China (Kunming)

အိုမီခရွမ်၏အကျိုးသက်ရောက်မှုများမှ တရုတ်နိုင်ငံ၏ စီးပွားရေး တဖြည်းဖြည်း ပြန်လည်ကောင်းမွန်လာမည်ဟု မျှော်လင့်ရ

Last Updated:

တရုတ်နိုင်ငံ၏ ကြီးမားသော ကူးစက်ရောဂါ တိုက်ဖျက်ရေး ရလဒ်များနှင့် တိုးတက်မှု လိုလားသော မူဝါဒများ သက်ရောက်မှု ရှိလာသဖြင့် တရုတ် နိုင်ငံ၏ စီးပွားရေးသည် တဖြည်းဖြည်း ပြန်လည်ကောင်းမွန်လာရန် မျှော်လင့်ထားကြောင်း နိုင်ငံ၏စီးပွားရေးသည် ဧပြီလတွင် ပြည်တွင်း၌ COVID-19 ပြန်လည်ဖြစ်ပွားမှုမှ ထိခိုက်နစ်နာခဲ့ရသော်လည်း သက်ရောက်မှုများမှာ ခဏတာနှင့်  အပေါ်ယံသာဖြစ်ကြောင်း အမျိုးသားစာရင်းအင်း ဗျူရို (NBS) မှ ပြောရေးဆိုခွင့်ရှိသူ ဖူလင်းဟွာက မေလ ၁၆ ရက်နေ့တွင်ပြောကြားခဲ့ပါသည်။

တရုတ်စီးပွားရေး၏ အခြေခံအချက်များမှာ မပြောင်းလဲဘဲရှိနေကြောင်း၊ စီးပွားရေးအသွင်ကူးပြောင်းမှုနှင့် အဆင့်မြှင့်တင်ရေးနှင့် အရည်အသွေးမြင့် ဖွံ့ဖြိုးတိုးတက်မှု၏ အလုံးစုံသော လမ်းကြောင်းများမှာ မပြောင်းလဲသေးကြောင်း၊ စီးပွားရေးတည်ငြိမ်ရန်နှင့် မျှော်မှန်းထားသော ဖွံ့ဖြိုးတိုးတက်ရေး ပန်းတိုင်များကို အကောင်အထည်ဖော်ရန် ကောင်းမွန်သော အခြေအနေများစွာရှိကြောင်း၊ အလွန်ကြီးမားသောစျေးကွက်၊ ပြီးပြည့်စုံသော စက်မှု လုပ်ငန်းနှင့် ထောက်ပံ့ရေးကွင်းဆက်များနှင့် ကြီးမားသော ပြည်တွင်းဝယ်လိုအားနှင့်အတူ ကမ္ဘာ့ဒုတိယအကြီးဆုံးစီးပွားရေးသည် စိန်ခေါ်မှုအမျိုး မျိုးကို တွန်းလှန်ရန် ခံနိုင်ရည်ရှိပါကြောင်း၊ ကပ်ရောဂါ၏ အကျိုးသက်ရောက်မှုများရှိနေသော်လည်း သီးနှံနှင့် စွမ်းအင်ထုတ်လုပ်မှုသည် ပထမ လေးလအတွင်း တိုးတက်မှု ဆက်လက် ထိန်းသိမ်းထားနိုင်ပြီး၊ ကပ်ရောဂါကိုတိုက်ဖျက်ရန်နှင့် စီးပွားရေးပြန်လည် ထူထောင်ရန် အတွက်ခိုင်မာ သော အခြေခံအုတ်မြစ်ချထားကြောင်း၊ ယခုနှစ် ဧပြီလတွင် ကျောက်မီးသွေးကုန်ကြမ်း၊ ရေနံစိမ်းနှင့် သဘာဝဓာတ်ငွေ့ထွက်ရှိမှုသည် တစ်နှစ်ထက် တစ်နှစ် ၁၀ ဒသမ ၇ ရာခိုင်နှုန်း၊ ၄ ရာခိုင်နှုန်းနှင့် ၄ ဒသမ ၇ ရာခိုင်နှုန်း အသီးသီးမြင့်တက်ခဲ့ကြောင်း၊ စားနပ်ရိက္ခာနှင့် နေ့စဉ်သုံးပစ္စည်းများ လုံလောက်စွာရရှိပြီး ဈေးနှုန်းများတည်ငြိမ်နေပါကြောင်း၊ ငွေကြေးဖောင်းပွမှု၏ အဓိကအတိုင်းအတာတစ်ခုဖြစ်သည့် စားသုံးသူ စျေးနှုန်းညွှန်းကိန်း သည် ပြီးခဲ့သည့်လတွင် တစ်နှစ်ထက်တစ်နှစ် ၂.၁ ရာခိုင်နှုန်းသာ မြင့်တက်ခဲ့ပါကြောင်း၊ စွမ်းအင်မြင့်ကားများနှင့် ဆိုလာဆဲလ်များ ထုတ်လုပ်မှုသည် ဧပြီလတွင် တစ်နှစ်ထက်တစ်နှစ် ၄၂.၂ ရာခိုင်နှုန်းနှင့် ၂၀.၈ ရာခိုင်နှုန်း တိုးမြင့်လာသဖြင့် နည်းပညာမြင့် စက်မှုလုပ်ငန်းများသည် (ကြယ်ပွင့်များကဲ့ သို့သော) မြင့်မားသော စွမ်းဆောင်ရည်ကို ပြသခဲ့ပါကြောင်း ပြောကြားခဲ့သည်။

ရှန်ဟိုင်းနှင့် ဂျီလင်းတို့တွင် အလုပ်အကိုင်နှင့်ထုတ်လုပ်မှုကို အရှိန်အဟုန်ဖြင့် ပြန်လည်စတင်နိုင်သည့်အပြင် တိုးတက်မှုလိုလားသော အစီအမံများ ကို အကောင်အထည်ဖော်ခြင်းဖြင့် တရုတ်နိုင်ငံ၏ စီးပွားရေးသည် မေလတွင်တိုးတက်လာမည်ဟု မျှော်လင့်ရကြောင်း၊ အချို့သောညွှန်ကိန်းများ သည် ဧပြီလတွင် ကျုံ့သွားသည်ကို တွေ့ခဲ့ရသော်လည်း ဒုတိယသုံးလပတ်တွင် စီးပွားရေးနှေးကွေးမည်ဟု မဆိုလိုပါကြောင်း၊  ဖူကပြောကြားပြီး စီးပွားရေး ပြန်လည်ကောင်းမွန်လာစေရန် ရင်းနှီးမြှုပ်နှံမှုနှင့် သုံးစွဲမှုဆိုင်ရာအခန်းကဏ္ဍများကို အလေးပေးလျှက်ဖော်ပြခဲ့သည်။ အမြောက်အများ ထုတ်လုပ်မှုတွင် ရင်းနှီးမြှုပ်နှံမှုသည် ပထမလေးလအတွင်း တစ်နှစ်ထက်တစ်နှစ် ၁၂ ဒသမ ၂ ရာခိုင်နှုန်းခုန်တက်ခဲ့ပြီး အခြေခံအဆောက်အအုံ ဆိုင်ရာ ရင်းနှီးမြှုပ်နှံမှုမှာ တစ်နှစ်ထက်တစ်နှစ် ၆ ဒသမ ၅ ရာခိုင်နှုန်း တိုးတက်ခဲ့ပါကြောင်း၊ ယင်းအချက်အရ ရင်းနှီးမြှုပ်နှံမှုသည် စီးပွားရေး တိုးတက်မှုအတွက် အရေးကြီးသောအထောက်အပံ့ကို ပေးနိုင်တယ်ဆိုတာကို ပြသနေပါကြောင်းဟု ၎င်းကဆိုသည်။ တရုတ်နိုင်ငံ၏ စားသုံးမှုအား ကောင်းမှု၏ သိသာထင်ရှားသော ညွှန်ပြချက်ဖြစ်သည့် လူသုံးကုန်ပစ္စည်းများ လက်လီရောင်းချမှုသည် ဇန်နဝါရီမှ ဧပြီလအတွင်း ယွမ် ၁၃.၈၁ ထရီလီယံ (အမေရိကန်ဒေါ်လာ ၂ ထရီလီယံခန့်) သို့ တစ်နှစ်ထက်တစ်နှစ် ၀.၂ ရာခိုင်နှုန်းကျဆင်းသွားကြောင်း NBS ဒေတာက ဖော်ပြထားပါသည်။ ကူးစက်ရောဂါကိုထိန်းချုပ်ပြီး ထုတ်လုပ်မှုနှင့် လူများ၏ ဘဝ ပုံမှန်ပြန်ဖြစ်လာတာနှင့်အမျှ မျိူသိပ်ထားရသော စားသုံးမှုဟာ တဖြည်းဖြည်း မြင့်တက်လာမည်ဖြစ်ပါကြောင်း ဖူက ပြောကြားခဲပါသည်။

တရုတ်နိုင်ငံ၏ ပို့ကုန်သည် ပထမလေးလအတွင်း ယွမ် ၆.၉၇ ထရီလျံနီးပါး ရောက်ရှိခဲ့ပြီး တစ်နှစ်ထက်တစ်နှစ် ၁၀.၃ ရာခိုင်နှုန်း ခုန်တက်သွားခဲ့ ကြောင်း၊ ရှုပ်ထွေးပြီး ပြင်းထန်သော နိုင်ငံတကာအခြေအနေရှိသော်လည်း တရုတ်နိုင်ငံ၏ ပြီးပြည့်စုံသော စက်မှုစနစ်၊ ကုန်ထုတ်လုပ်မှုစွမ်းအား၊ ပိုမိုဖွင့်လှစ်မှု၊ ကုန်သွယ်မှုမိတ်ဖက်များနှင့် အပြန်အလှန်အကျိုးရှိသော ပူးပေါင်းဆောင်ရွက်မှုနှင့် လွတ်လပ်သော ကုန်သွယ်မှုဖွံ့ဖြိုးတိုးတက်မှုတို့ အပါအဝင် တရုတ်နိုင်ငံ၏ စဉ်ဆက်မပြတ် ပို့ကုန်တိုးတက်မှုကို လွယ်ကူချောမွေ့စေမည့် အခြေအနေများရှိကြောင်း၊ ရှေ့ကိုမျှော်ကြည့်ပါက တရုတ် နိုင်ငံသည် မက်ခရိုမူဝါဒ ပြုပြင်ပြောင်းလဲမှုကို အားကောင်းစေပြီး စီးပွားရေးကို သင့်လျော်သည့် အတိုင်းအတာတစ်ခုအတွင်း လည်ပတ်နိုင်စေရန် သေချာစေခြင်းဖြင့် ကူးစက်ရောဂါ၏ သက်ရောက်မှုများကို လျော့ပါးစေမည်ဖြစ်ကြောင်း ဖူကပြောကြားခဲ့သည်။

 

(စီးပွားရေးသံမှူး၊ ကူမင်း)
ရင်းမြစ် China's economy expected to recover gradually from Omicron impacts - News - Yunnan Express  

 

Category: China (Kunming)