ကိုရီးယားသမ္မတနိုင်ငံ၊ အလုပ်သမား၊ စီးပွားရေးနယ်ပယ်နှင့်အစိုးရပိုင်းတို့မှ ကိုယ်စားလှယ် (၉)ဦးအပါအဝင် စုစုပေါင်း ကိုယ်စားလှယ်(၂၇)ဦး ပါဝင်သော အနိမ့်ဆုံးအခြေခံလစာသတ်မှတ်ရေးကော်မရှင် (Minimum Wages Commission) အနေဖြင့် ၂၀၂၁ ခုနှစ်အတွက် အနိမ့်ဆုံးအခြေခံလုပ်ခလစာနှုန်း သတ်မှတ်ရေးအစည်းအဝေးအား ၂၀၂၀ ပြည့်နှစ်၊ ဇွန်လ(၁၁)ရက်နေ့တွင် စတင်ကျင်းပလျက် ရှိပြီး၊ လက်ရှိ Coronavirus ကြောင့် ကိုရီးယားသမ္မတနိုင်ငံ၏ စီးပွားရေးအခြေအနေအပေါ် ရိုက်ခတ်မှုအနေ အထားများအရ စီးပွားရေးလုပ်ငန်းရှင်များနှင့် အလုပ်သမားကိုယ်စားလှယ်များသည် လုပ်ခလစာ တိုးမြှင့်သတ်မှတ်ရေးအပေါ် မတူညီကွဲပြားသောအမြင်များဖြင့် ရှုထောင့်အသီးသီးမှ ဆွေးနွေးတင်ပြလျက်ရှိကြပြီး၊ ၂၀၂၀ ပြည့်နှစ်၊ သြဂုတ်လ(၅)ရက်နေ့တွင် ၂၀၂၁ ခုနှစ်အတွက် တစ်နာရီတွင်ရရှိမည့် အနိမ့်ဆုံးအခြေခံလစာနှုန်းထားကို တရားဝင်ထုတ်ပြန်ကြေညာသွားမည် ဖြစ်ကြောင်းသိရှိရပါသည်။
(မြန်မာစီးပွားရေးသံမှူး၊ ဆိုးလ်မြို့)