China(Nanning)

ဧပြီလ ၂၈ ရက်နေ့တွင် တရုတ်ပြည်တွင်းဈေးကွက်၌ ယူရီးယားဈေးနှုန်း မြင့်တက်ခဲ့

Last Updated:

ဧပြီလ ၂၈ ရက်နေ့တွင် တရုတ်ပြည်တွင်း၌ ဖြစ်ပေါ်ခဲ့သည့် ယူရီးယားဓာတ်မြေဩဇာ စက်ရုံဈေးနှုန်းများမှာ အောက်ဖော်ပြပါအတိုင်း ဖြစ်ပါသည်-

ထုတ်လုပ်သူ                         ဧပြီလ (၂၇) ရက်                             ဧပြီလ (၂၈)ရက်                                အပြောင်းအလဲ
Shangdong Ruixing             3000RMB/ton                               3020RMB/ton                                  +20RMB/ton
Yangmei Pingyuan              2970RMB/ton                               3000RMB/ton                                  +30RMB/ton
Xiangcheng Sanan              3150RMB/ton                               3150RMB/ton                                    N/A
Hualu Hengsheng               3000RMB/ton                               3020RMB/ton                                   +20RMB/ton

ဤကဲ့သို့ ဈေးနှုန်းမြင့်တက်လာခြင်းမှာ ကျောက်မီးသွေးနှင့် သဘာဝဓာတ်ငွေ့ရည် ကုန်ချောထုတ်လုပ်သည့်ဘက်မှ ဈေးနှုန်းများကို အမြင့်ပိုင်း၌ ပြင် ဆင်လိုက်သောကြောင့် ဖြစ်ပါသည်။ လက်ရှိအချိန်တွင် ယူရီးယားတင်ပို့ရောင်းချသည့် အချို့နေရာများကို ပိတ်ပင်ထားသောကြောင့် ကုန်တင်ခများစွာ မြင့်တက်နေပါသည်။ ကွန်ပေါင်းဓာတ်မြေဩဇာစက်ရုံ လည်ပတ်သည့်နှုန်း တိုးတက်နေပြီး ယူရီးယားဝယ်ယူလိုမှုများလည်း မြင့်မားနေပါသည်။ ရောင်းလိုအားဘက်တွင် နေ့စဉ်ယူရီးယားထုတ်လုပ်မှုမှာ တန်ချိန် (၁၆၀၀၀၀) ကျော်ရှိပါသည်။ အားလုံးခြုံငုံကြည့်ရလျှင် ကုန်ချောထုတ်လုပ်မှုများ ပုံမှန်ဖြစ်နေကာ ရောင်းလိုအားမြင့်မားနေပြီး သယ်ယူပို့ဆောင်ရေးမှာ အကန့်အသတ်ဖြစ်နေသောကြောင့် အနာဂတ်တွင် ယူရီးယားဈေးနှုန်းမှာ ဘောင်အနည်းအကျဉ်း၌ အတက်အကျဖြစ်ဖွယ်ရှိပါသည်။

 

(မြန်မာစီးပွားရေးသံမှူး၊ နန်နင်းမြို့)

Source: SunSirs (28-4-2022)

 

Category: China(Nanning)