China(Nanning)

ဧပြီလ (၁၈) ရက်နေ့တွင် ဗီယက်နမ်ဆန်ဈေးကွက် တည်ငြိမ်နေ

Last Updated:

ဧပြီလ (၁၈) ရက်နေ့တွင် ဗီယက်နမ်ဆန်ဈေးကွက်၌ NL IR 504 ဆန်အမျိုးအစားမှာ တစ်ကီလိုဂရမ်လျှင် ဗီယက်နမ်ဒေါင် (၇၉၀၀) မှ (၈၀၀၀) ကြား၊ TP IR 504 ဆန်အမျိုးအစားမှာ တစ်ကီလိုဂရမ်လျှင် ဗီယက်နမ်ဒေါင် (၈၀၀၀) မှ (၈၁၀၀) ကြား ဈေးနှုန်းအသီးသီးဖြစ်ပေါ်ခဲ့ပါသည်။ ငွေလဲနှုန်းမှာ အမေရိကန်ဒေါ်လာ (၁) ဒေါ်လာလျှင် ဗီယက်နမ် ဒေါင် (၂၃၀၀၀) ခန့် ဖြစ်ပါသည်။

Can Tho တွင် စပယ်ဆန်မွှေးမှာ တစ်ကီလိုဂရမ်လျှင် ဗီယက်နမ်ဒေါင် (၇၁၀၀)၊ OM 4218 ဆန်အမျိုးအစား တစ်ကီလိုဂရမ်လျှင် ဗီယက်နမ်ဒေါင် (၆၆၀၀) နှင့် IR 50404 ဆန်အမျိုးအစားမှာ တစ်ကီလိုဂရမ်လျှင် ဗီယက်နမ်ဒေါင် (၆၄၀၀) ရှိကာ ဈေးနှုန်းများ ဆက်လက်တည်ငြိမ်နေပါသည်။ Soc Trang တွင် ST 24 ဆန်အမျိုးအစားမှာ ဆန်အမျိုးအစားမှာ တစ်ကီလိုဂရမ်လျှင် ဗီယက်နမ်ဒေါင် (၈၀၀၀)၊ OM 4900 ဆန်အမျိုးအစားမှာ တစ်ကီလို ဂရမ်လျှင် ဗီယက်နမ်ဒေါင် (၈၅၀၀)၊ RVT ဆန်အမျိုးအစားမှာ တစ်ကီလိုဂရမ်လျှင် ဗီယက်နမ်ဒေါင် (၈၂၀၀) ဖြစ်ပါသည်။

လက်ရှိအချိန်မှာ မဲခေါင်မြစ်ဝှမ်းတစ်လျှောက်ရှိ ဒေသများ၌ ဆောင်းရာသီ- နွေဦးရာသီ စပါးရိတ်သိမ်းမှုများ ပြီးစီးသွားပြီဖြစ်ပါသည်။ Kien Giang ပြည်နယ်တွင် အရည်အသွေးမြင့်ဆန် ထုတ်လုပ်မှုမှာ စုစုပေါင်း စိုက်ပျိုးသည့် ဧရိယာ၏ (၉၈.၅) ရာခိုင်နှုန်းခန့် ရှိပါသည်။ ၎င်းဒေသတွင် စပါးစိုက်ပျိုး သည့် ဟက်တာပေါင်း (၅၂၂၇၇) ဟက်တာရှိကာ ပျမ်းမျှအထွက်နှုန်းမှာ တစ်ဟက်တာလျှင် (၇.၄) တန်ဖြစ်ပါသည်။ ၎င်းပြည်နယ်၏ ဆန်စပါးထွက်ရှိ မှုမှာ တန်ချိန် (၂) သန်းကျော် ရှိပါသည်။ Kien Giang ပြည်နယ်၏ နွေရာသီ- ဆောင်းဦးဆန်စပါးစိုက်ပျိုးရာသီတွင် ဟက်တာပေါင်း (၂၈၁၀၀၀) ကို စိုက်ပျိုးသွားရန် စီစဉ်ထားပြီး ယခုအချိန်အထိ ဟက်တာပေါင်း (၇၁၀၀၀) ကို စိုက်ပျိုးထားပြီးဖြစ်ပါသည်။

အိန္ဒိယမှ (၅% အကျိုးအကြေပါဝင်သည့်) ပေါင်းဆန်တစ်တန်ဈေးနှုန်းမှာ အမေရိကန်ဒေါ်လာ (၃၆၄) ဒေါ်လာမှ (၃၆၈) ဒေါ်လာ ဈေးပေါက်ပြီး ၎င်း ရက်သတ္တပတ်အတွင်း (၃၆၅) - (၃၆၉) ဒေါ်လာမှ ဈေးကျလာခြင်းဖြစ်ပါသည်။

တစ်နှစ်လျှင် ဆန်တန်ချိန် (၃၅) သန်းခန့် ထုတ်လုပ်သည့် ကမ္ဘာပေါ်တွင် တတိယမြောက် ဆန်အများဆုံးထုတ်လုပ်သော ဘင်္ဂလားဒေ့ရှ်နိုင်ငံမှလည်း ယခုနှစ်နွေရာသီတွင် ဆန်တန်ချိန် သန်း (၂၀) ထုတ်လုပ်မည်ဟု ခန့်မှန်းထားပါသည်။

ဧပြီလ စတုတ္ထမြောက် ရက်သတ္တပတ်အတွင်း ဗီယက်နမ် (၅%) ဆန်အမျိုးအစား၏ ဈေးနှုန်းမှာ တစ်တန်ဈေးနှုန်းမှာ အမေရိကန်ဒေါ်လာ (၄၂၀) မှ (၄၂၅) ကြားရှိခဲ့ကာ ယခင်ရက်သတ္တပတ်အတွင်း ဖြစ်ပေါ်ခဲ့သော ဈေးနှုန်းတစ်တန်လျှင် အမေရိကန်ဒေါ်လာ (၄၀၀) မှ (၄၁၅) ထက် မြင့်တက်လာပါ သည်။

ထိုင်း (၅%) ဆန်အမျိုးအစားမှာမူ တစ်တန်လျှင် အမေရိကန်ဒေါ်လာ (၄၀၈) မှ (၄၁၂) ကြားရှိပြီး သင်္ကြန်ပွဲတော်ပိတ်ရက်မတိုင်မီ ဈေးနှုန်းအတိုင်း ရှိနေဆဲဖြစ်ပါသည်။

(မြန်မာစီးပွားရေးသံမှူး၊ နန်နင်းမြို့)

ရင်းမြစ်၊ vinanet.vn (၁၈ ၄ ၂၀၂၂)

Category: China(Nanning)