Singapore

၂၀၂၀ ခုနှစ်၊ ပထမ (၆) လအတွင်း စင်ကာပူနိုင်ငံသား ၅,၂၈၀ အလုပ်အကိုင်ဆုံးရှုံးခဲ့

Last Updated:

၂၀၂၀ ခုနှစ်၊ ဇန်နဝါရီလမှ ဇွန်လအထိ စင်ကာပူနိုင်ငံသား ၅,၂၈၀ သည် လုပ်ငန်းများ၏ လုပ်သားလျှော့ချမှုအခြေအနေနှင့် ရင်ဆိုင်ခဲ့ရကြောင်းနှင့် ထိုကာလအတွင်းနိုင်ငံသား ၁၁,၀၀၀ ခန့်နှင့် နိုင်ငံသားမဟုတ်သူ ၃၃,၀၀၀ ခန့် တို့သည်လည်း လစာမဲ့ခွင့်ယူကြရကြောင်း ၄- ၉ - ၂၀၂၀ ရက်နေ့ တွင် လူ့စွမ်းအားဝန်ကြီးဌာနဝန်ကြီး Josephine Teo က ပါလီမန်၌ ဆွေးနွေးပြောကြားချက်အရသိရှိရပါသည်။

၂၀၂၀ ခုနှစ်၊ ဧပြီလ ၆ ရက်နေ့မှစ၍ ဝန်ထမ်းဦးရေ ၁၀ ဦးထက်ကျော်လွန်ခန့်အပ်ထားသော စီးပွားရေးလုပ်ငန်းများအနေဖြင့် ပြည်တွင်း/ ပြည်ပ လုပ်သားများ၏ လစာငွေအပေါ် ၂၅ ရာခိုင်နှုန်းထက်ပိုမို၍ ထိခိုက်မှုဖြစ်ပေါ်မည့် အလုပ်ချိန်လျှော့ချခြင်း၊ လစာမဲ့ခွင့်ပေးခြင်းစသည့် ကုန်ကျစရိတ်လျှော့ချသောအစီအမံများကို အကောင်အထည်ဖော်ဆောင်ရွက်မည်ဆိုပါက တစ်ပတ်အတွင်း လူ့စွမ်းအားဝန်ကြီးဌာနသို့ အသိပေးအကြောင်းကြားတင်ပြ ရကြောင်း၊ ဇွန်လတွင် စင်ကာပူနိုင်ငံသားနှင့် အမြဲတမ်းနေထိုင်ခွင့်ရသူ PR တို့၏ အလုပ်လက်မဲ့ဦးရေသည် ၉၀,၅၀၀ ခန့်ရှိမည်ဟု ခန့်မှန်း ထားကြောင်း၊ အဆိုပါစာရင်းသည် ၂၀၁၉ ခုနှစ်၊ ဒီဇင်ဘာလတွင် ဖြစ်ပေါ်ခဲ့သော အလုပ် လက်မဲ့ဦးရေထက် ၁၆,၆၀၀ ဦးရေ ထပ်တိုးလာခြင်း ဖြစ်ကြောင်း၊ ဝန်ကြီးဌာနအနေဖြင့် အလုပ်အကိုင်ရှာဖွေနေသူ ၂၅,၀၀၀ ကျော်အတွက် အလုပ်အကိုင်ရရှိစေရန်၊ သင်တန်းအခွင့်အလမ်းနှင့် အလုပ်သင်အခွင့်အလမ်းများ ရရှိစေရန် ကူညီပေးခဲ့ကြောင်း၊ အစိုးရအနေဖြင့် လုပ်သားဦးရေ ၉၅,၀၀၀ အတွက် အလုပ်အကိုင်၊ အလုပ်သင်နှင့် သင်တန်းအခွင့်အလမ်းများ ဖန်တီးပေးနိုင်ရန် ဆောင်ရွက်လျက်ရှိကြောင်း ပြောကြားခဲ့ပါသည်။

 

(မြန်မာစီးပွားရေးသံမှူး၊ စင်ကာပူနိုင်ငံ)

သတင်းရင်းမြစ် ။    ။ The Straits Times

Category: Singapore