း ပဲမျိုးစုံအား ဆောင်းသီးနှံရာသီမှ ထုတ်လုပ်မှုမှာ ပျမ်းမျှတိုးတက်မှုနှုန်း ၁၀.၄% ရရှိနေချိန်တွင် မိုးသီးနှံမှ ထုတ်လုပ်မှုသည် ပျမ်းမျှ ၁၃% တိုးတက်မှုရရှိခဲ့ကြောင်း၊ အဆို ပါ ၅ နှစ်အတွင်း ပဲစင်းငုံ ပျမ်းမျှစိုက်ပျိုးဧရိယာမှာ ဟက်တာ ၄.၇၃ သန်းရှိပြီး နှစ်စဉ် ၅.၂% ဖြင့် တိုးတက်လာခြင်းဖြစ်ကြောင်း၊ အလားတူ ပဲပုတ်စိုက်ပျိုးဧရိယာသည်လည်း နှစ်စဉ် ၂.၂% ဖြင့် ဟက်တာ ၁၁.၅၃ သန်း အထိတိုးတက်လာခဲ့ကြောင်း စသည်ဖြင့် ၁၀-၁၂-၂၀၂၁ နေ့တွင်ကျင်းပသော ရာဂျာဆာဘလွှတ်တော်အစည်းအဝေးတွင် အိန္ဒိယစိုက်ပျိုးရေးဝန်ကြီး နာရင်ဒရာဆင်း တိုမားက ရှင်းလင်းတင်ပြခဲ့ခြင်းဖြစ်ပါသည်။

(မြန်မာစီးပွားရေးသံမှူး၊ နယူးဒေလီမြို့)

Source:         Demand and Production of Pulses, 10-12-2021, Press Information Bureau of India

 

 

 

Category: India (Delhi)