Brazil

၂၀၂၁-၂၀၂၂ ခုနှစ်ကာလတွင် ဘရာဇီးလ်နိုင်ငံမှ ပဲပုတ်စေ့တန်ချိန် ၁၃၉ သန်း စိုက်ပျိုးထွက်ရှိရန် ခန့်မှန်း

Last Updated:

၂၀၂၁-၂၀၂၂ ခုနှစ်ကာလတွင် ဘရာဇီးလ်နိုင်ငံ၏ ပဲပုတ်စေ့စိုက်ပျိုးထုတ်လုပ်မှုမှ တန်ချိန် ၁၃၉ သန်းထွက်ရှိနိုင်ပြီး ပြည်ပတင်ပို့မှု သည် တန်ချိန် ၉၄ သန်းအထိ ရောက်ရှိနိုင်သဖြင့် ပဲပုတ်စေ့ ပြည်တွင်းလက်ကျန်သည် တန်ချိန် ၂၃.၅၅ သန်း ကျန်ရှိနိုင်ကြောင်း အမေရိကန်စိုက်ပျိုးရေးဌာန၏ ဇန်နဝါရီလ ၁၂ ရက်နေ့သတင်းတွင် ဖော်ပြထားသည်။

ထို့အပြင် အာဂျင်တီးနားနိုင်ငံ၏ ၂၀၂၁-၂၀၂၂ ခုနှစ်ကာလ ပဲပုတ်စေ့စိုက်ပျိုးထုတ်လုပ်မှုသည် ယခင်နှစ်ကထွက်ရှိသည့် ပမာဏ အောက်သို့ လျှော့ကျနိုင်ပြီး ပဲပတ်စေ့တန်ချိန် ၄၆.၅ သန်းဝန်းကျင်သာ ထွက်ရှိနိုင်ကြောင်း၊ ယခင်နှစ်တွင် ပဲပုတ်စေ့တန်ချိန် ၄၉.၅ သန်း စိုက်ပျိုးထွက်ရှိခဲ့ကြောင်း၊ ၂၀၂၁-၂၀၂၂ ခုနှစ်ကာလအတွင်း ပဲပုတ်စေ့တင်ပို့မှုသည် တန်ချိန် ၄.၈၅ သန်း ရှိနိုင်ရန်ခန့်မှန်းထား ပြီး လက်ကျန်တန်ချိန် ၂၂.၃၁ သန်း ကျန်ရှိနိုင်ကြောင်း သတင်းတွင်ဖော်ပြထားသည်။

ပါရာဂွေးနိုင်ငံ၏ ၂၀၂၁-၂၀၂၂ ခုနှစ်ကာလ ပဲပုတ်စေ့စိုက်ပျိုးထုတ်လုပ်မှုတွင် တန်ချိန် ၈.၅ သန်း ထွက်ရှိနိုင်ရန်ခန့်မှန်းထားပြီး ပြည်ပတင်ပို့မှုသည် တန်ချိန် ၅.၂၅ သန်းရှိနိုင်ကြောင်း၊ ထို့ကြောင့် ပြည်တွင်းတွင် ပဲပုတ်စေ့တန်ချိန် ၁၇၀,၀၀၀ လက်ကျန် ကျန်ရှိနိုင် ကြောင်း USDA က ခန့်မှန်းထား သည်။

၂၀၂၁-၂၀၂၂ ခုနှစ်သီးနှံကာလအတွင်း တရုတ်နိုင်ငံ၏ စိုက်ပျိုးထုတ်လုပ်မှုမှ ပဲပုတ်စေ့တန်ချိန် ၁၆.၄ သန်းထွက်ရှိရန် ခန့်မှန်းထားပြီး ပြည်ပမှ ပဲပုတ်စေ့တန်ချိန် သန်း ၁၀၀ အထိ တင်သွင်းရနိုင်ကြောင်း၊ ပဲပုတ်စေ့အဓိကစိုက်ပျိုးထုတ်လုပ်သည့် တောင်အမေရိကနိုင်ငံ များတွင် သီးနှံရိတ်သိမ်းချိန်၌ ပဲပုတ်စေ့အထွက်နှုန်းများ လျှော့ကျခဲ့သဖြင့် ယခင်နှစ် ဒီဇင်ဘာလအတွင်းက ခန့်မှန်းခဲ့သည့် တန်ချိန် ၃၈၁.၇၂ သန်းအောက်လျှော့ကျနိုင်ပြီး တန်ချိန် ၃၇၂.၅၆ သန်းဝန်းကျင်သာ ထွက်ရှိနိုင်ကြောင်း၊ ပြည်တွင်းလက်ကျန်အနေဖြင့် တန်ချိန် ၉၅.၂ သန်း ကျန်ရှိနိုင်ကြောင်း သတင်းတွင် ဖော်ပြ ထားသည်။

ပဲပုတ်စေ့ဒုတိယအများဆုံး စိုက်ပျိုထုတ်လုပ်သည့် အမေရိကန်နိုင်ငံတွင် ၂၀၂၁-၂၀၂၂ ခုနှစ် သီးနှံကာလအတွင်း ပဲပုတ်စေ့ထွက်ရှိမှု အနည်းငယ်တိုးတက်ခဲ့သဖြင့် တန်ချိန် ၁၂၀.၄၅ သန်း ထွက်ရှိရန်ခန့်မှန်းခဲ့ရာမှ တန်ချိန် ၁၂၀.၇၀ သန်းအထိ တိုးတက်ထွက်ရှိခဲ့ ကြောင်း၊ ပြည်ပတင်ပို့မှုသည် တန်ချိန် ၅၅.၇၉ သန်း ရှိနိုင်ရန်ခန့်မှန်းထားသဖြင့် ပြည်တွင်းတွင် ပဲပုတ်စေ့တန်ချိန် ၉.၅၃ သန်း ကျန်ရှိ နိုင်ကြောင်း သတင်းတွင် ဖော်ပြထားသည်။

 

(မြန်မာစီးပွားရေးသံမှူး၊ ဘရာဇီးလျားမြို့)

သတင်းရင်းမြစ် - noticiasagricolas.com.br

Category: Brazil