Japan

၂၀၂၀ ပြည့်နှစ်တွင် ကမ္ဘာ့ကုန်သွယ်ရေး ၉.၂ % ခန့် ကျဆင်းနိုင်မည်ဖြစ်ကြောင်း WTO ခန့်မှန်းခဲ့

Last Updated:

ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့ (WTO) က ကိုရိုနာဗိုင်းရပ်စ် ကပ်ရောဂါ၏ ဂယက်ရိုက်မှုကြောင့် ယခု ၂၀၂၀ ပြည့်နှစ်အတွင်း ကမ္ဘာတစ်ဝန်းလုံး၏ ကုန်စည်ကူးသန်းရောင်းဝယ်မှု သည်၂၀၁၉ ခုနှစ်ကထက် ၉.၂ %  ခန့် လျော့နည်း နိုင်မည်ဖြစ်ကြောင်း ခန့်မှန်းထားပါသည်။

မြောက်အမေရိကဒေသတွင် ပို့ကုန်ပမာဏ ၁၄.၇ % ခန့် ကျဆင်းနိုင်မည်ဖြစ်ကြောင်း၊ အာရှဒေသတွင်  ၄.၅ %  နှင့် ဥရောပဒေသတွင် ၁၁.၇ % ခန့် ကျဆင်းနိုင်ပါကြောင်း ခန့်မှန်း ထားပါသည်။အဆိုပါ ခန့်မှန်းချက်များကို WTO က အောက်တိုဘာလဆန်းက ထုတ်ပြန်ခဲ့ခြင်းဖြစ်ပြီး လတ်တလော ပြန်လည်ရှင်သန်လာသည့် စီးပွားရေးလှုပ်ရှားမှုများကို အခြေခံ ကာ တွက်ချက်ခန့်မှန်းထားခြင်းဖြစ်ပါသည်။

ကမ္ဘာတစ်လွှား COVID-19 ဖြစ်ပွားမှုများ ဆက်လက်တိုးတက်နေပြီး စီးပွားရေးလုပ်ငန်းဆောင်ရွက်မှုများအပေါ် ပိုမိုဝန်ပိလာပါက ယခု ခန့်မှန်းချက်ထက် ကျဆင်းမှုနှုန်း ပိုမိုမြင့်တက်လာနိုင် ကြောင်း WTO ကဆိုပါသည်။ ၂၀၂၁ ခုနှစ်တွင် ကမ္ဘာ့ကုန်သွယ်ရေး သည် ၇.၂ % တိုးပွားလာနိုင်မည် ဟု WTO က ခန့်မှန်းနေပြီး အဆိုပါရာခိုင်နှုန်းသည် ကပ်ရောဂါမတိုင်မီကာလက အနေအထားထက် လျော့နည်းနေသေး ကြောင်းဆိုပါသည်။

 

(မြန်မာစီးပွားရေးသံမှူး၊ ဂျပန်နိုင်ငံ)

 

 

Category: Japan