Germany

ဥရောပဒေသနှင့် ဂျာမနီနိုင်ငံ၏ ကော်ဖီဈေးကွက်အခြေအနေ

Last Updated:

ကော်ဖီဈေးကွက်အတွင်း အမျိုးပေါင်း (၁၂၄) မျိုးခန့်ရှိသော်လည်း စီးပွားရေးဖြစ် ရောင်းဝယ်ကြသည့်အမျိုးအစားမှာ အနည်းငယ်သာရှိပြီး ယင်းတို့ အနက် အာရေဗီကာ (Arabica) ကော်ဖီနှင့် ရိုဘတ်စ်တာ (Robusta) ကော်ဖီတို့မှာ အဓိကဈေးကွက်ဝင်သည့် ကော်ဖီများဖြစ်ကြပါသည်။  အာရေဗီ ကာကော်ဖီမှာ ကုန်းမြင့်ဒေသတွင်စိုက်ပျိုးနိုင်သည့် အမျိုးအစားဖြစ်ကာ ကမ္ဘာ့ကော်ဖီထုတ်လုပ်မှု၏ ၇၅ ရာခိုင်နှုန်းရှိပါသည်။ ရိုဘတ်စ်တာကော်ဖီ ကို မြေနိမ့်ဒေသတွင်စိုက်ပျိုးနိုင်ပြီး ကမ္ဘာ့ကော်ဖီထုတ်လုပ်မှု၏ ၂၀ ရာခိုင်နှုန်းရှိပါသည်။ ကော်ဖီစေ့ (green coffee beans ) များအတွက် HS codes အနေနှင့် 090111 (coffee, not roasted, not decaffeinated) နှင့် 090112 (coffee, not roasted, decaffeinated) ကို အသုံးပြုကြပါ သည်။

ဥရောပဒေသသည် ကြီးမားသော ကော်ဖီဈေးကွက်ရှိပြီး ကော်ဖီထုတ်လုပ်သောနိုင်ငံများအတွက် အခွင့်အလမ်းကောင်းများရှိသည့် ဈေးကွက်ဖြစ် ပါသည်။ ကမ္ဘာ့ကော်ဖီသောက်သုံးမှု၏ သုံးပုံတစ်ပုံသည် ဥရောပဒေသမှဖြစ်ပါသည်။  ၂၀၂၀-၂၀၂၁ ခုနှစ်တွင် ဥရောပဒေသသည် တန်ချိန် ၃.၂၄၄ သန်းဖြင့် ကမ္ဘာ့ကော်ဖီသောက်သုံးမှု၏ ၃၃ ရာခိုင်နှုန်းရှိခဲ့ပြီး အာရှနှင့် သမုဒ္ဒရာပိုင်းဒေသက ၂၂ ရာခိုင်နှုန်း၊ လက်တင်အမေရိကဒေသက ၂၀ ရာခိုင်နှုန်းနှင့် မြောက်အမေရိကဒေသက ၁၉ ရာခိုင်နှုန်း အသီးသီး ဈေးကွက်ဝေစုများရရှိခဲ့ကြပါသည်။ ဥရောပဒေသတွင် အရည်အသွေးမြင့်မားပြီး ဈေးကွက်ဝင် အသိအမှတ်ပြုလက်မှတ်များ ရရှိထားသော ကော်ဖီများ (Arabica နှင့် Robusta) ကို အထူးတန်းဝင်ဈေးကွက် (specialty market) အဖြစ် လက်ခံသတ်မှတ်ကြပြီး စိတ်ဝင်စားမှုမြင့်မားလာသည့် ဈေးကွက်ဖြစ်ပါသည်။ အီးယူဒေသသည် လူတစ်ဦးချင်း ကော်ဖီသောက်သုံးမှု အများ ဆုံးတွင်လည်း ပါဝင်ထားပြီး ပျမ်းမျှအားဖြင့် တစ်နှစ်လျှင် ၅ ကီလိုဂရမ်အထက်တွင် ရှိပါသည်။ လူဇင်ဘတ်နိုင်ငံသည် လူတစ်ဦးတစ်နှစ် သောက် သုံးမှု ၁၁ ကီလိုဂရမ်အထက်နှင့် နယ်သာလန်နှင့် ဖင်လန်နိုင်ငံတို့တွင် ၈.၂ ကီလိုဂရမ်စီရှိကြပါသည်။ ဥရောပအနောက်ပိုင်းဒေသများတွင် ၂၀၁၀ ခုနှစ်မှ ၂၀၁၈ ခုနှစ်အတွင်း အရောင်းဆိုင်များတွင် speciality coffee ရောင်းချရမှုသည် ၁၄၀ ရာခိုင်နှုန်းအားဖြင့် တိုးတက်ခဲ့ပါသည်။

၂၀၁၆ ခုနှစ်မှ ၂၀၂၀ ခုနှစ်အထိ ကမ္ဘာ့ဒေသများအလိုက် ကော်ဖီသောက်သုံးမှုအခြေအနေကို အောက်ပါအတိုင်း လေ့လာနိုင်ပါသည်-

Global coffee consumption per region (in thousand tonnes)

ဥရောပဒေသသည် ကော်ဖီဈေးကွက်ကြီးမားမှုရှိသကဲ့သို့ ကော်ဖီတင်သွင်းမှုကို လေ့လာကြည့်လျှင်လည်း ၂၀၂၀ ခုနှစ်တွင် စုစုပေါင်း green coffee တန်ချိန် ၃.၆ သန်းကိုတင်သွင်းခဲ့ပြီး တန်ဖိုးအားဖြင့် ယူရို ၇.၉ ဘီလီယံရှိခဲ့ပါသည်။ ကော်ဖီထုတ်လုပ်သည့်နိုင်ငံများမှ တိုက်ရိုက်ဝယ်ယူမှုသည် ခန့်မှန်းခြေအားဖြင့် ၈၇ ရာခိုင်နှုန်းရှိကာ ၂၀၂၀ ခုနှစ်တွင် တန်ချိန် ၃.၁ သန်း တင်သွင်းခဲ့ပါသည်။ ဂျာမနီနိုင်ငံက စုစုပေါင်းတင်ပို့မှု၏ ၃၅ ရာခိုင်နှုန်း ရှိခဲ့ကာ၊ အီတလီနိုင်ငံ ၁၈ ရာခိုင်နှုန်း၊ ဘယ်လ်ဂျီယမ်နိုင်ငံ ၁၀ ရာခိုင်နှုန်း၊ စပိန် ၈.၄ ရာခိုင်နှုန်း နှင့် ဥရောပနိုင်ငံများအကြား ကုန်သွယ်မှုသည် ၁၃ ရာခိုင်နှုန်း ရှိခဲ့ပါသည်။

Main European importers of green coffee from producing countries (in thousand tonnes)

ဥရောပဒေသသို့ ၂၀၂၀ ခုနှစ်တွင် green coffee အဓိကတင်ပို့ခဲ့သည့် နိုင်ငံများကို အောက်ပါအတိုင်းတွေ့ရှိရပြီး ဘရာဇီးနိုင်ငံက အများဆုံးတင်ပို့ သူအဖြစ် ရပ်တည်နေပါသည်-

Main producing country suppliers of green coffee to Europe in 2020 (in %)

coffee-roasting လုပ်ငန်းတွင် ဥရောပဒေသသည် အခြေစိုက်လုပ်ကိုင်ရာ နေရာဒေသတစ်ခုဖြစ်သော်လည်း ဈေးကွက်အနေနှင့် ကုမ္ပဏီကြီးအချို့ ကသာ ဦးဆောင်လုပ်ကိုင်နေရာ ဥပမာအားဖြင့် Nestlé (Switzerland)၊ Melitta (Germany)၊ Starbucks (United States) တို့ဖြစ်ကြပြီး ကမ္ဘာ့ coffee-roasting လုပ်ငန်း၏ ၃၅ ရာခိုင်နှုန်းကို လုပ်ကိုင်နေကြပါသည်။ ဂျာမနီနိုင်ငံသည် ဥရောပဒေသတွင်အကြီးဆုံး roasting လုပ်ငန်းလုပ်ကိုင် သူဖြစ်ပြီး အီတလီ၊ စပိန်၊ နယ်သာလန်၊ ပြင်သစ်နှင့် ဆွီဒင်တို့လည်း လုပ်ကိုင်ကြပါသည်။ သို့ဖြစ်၍ ဥရောပဒေသသည် roasted and ground coffee အများဆုံးတင်ပို့သူဖြစ်ပြီး ၂၀၁၆ ခုနှစ်မှ ၂၀၂၀ ခုနှစ်အတွင်း တင်ပို့မှုသည် နှစ်စဉ် ၃.၇ ရာခိုင်နှုန်းတိုးတက်ခဲ့ပါသည်။ ၂၀၂၀ ခုနှစ်တွင် စုစုပေါင်းတင်ပို့မှု၏ ၈၄ ရာခိုင်နှုန်း (တန်ချိန် ၁သန်းခန့်) သည် ဥရောပဒေသမှဖြစ်ပြီး ဂျာမနီနိုင်ငံနှင့် အီတလီနိုင်ငံတို့က ဈေးကွက်ဝေစု ၂၃ ရာခိုင် နှုန်းစီဖြင့် အများဆုံးတင်ပို့နိုင်ကာ အခြားတင်ပို့သည့်နိုင်ငံများမှာ နယ်သာလန် (၉.၃ ရာခိုင်နှုန်း)၊ ဆွဒ်ဇာလန် (၈.၈ရာခိုင်နှုန်း)၊ ပိုလန် (၆.၁ ရာခိုင်နှုန်း) တို့ဖြစ်ကြပါသည်။

ဂျာမနီနိုင်ငံ

ဂျာမနီနိုင်ငံသည် ကော်ဖီစေ့အရည်အသွေးအမျိုးမျိုးကို နေရာဒေသများစွာမှ ဝယ်ယူတင်သွင်းပြီး ပြည်တွင်းတွင် ကော်ဖီစေ့လှော်ခြင်းဆောင်ရွက် သကဲ့သို့ အီးယူဒေသ၏ coffee trade hub အဖြစ် အခြားအီးယူအဖွဲ့ဝင်နိုင်ငံများသို့ ပြန်လည်တင်ပို့ခြင်းကို ပြုလုပ်ပါသည်။ ဟမ်းဘတ်နှင့် ဘရီမင် ဆိပ်ကမ်းသည် ကော်ဖီစေ့များ အဓိကတင်သွင်းသည့် ဆိပ်ကမ်းများဖြစ်ကြပါသည်။  ၂၀၁၉ ခုနှစ်တွင် green coffee တန်ချိန် ၁.၁ သန်းတင်သွင်း၍ တန်ဖိုးအားဖြင့် ယူရို ၂.၃ ဘီလီယံရှိပြီး ဥရောပဒေသတင်သွင်းမှု၏ ၃၅ ရာခိုင်နှုန်းရှိခဲ့ကာ ဘရာဇီးနိုင်ငံမှ အများဆုံးတင်သွင်းခဲ့ပါသည်။ အီးယူဒေသ တွင်း green coffee ပြန်လည်တင်ပို့မှု၏ ၃၆ ရာခိုင်နှုန်းသည် ဂျာမနီနိုင်ငံမှဖြစ်ပြီး ၂၀၁၉ ခုနှစ်တွင် တန်ချိန် (၃၆၅၀၀၀) နှင့် ၂၀၂၀ ခုနှစ်တွင် တန်ချိန် (၁၇၅၀၀၀) ပြန်လည်တင်ပို့မှုပြုခဲ့ပြီး ပိုလန်၊ ပြင်သစ်၊ ချက်ရီပတ်ဘလစ်နှင့် နယ်သာလန်နိုင်ငံတို့ ဖြစ်ကြပါသည်။ Roasted coffee တင်ပို့မှုတွင် ၂၀၁၉ ခုနှစ်၌ တန်ချိန် (၂၃၆၀၀၀) နှင့် ၂၀၂၀ ခုနှစ်၌ တန်ချိန် (၂၃၅၀၀၀) တင်ပို့ခဲ့ပြီး အီးယူဒေသတွင်း အီတလီနိုင်ငံပြီးလျှင် ဒုတိယ အများဆုံး တင်ပို့သည့်နိုင်ငံဖြစ်ပါသည်။ တစ်ဦးချင်း ကော်ဖီသောက်သုံးမှုတွင် အီးယူဒေသ၌ အများဆုံးမဟုတ်သော်လည်း ပျမ်းမျှတစ်နှစ်လျှင် ၆.၅ ကီလိုဂရမ်ရှိပါသည်။ အထူးတန်းဝင်နှင့် အရည်အသွေးမြင့်မားသော ကော်ဖီနှင့် အော်ဂဲနစ်ကော်ဖီဈေးကွက် အခွင့်အလမ်းများစွာရှိပြီး အီးယူဒေသ တွင် ယူနိုက်တက်ကင်းဒမ်းနိုင်ငံပြီးလျှင် ဒုတိယအကြီးဆုံး Branded coffee-shop ဈေးကွက်ဖြစ်ပါ သည်။

Total German coffee imports directly from producing countries (in thousand tonnes)

ဂျာမန်ကော်ဖီကုမ္ပဏီကြီးများမှာ ECOM၊ Kaffee Import Compagnie၊ Neumann Kaffee Gruppe စသည်တို့ဖြစ်ပါသည်။ ဂျာမန်စားသုံးသူများက အာရေဗီကာကော်ဖီကို ကြိုက်နှစ်သက်မှုရှိကြသည်။ ဂျာမန်စားသုံးသူများက sustainably certified coffee များကို သောက်သုံးလိုမှုများလည်း မြင့်မားလာပြီး ဂျာမနီနိုင်ငံသည် Fairtrade အသိအမှတ်ပြုလက်မှတ်ရ ကော်ဖီဈေးကွက်အကြီးဆုံးလည်း ဖြစ်လာပါသည်။ ဂျာမနီနိုင်ငံတွင် Fairtrade လက်မှတ်ရကော်ဖီများ၏ ၇၅ ရာခိုင်နှုန်းခန့်ကို အော်ဂဲနစ်ကော်ဖီအဖြစ်လည်း အသိအမှတ်ပြုပါသည်။ ကော်ဖီသောက်သုံးမှုသည် ကိုရိုနာဗိုင်းရပ်စ် ကပ်ရောဂါကာလအတွင်း သိသာစွာကျဆင်းခဲ့ပြီး ပုံမှန်ပြန်လည်ရောက်ရှိလာမည်ဟု မျှော်လင့်ထားရှိပါသည်။ ၂၀၂၁ ခုနှစ်အတွင်း ကော်ဖီဈေးကွက် ပြန်လည်စတင်လာနိုင်ခဲ့ပြီး တစ်ဦးချင်းသောက်သုံးမှုများလည်း ပြန်လည်မြင့်တက်လာရာ တစ်နှစ်သောက်သုံးမှု ကော်ဖီခွက် ပေါင်း (၅၀၀) သန်း ပတ်ဝန်းကျင်ရှိကြောင်း တွေ့ရှိရပါသည်။ German Coffee Association မှ Managing Director Mr. Holger Preibisch က ၂၀၂၁ ခုနှစ်အတွင်း ယခင်နှစ်ထက် ကော်ဖီသောက်သုံးမှု ပိုမိုများပြားလာကြောင်း၊ ကပ်ရောဂါကာလအတွင်း အိမ်ထောင်စုများတွင် ကော်ဖီဖျော် စက်များ ထားရှိသောက်သုံးကြခြင်းရှိလာကြောင်း၊ ရှေ့ဆက်၍ ကော်ဖီဈေးကွက်တိုးတက်လာရန် မျှော်လင့်ထားကြောင်း ပြောကြားပါသည်။

အီတလီနိုင်ငံ

အီတလီနိုင်ငံသည် ဥရောပတွင် ဒုတိယအကြီးဆုံးကော်ဖီစေ့တင်သွင်းသူဖြစ်ပြီး ၂၀၂၀ ခုနှစ်တွင် (၅၆၅၀၀၀) တန် တင်သွင်းခဲ့ပါသည်။ အဓိက တင်သွင်းသည့် ဆိပ်ကမ်းများမှာ Trieste နှင့် Genoa တို့ဖြစ်ပြီး ဘရာဇီး၊ ဗီယက်နမ်၊ ယူဂန္ဓာနိုင်ငံများမှ အဓိကတင်သွင်းပါသည်။ ယေဘူယျအား ဖြင့် Robusta အမျိုးအစားကိုတင်သွင်းပြီး Espresso ကော်ဖီအနေဖြင့် သောက်သုံးလေ့ရှိကြပါသည်။ coffee-roasting လုပ်ငန်းကို ကျယ်ပြန့်စွာ လုပ်ကိုင်ပြီး ဥရောပတစ်ခွင်နှင့် အမေရိကန်နိုင်ငံများသို့ တင်ပို့ပါသည်။ ၂၀၂၀ ခုနှစ်တွင် ဥရောပတွင် roasted coffee အများဆုံးတင်ပို့သည့်နိုင်ငံ ဖြစ်ပြီး ၂၃၆၀၀၀ တင်ပို့ခဲ့ပါသည်။ ကော်ဖီယဉ်ကျေးမှုထွန်းကားသည့် နိုင်ငံဖြစ်ပြီး လူတစ်ဦး တစ်နှစ်လျှင် ပျမ်းမျှ ၅.၉ ကီလိုဂရမ်သောက်သုံးပါသည်။ Specialty coffee ဈေးကွက်တိုးတက်မှု များစွာမရှိသေးဘဲ ကော်ဖီဘားများ တစ်သိန်းခွဲခန့်ရှိသော်လည်း Specialty coffee shop မှာ (၁၀၀) ခန့်သာ ရှိနေသေးပါသည်။ Specialty coffee ဈေးကွက် ထိုးဖောက်ရန် သင့်တော်သည့်အနေအထားတွင် ရှိနေပါသည်။

ဘယ်လ်ဂျီယံ

ဘယ်လ်ဂျီယံနိုင်ငံသည် ဥရောပတွင် တတိယအကြီးဆုံး ကော်ဖီစေ့တင်သွင်းသူဖြစ်ပြီး ၂၀၂၀ ခုနှစ်တွင် ဥရောပသို့ တင်သွင်းမှု၏ ၁၀ ရာခိုင်နှုန်းမှာ ဘယ်လ်ဂျီယံမှ ဖြစ်ပါသည်။ တင်သွင်းမှုများ၏ ၉၆ ရာခိုင်နှုန်းသည် ကော်ဖီထုတ်လုပ်သည့်နိုင်ငံများမှ တိုက်ရိုက်တင်သွင်းခြင်းဖြစ်ပြီး တန်ချိန် (၃၀၁၀၀၀) တင်သွင်းခဲ့ပါသည်။ ဘရာဇီး၊ ဗီယက်နမ်၊ ဟွန်ဒူးရပ်စ် နိုင်ငံများမှ အဓိကတင်သွင်းပါသည်။ တင်သွင်းမှု၏ ၇၇ ရာခိုင်နှုန်းကို ပြန်လည် တင်ပို့မှုပြုလုပ်ပြီး ဥရောပတွင် ကော်ဖီကုန်သွယ်မှုဗဟိုဌာနတစ်ခုအနေဖြင့်လည်း ဆောင်ရွက်ပါသည်။ ပြန်လည်တင်ပို့မှုများမှာ နယ်သာလန်၊ ဂျာမနီ၊ ပြင်သစ်၊စပိန်နိုင်ငံများသို့ ဖြစ်ပါသည်။ အဓိကဆိပ်ကမ်းမြို့များမှာ Antwerp နှင့် Zeebrugge တို့ဖြစ်ပါသည်။ အဆိုပါ ဆိပ်ကမ်းနှစ်ခု ပေါင်း စည်းဆောင်ရွက်မှုကို ၂၀၂၁ ခုနှစ်တွင် သဘောတူထားရှိရာပြီးစီးပါက Port of Antwerp-Bruges အမည်ဖြင့် ဥရောပတွင် ကော်ဖီတင်ပို့သူများ အတွက် အရေးပါသည့် ဆိပ်ကမ်းတစ်ခု ဖြစ်လာမည် ဖြစ်ပါသည်။

ဥရောပအရှေ့ပိုင်းနိုင်ငံများ

ဥရောပအရှေ့ပိုင်းနိုင်ငံများဖြစ်သည့် ပိုလန်၊ ရိုမေးနီးယား၊ ဘူဂေးရီးယား၊ ခရိုအေးရှား၊ ချက်၊ ဟန်ဂေရီ စသည့်နိုင်ငံများတွင် ဥရောပအနောက်ပိုင်း နိုင်ငံများနှင့် နှိုင်းယှဉ်လျှင် ကော်ဖီသောက်သုံးမှုနည်းပါးသော်လည်း တစ်ဖြည်းဖြည်းတိုးတက်မှုရှိလာနေပါသည်။ Specialty coffee သောက်သုံးမှု ကို ပိုမိုစိတ်ဝင်စားမှု ရှိလာကြပါသည်။ ၂၀၂၀ ခုနှစ်တွင် ဥရောပအရှေ့ပိုင်းနိုင်ငံများ၏ ကော်ဖီစေ့တင်သွင်းမှုသည် ဥရောပကော်ဖီတင်သွင်းမှု၏ ၆.၅ ရာခိုင်နှုန်းရှိခဲ့ပါသည်။ ပိုလန်နိုင်ငံက အရှေ့ပိုင်းနိုင်ငံများအနက် အများဆုံးတင်သွင်းသူဖြစ်ပြီး ၂၀၂၀ ခုနှစ်တွင် တန်ချိန် (၁၂၈၀၀၀) တင်သွင်းခဲ့ပါ သည်။ ပိုလန်နိုင်ငံတင်သွင်းမှု၏ ၆၅ ရာခိုင်နှုန်းသည် ကော်ဖီထုတ်လုပ်သည့်နိုင်ငံများမှ တိုက်ရိုက်ဝယ်ယူခြင်းဖြစ်ပြီး ဗီယက်နမ်၊ ဘရာဇီး၊ ယူဂန္ဓာ နိုင်ငံများမှ အဓိကတင်သွင်းပါသည်။ ၃၀ ရာခိုင်နှုန်းကျော်မှာ ဂျာမနီနိုင်ငံမှ တင်သွင်းခြင်းဖြစ်ပါသည်။ ဘူဂေးရီးယားနိုင်ငံက အရှေ့ပိုင်းနိုင်ငံများ အနက် ဒုတိယအများဆုံးတင်သွင်းသူဖြစ်ပြီး ၂၀၂၀ ခုနှစ်တွင် တန်ချိန် (၃၀၀၀၀) တင်သွင်းခဲ့ပြီး ဗီယက်နမ်၊ ဘရာဇီးနိုင်ငံတို့မှ ဖြစ်ပါသည်။

အခြားဥရောပနိုင်ငံဈေးကွက်များ

အခြားဥရောပနိုင်ငံများဖြစ်သည့် စပိန်၊ ဆွဒ်ဇာလန်၊ ပြင်သစ်နိုင်ငံတို့သည်လည်း ကော်ဖီဈေးကွက်အတွက် အလားအလာကောင်းသည့် နိုင်ငံများ ဖြစ်ကြပါသည်။ စပိန်နိုင်ငံသည် ၂၀၂၀ ခုနှစ်တွင် ဥရောပကော်ဖီတင်သွင်းမှု၏ ၈.၄ ရာခိုင်နှုန်းရှိခဲ့ကာ ဗီယက်နမ်နိုင်ငံမှ တင်သွင်းခဲ့ပါသည်။ ဆွဒ်ဇာလန်နိုင်ငံက ၅.၈ ရာခိုင်နှုန်းနှင့် ပြင်သစ်နိုင်ငံက ၅.၁ ရာခိုင်နှုန်းစီ တင်သွင်းမှုရှိခဲ့ပြီး ဘရာဇီးနိုင်ငံမှ ဖြစ်ပါသည်။

မြန်မာနိုင်ငံမှ အီးယူနှင့် ဂျာမနီနိုင်ငံသို့ ကော်ဖီတင်ပို့မှု

မြန်မာနိုင်ငံမှ အီးယူနှင့် ဂျာမနီနိုင်ငံသို့ ကော်ဖီတင်ပို့မှုများကို အီးယူဝက်ဘ်ဆိုက်သတင်းအချက်အလက်များအရ လေ့လာကြည့်လျှင် HS codes 090111 (coffee, not roasted, not decaffeinated) အတွက် ၂၀၁၇ ခုနှစ်မှ ၂၀၂၁ ခုနှစ်အထိ အောက်ပါအတိုင်း တွေ့ရှိရပါသည်-

Results for product code 0901.11 from Myanmar/Burma to Germany


Results for product code 0901.11 from Myanmar/Burma to EU27

သုံးသပ်တင်ပြချက်
ဥရောပဒေသ ကော်ဖီဈေးကွက်သည် green coffee တိုက်ရိုက်ထုတ်လုပ်သည့်နိုင်ငံများ၊ suppliers များထံမှ ဝယ်ယူတင်သွင်းသကဲ့သို့၊ green coffee beans ဖြန့်ဖြူးသူနှင့် specialty coffees ဈေးကွက် တိုးတက်ဆောင်ရွက်သူများအနေဖြင့်လည်း ပုံစံအမျိုးမျိုးဖြင့် ဆောင်ရွက်လုပ်ကိုင်နေပါ သည်။ အရည်အသွေးမီ အထူးတန်းဝင်နှင့် အသိအမှတ်ပြုလက်မှတ်ရထားသော ကော်ဖီများကို ကြိုက်နှစ်သက်မှုလည်း တိုးတက်လာနေပါသည်။ Fairtrade၊ Organic နှင့် Rainforest Alliane ကဲ့သို့သော အသိအမှတ်ပြုလက်မှတ်များမှာ အရေးပါလာပါသည်။ Fairtrade လက်မှတ်အတွက် ယူကေနိုင်ငံက ဦးဆောင်နေပြီး ဂျာမနီနိုင်ငံက ဒုတိယနေရာတွင် ရှိနေပါသည်။ အာရှဒေသတွင် ဗီယက်နမ်နိုင်ငံက ဥရောပဒေသသို့ ကော်ဖီ တင်သွင်းသူအဖြစ် အဓိကနေရာရယူထားပါသည်။ မြန်မာနိုင်ငံမှ ကော်ဖီထုတ်လုပ်တင်ပို့သူများအနေဖြင့် specialty coffees ထုတ်လုပ်မှုကို ဆက်လက်တိုးတက်ဆောင်ရွက်ပြီး ဈေးကွက်အသိအမှတ်ပြု လက်မှတ်များရယူခြင်း၊ ဂျာမနီနိုင်ငံရှိ Biofach ၊ Anuga ကဲ့သို့သော အစားအသောက် ဆိုင်ရာ ကုန်စည်ပြပွဲများတွင် ပါဝင်ပြသခြင်းဖြင့် ဥရောပဒေသသို့ မြန်မာ့ကော်ဖီတင်ပို့မှုကို တိုးမြှင့်ဆောင်ရွက်သင့်ပါကြောင်း သုံးသပ်တင်ပြအပ်ပါ သည်။


(မြန်မာစီးပွားရေးသံမှူး၊ ဘာလင်မြို့)
Source: https://www.cbi.eu/market-information/coffee/

www.kaffeeverband.de

https://trade.ec.europa.eu/access-to-markets/en/results?product=090111&origin=MM&destination=DE

 

 

Category: Germany