Germany

အီးယူနှင့် ထိုင်းနိုင်ငံအကြား သဘောတူညီချက်များရေးထိုးရန် စီစဉ်ဆောင်ရွက်

Last Updated:

အီးယူနှင့် ထိုင်းနိုင်ငံအကြား မိတ်ဘက်ပူးပေါင်းဆောင်ရွက်မှုသဘောတူညီချက် (Partnership and Cooperation Agreement- PCA) နှင့် အီးယူ-ထိုင်း လွတ်လပ်သောကုန်သွယ်ရေးသဘောတူညီချက် (EU- Thailand Free Trade Agreement- ETFTA) တို့ကို ၂၀၁၃ ခုနှစ်အတွင်း စတင်ခဲ့ပြီး နောက် ရပ်နားမှုများရှိခဲ့ပြီး ၂၀၁၉ ခုနှစ်အတွင်း ပြန်လည်အစပျိုးဆွေးနွေးမှုများ ရှိလာခဲ့သည်။ PCA အတွက် ၂၀၂၁ ခုနှစ်၊ ဇူလိုင်လနှင့် ယခုနှစ် ဇွန်လတို့တွင် အပြီးသတ်ဆွေးနွေးမှုများရှိထားပြီး အီးယူ နိုင်ငံခြားရေးနှင့် ကာကွယ်ရေးမူဝါဒဆိုင်ရာ တာဝန်ရှိသည့် European External Action Service (EEAS) ဌာနက PCA သည် နိုင်ငံရေးဆိုင်ရာ တွေ့ဆုံဆွေးနွေးမှုများနှင့် နှစ်ဦးနှစ်ဘက်အကျိုးရှိမည့် ပူးပေါင်းဆောင်ရွက်မှုများ ပိုမို ကျယ်ပြန့်စွာ ဆောင်ရွက်နိုင်ရန် roadmap တစ်ခုအနေဖြင့် တိုးမြင့်လုပ်ဆောင်နိုင်မည်ဖြစ်ကြောင်း ပြောဆိုခဲ့ပါသည်။ PCA အတွက် ဖွဲ့စည်းဆောင် ရွက်မှုပိုင်း လက်မှတ်ရေးထိုးရန်ရှိသည်များ ဆက်လက်ဆောင်ရွက်သွားရန်ရှိကြောင်း ထိုင်းနိုင်ငံဆိုင်ရာ အီးယူသံအမတ်ကြီးကလည်း ပြောကြားခဲ့ ပါသည်။ 

PCA သဘောတူညီချက်သည် နှစ်ဘက်စီးပွားရေးလုပ်ငန်းများနှင့် ရင်းနှီးမြှုပ်နှံသူများအတွက် တွန်းအားပေးမှုတစ်ခုဖြစ်စေပြီး အရှေ့တောင်အာရှ ဒေသတွင် အီးယူ၏ အခန်းကဏ္ဍမြှင့်တင်ရန်အတွက် အရေးပါမှုတစ်ရပ်လည်းဖြစ်ကြောင်း ထိုင်းနိုင်ငံရှိ European Association for Business and Commerce ၏ Executive Director ဖြစ်သူ Guillaume Rebiere က ပြောကြားခဲ့သည်။ Natixis investment management firm မှ senior economist ဖြစ်သူ Trinh Nguyen ကလည်း ထိုင်းနိုင်ငံအနေဖြင့် လက်ရှိတွင် ကုန်သွယ်မှု၌ အမေရိကန်နှင့် တရုတ်နိုင်ငံတို့မှာ အကြီးမားဆုံး မိတ်ဘက်နိုင်ငံ (၂) ခုဖြစ်ပြီး အီးယူဒေသတွင် ဈေးကွက်သစ်ချဲ့ထွင်ရန်နှင့် ကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှုများ တိုးမြှင့်ရန် မဟာဗျူဟာတစ်ရပ်အဖြစ် ဆောင်ရွက်နေပြီး အီးယူအနေဖြင့်လည်း တရုတ်နိုင်ငံအား ယှဉ်ပြိုင်ဘက်တစ်ဦးအဖြစ် ရှုမြင်လာသည့်အနေအထားတွင် ရှိနေကြောင်း၊ သဘောတူ ညီချက်များ ရေးထိုးဆောင်ရွက်မှုသည် ထိုင်းနိုင်ငံတစ်ခုတည်းနှင့်မဟုတ်ဘဲ အခြားအရှေ့တောင်အာရှဒေသနိုင်ငံများနှင့် ဆက်လက်တိုးမြှင့်ဆောင် ရွက်သွားရန် ရည်ရွယ်ကြောင်း လေ့လာသုံးသပ်ပြောကြားပါသည်။ အီးယူနှင့် ထိုင်းနိုင်ငံအကြား ကုန်သွယ်မှုပမာဏသည် ၂၀၂၀ ခုနှစ်တွင် (၂၉.၃) ဘီလီယံမှ ၂၀၂၁ ခုနှစ်တွင် ယူရို (၃၅.၄)ဘီလီယံရှိခဲ့ပြီး အီးယူသည် ထိုင်းနိုင်ငံအတွက် ဂျပန်နိုင်ငံပြီးလျှင် ဒုတိယအကြီးဆုံး ရင်းနှီးမြှုပ်နှံသူလည်း ဖြစ်ပါသည်။

အီးယူနှင့် ထိုင်းနိုင်ငံအကြား PCA သဘောတူညီချက် အပြီးသတ်ဆောင်ရွက်ပြီးပါက FTA ဆွေးနွေးမှုများသို့ရောက်ရှိရန် နီးစပ်နေပြီး ထိုင်းနိုင်ငံ သည် အီးယူအတွက် အရှေ့တောင်အာရှဒေသနိုင်ငံများအနက် စင်္ကာပူနှင့် ဗီယက်နမ်နိုင်ငံပြီးလျှင် တတိယမြောက် FTA ရေးထိုးဆောင်ရွက်မည့် နိုင်ငံဖြစ်လာမည့် အလားအလာတွင် ရှိနေပါသည်။ စင်္ကာပူနှင့် ဗီယက်နမ်နိုင်ငံတို့သည် အီးယူနှင့် Investment Protection Agreement (IPA) ကို အတည်ပြုနိုင်ရန် ဆက်လက်ဆောင်ရွက်လျှက်ရှိပါသည်။ အီးယူသည် အခြားအာဆီယံနိုင်ငံများဖြစ်သည့် မလေးရှား၊ အင်ဒိုနီးရှား၊ဖိလစ်ပိုင်နိုင်ငံ များနှင့်လည်း ကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ ညှိနှိုင်းဆွေးနွေးမှုများပြုလုပ်ထားပြီး အချို့မှာ ဆက်လက်ညှိနှိုင်းနေဆဲဖြစ်ပါသည်။ မြန်မာနိုင်ငံ နှင့် Investment Protection Agreement (IPA) ကို ၂၀၁၄ ခုနှစ်မှ ၂၀၁၇ ခုနှစ်အတွင်း ညှိနှိုင်းဆွေးနွေးမှုများ ပြုလုပ်ခဲ့ပြီး ရပ်နားထားမှုရှိပါသည်။

ယခုနှစ် ဒီဇင်ဘာလတွင် အီးယူနှင့် အာဆီယံအကြား ဆက်ဆံရေး (၄၅) နှစ်ပြည့်မြောက်အဖြစ် နိုင်ငံခေါင်းဆောင်များတွေ့ဆုံမည့် ထိပ်သီးအစည်း အဝေးကို ပထမဦးဆုံးအကြိမ်အဖြစ် ဘရပ်ဆဲလ်မြို့တွင် ကျင်းပရန်အစီအစဉ်ရှိကြောင်း သိရှိရပါသည်။

 

(မြန်မာစီးပွားရေးသံမှူး၊ ဘာလင်မြို့)   
Source:https://www.dw.com/en/eu-and-thailand-cap-turbulent-decade-with-a-partnership-agreement/a-63019958

 

Category: Germany