Belgium

၂၀၂၀ တွင် ဘယ်လ်ဂျီယံနိုင်ငံ၏ ပို့ကုန်တင်ပို့မှု ယူရို (၉၂) ဘီလီယံ လျော့ကျနိုင်ခြင်း

Last Updated:

၂၀၁၉ ခုနှစ်နှင့် နှိုင်းယှဉ်ပါက ဘယ်လ်ဂျီယံနိုင်ငံ၏ ကုန်စည်နှင့်ဝန်ဆောင်မှုများ တင်ပို့မှုသည် ယူရို (၉၂) ဘီလီယံခန့်ပမာဏအထိ ကျဆင်းနိုင်သည်ဟု ချေးငွေအာမခံလုပ်ငန်းတစ်ခုဖြစ်သည့် Euler Hermes ၏ စစ်တမ်းအရ သိရှိရကြောင်း၊ ဘယ်လ်ဂျီယံနိုင်ငံ သည် ပို့ကုန်ကျဆင်းရန် အလားအလာရှိသည့်နိုင်ငံများတွင် အဆင့် (၁၂) နေရာ၌ ရပ်တည်နေကြောင်း၊ ပြည်ပကုန်သွယ်မှုအများဆုံးကျဆင်းရန် အလားအလာရှိသည့်နိုင်ငံများမှာ တရုတ်နိုင်ငံ၊ အမေရိကန်ပြည်ထောင်စု၊ ဂျာမနီ၊ ဗြိတိန်၊ ရုရှား၊ ဂျပန်နှင့် နယ်သာလန်နိုင်ငံများဖြစ်ကြကြောင်း သိရှိရပါသည်။

ကမ္ဘာတစ်ဝှမ်းလုံးအတိုင်းအတာဖြင့် ကုန်စည်တင်ပို့မှုတွင် ထိခိုက်မှုအရှိဆုံးကုန်စည်ကဏ္ဍများမှာစွမ်းအင်ကဏ္ဍ (ယူရို ၆၆၇.၆ ဘီလီယံ)၊ သတ္တုကဏ္ဍ (ယူရို ၃၈၂.၅ ဘီလီယံ)၊ မော်တော်ယာဉ် (ယူရို ၂၄၅.၉ ဘီလီယံ) တို့ဖြစ်ကြပြီး၊  Software & IT ကဏ္ဍ (ယူရို +၄၆.၄ ဘီလီယံ)နှင့် ဆေးဝါးကဏ္ဍ (ယူရို+၂၄.၆ ဘီလီယံ) တို့မှာ ပို့ကုန်တိုးတက်လာမည်ဟု Euler Hermes က ခန့်မှန်းထားကြောင်း၊ ပြီးခဲ့သည့်မေလအစောပိုင်းတွင် ဘယ်လ်ဂျီယံနိုင်ငံ၏ ကုန်စည်နှင့်ဝန်ဆောင်မှုများတင်ပို့မှုသည် ၂၀၂၀ ပြည့်နှစ်တွင် (၁၀.၆) ရာခိုင်နှုန်းဖြင့် ကျဆင်းမည်ဟု ဥရောပကော်မရှင်ကပြောကြားထားကြောင်း၊ သွင်းကုန်တင်သွင်းမှုသည်လည်း အလားတူလျော့ကျမည်ဟု ခန့်မှန်းထားသဖြင့် ကုန်သွယ်မှုမျှခြေရရှိနိုင်မည်ဟုမျှော်လင့်ထားကြောင်းသိရှိရပါသည်။

 

(မြန်မာစီးပွားရေးသံမှူး၊ ဘယ်လ်ဂျီယံနိုင်ငံ)

ရင်းမြစ် - (ဘရပ်ဆဲလ်တိုင်းမ်)

Category: Belgium