China (Kunming)

၂၀၂၂ ခုနှစ် တရုတ်နိုင်ငံအပြည်ပြည်ဆိုင်ရာခရီးသွားဈေးပွဲ China International Travel Mart (CITM- 2022)

Last Updated:

တရုတ်နိုင်ငံ၊ ယူနန်ပြည်နယ် ကူမင်းမြို့တွင် ၂၂-၇-၂၀၂၂ မှ ၂၄-၇-၂၀၂၂ အထိ ၂၃ နှစ်မြောက် တရုတ်နိုင်ငံ အပြည်ပြည်ဆိုင်ရာခရီးသွားဈေးပွဲ  China International Travel Mart (CITM) ကို တရုတ်နိုင်ငံ၊ ယဉ်ကျေးမှုနှင့် ခရီးသွားလာရေးဝန်ကြီးဌာန၊ တရုတ်နိုင်ငံ၊ လေကြောင်းပျံသန်းရေး ကြီးကြပ် ရေးနှင့် ယူနန်ပြည်နယ် ပြည်သူ့အစိုးရတို့ ပူးပေါင်းစီစဉ်ကျင်းပပြုလုပ်ရန်  ရှိပါသည်။ သို့ဖြစ်၍ မြန်မာကောင်စစ်ဝန်ချုပ်ရုံး (ကူမင်း) အနေဖြင့် အဆိုပါ ပွဲတွင် ပါဝင်ပြသနိုင်ရေး စီစဉ်ဆောင်ရွက်လျှက်ရှိရာ တရုတ်နိုင်ငံ၊ ယူနန်ပြည်နယ်ရှိ မြန်မာနိုင်ငံသား ကျောက်မျက်ရတနာလုပ်ငန်းရှင်များ၏ ကျောက် မျက်ရတနာများ၊ မြန်မာ့ထွက်ကုန် ယွန်းထည်ပစ္စည်းများနှင့် အခြားသော စိတ်ဝင်စားဖွယ် မြန်မာထွက်ကုန်ပစ္စည်းများနှင့်  မြန်မာ့လဖက်ရည်ကို နမူနာကျွေးမွေးခြင်းနှင့် ခရီးသွားကဏ္ဍဖွံ့ဖြိုးတိုးတက်ရေး ရှင်းလင်းဆောင်ရွက်နိုင်ရန် ခင်းကျင်းပြသဆွေးနွေးခြင်းများ ဆောင်ရွက်သွားမည်ဖြစ်ပါ သည်။ 

၂၂-၇-၂၀၂၂ ရက်နေ့တွင် ဖွင့်ပွဲအခမ်းအနားကို ကျင်းပမည်ဖြစ်ပြီး မြန်မာကောင်စစ်ဝန်ချုပ် (ကူမင်း) ဉီးသော်တာအောင်နှင့် စီးပွားရေးသံမှူး ဒေါက်တာဝေရီလင်းတို့ တက်ရောက်ကြမည်ဖြစ်ပြီး နောက်ဆုံးနေ့ဖြစ်သည့် ၂၄-၇-၂၀၂၂ ရက်နေ့တွင် ဒေသတွင်းဘက်စုံစီးပွားရေးပူးပေါင်းဆောင် ရွက်မှု RCEP နှင့် တရုတ်-လာအို မီးရထားလမ်းဆိုင်ရာ ဖိုရမ်များကိုလည်း ကျင်းပပြုလုပ်သွားမည်ဖြစ်ကြာင်း သိရှိရပါသည်။


(မြန်မာစီးပွားရေးသံမှူး၊ ကူမင်းမြို့)

Source:  2022 CITM: Visit Qujing for exploring source of River Pearl - Lifestyle - 云桥网英文 (yunnangateway.com)

 

Category: China (Kunming)