USA

ဥရောပနိုင်ငံများအနေနှင့် ရုရှားမှ LNG ဓာတ်ငွေ့များ တင်သွင်းနေရခြင်းကို အစားထိုးရန် အမေရိကန်နှင့် စာချူပ်ချုပ်ဆို

Last Updated:

ဥရောပနိုင်ငံများသည် ရုရှားနိုင်ငံမှ LNG ဓာတ်ငွေ့များ တင်သွင်းနေရခြင်းကို နောင်တွင် အမေရိကန်နိုင်ငံမှ LNG ဓာတ်ငွေ့များ အစားထိုးတင်သွင်းနိုင်ရန် စာချုပ်ချုပ်ဆိုခဲ့ကြောင်း ဥရောပသမဂ္ဂနှင့် အမေရိကန်နိုင်ငံတို့က ကြေညာခဲ့ပါသည်။ အဆိုပါစာချုပ် အရ အမေရိကန်နိုင်ငံမှ ဥရောပနိုင်ငံများသို့ ယခုနှစ်တွင် LNG ဓာတ်ငွေ့ ကုဗမီတာ ၁၅ ဘီလီယံ တင်ပို့သွားရမည်ဖြစ်ကြောင်း၊ အဆိုပါပမာဏသည် ယခင် စီစဉ်ထားသည့်ပမာဏထက် ပိုမိုသည်ဟု အိမ်ဖြူတော်က ထုတ်ပြန်ခဲ့ပါသည်။ ယမန်နှစ်က ရုရှားနိုင်ငံ မှ ဂျာမနီတစ်နိုင်ငံတည်းကိုပင် သဘာဝဓာတ်ငွေ့ ကုဗမီတာ ၅၉ ဘီလီယံကျော် တင်ပို့ခဲ့ကြောင်း  သိရပါသည်။

လွန်ခဲ့သည့် နှစ်လအတွင်း အမေရိကန်နိုင်ငံမှ LNG ဓာတ်ငွေ့တင်ပို့မှု သိသိသာသာ တိုးတက်ခဲ့ကြောင်း၊ ယင်းအနက် ၇၀ ရာခိုင် နှုန်းသည် ဥရောပနိုင်ငံများသို့ တင်ပို့ခဲ့ခြင်းဖြစ်ပြီး ယခင်က ၃၀ ရာခိုင်နှုန်း တင်ပို့ခဲ့ခြင်းထက် ပမာဏများစွာ ပိုမိုတင်ပို့ခဲ့ခြင်းဖြစ် ကြောင်း သိရပါသည်။

ဒုတိယကမ္ဘာစစ်နောက်ပိုင်း ဥရောပ၏ စွမ်းအင်ဖြန့်ဖြူးမှုအစီအစဉ်က ၎င်း၏စွမ်းအင်သုံးစွဲမှုကို အကြီးမားဆုံး ပြောင်းလဲသွားနိုင် သည်ဟု Evercore ISI သုသေသနအဖွဲ့က မကြာခင်အချိန်က ထုတ်ပြန်ခဲ့ကြောင်း သိရပါသည်။ အမေရိကန်နိုင်ငံသည် LNG ဓာတ်ငွေ့များကို ဥရောပနိုင်ငံများ လိုအပ်သည့်ပမာဏထိ မထုတ်လုပ်နိုင်ဟု အချို့သောသုတေသီများက ပြောကြားခဲ့ကြောင်း၊ ဥရောပ၏ ဓာတ်ငွေ့ဝယ်လိုအားကို ပြည့်မီအောင်တင်ပို့နိုင်ရန် အခြားဝယ်လက်များမှ ပြန်လည်ဝယ်ယူတင်သွင်းသွားရန်လို ကြောင်း၊ အမေရိကန်နိုင်ငံ၏ LNG ဓာတ်ငွေ့များအား ယခင်ကပင် ရောင်းချစာချုပ်ချုပ်ဆိုခဲ့ပြီးဖြစ်သည့်အတွက် ဥရောပမှ ဝယ်လို သူများအနေနှင့် ဈေးပိုပေးပြီး ဝယ်ယူတင်သွင်းရမည်ဖြစ်ကြောင်း သိရပါသည်။

 

(မြန်မာစီးပွားရေးသံမှူး၊ ဝါရှင်တန်ဒီစီ)

Source: https://oilprice.com/Energy/Natural-Gas/EU-Inks-LNG-Deal-With-US-To-Replace-Russian-Gas.html

 

Category: USA