Singapore

၂၀၂၂ ခုနှစ် ဘတ်ဂျက်တွင် ကိုဗစ်-၁၉ ကြောင့် ရုန်းကန်နေရဆဲဖြစ်သော စီးပွားရေးလုပ်ငန်းများနှင့် ပြည်တွင်းလုပ်သားများအတွက် ထောက်ပံ့ပေးမည့်အစီအစဉ်များပါဝင်ခြင်း

Last Updated:

စင်ကာပူအစိုးရ၏ ၂၀၂၂ ခုနှစ် (၂၀၂၂ ခုနှစ်၊ ဧပြီလမှ ၂၀၂၃ ခုနှစ်၊ မတ်လအထိ) အရအသုံး ခန့်မှန်းခြေစာရင်း (ဘတ်ဂျက်) ကို ဘဏ္ဍာ ရေးဝန်ကြီးဌာန၏ ဝန်ကြီး Mr Lawrence Wong က ပါလီမန်သို့ ၁၉--၂၀၂၂ ရက်နေ့တွင် တင်ပြဆွေးနွေးခဲ့ရာ၌ စင်ကာပူနိုင်ငံ၏ စီးပွားရေးသည် ၂၀၂၂ ခုနှစ်တွင်လည်း % မှ % အထိ ဆက်လက်တိုးတက်မှုရရှိနိုင်သည်ဟု မျှော်မှန်းထားရှိသော်လည်း လက်ရှိ ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် ယခုအချိန်အထိ ရုန်းကန်နေရဆဲဖြစ်သော စီးပွားရေးလုပ်ငန်းကဏ္ဍများနှင့် ပြည်တွင်းလုပ်သားများရှိပါ သဖြင့် ၎င်းတို့အား အစိုးရမှ ချက်ချင်းလက်ငင်း ကူညီထောက်ပံ့ပေးမည့်အစီအစဉ်များ ပါဝင်ကြောင်း သိရှိရပါသည်။

ထိုသို့ထောက်ပံ့ပေးမည့်အစီအစဉ်များတွင် အသေးစားစီးပွားရေးလုပ်ငန်းများမှ ပြန်လည်ဦးမော့လာစေရေးအတွက် ထောက်ပံ့ကြေး ပေးမည့်အစီအစဉ် (Small Business Recovery Grant) နှင့် ပြည်တွင်းအလုပ်အကိုင်ရရှိမှု တိုးတက်ကောင်းမွန်လာစေရန် စီးပွားရေး လုပ်ငန်းများမှ ဝန်ထမ်းခန့်ထားရာတွင် ကုန်ကျသောလုပ်ခလစာစရိတ်၏ သတ်မှတ်ရာခိုင်နှုန်းတစ်ခုအထိ အစိုးရမှ ကျခံပေးသော အစီအစဉ် (Jobs Growth Incentive) များအတွက် စင်ကာပူဒေါ်လာ ၅၀၀ သန်းသုံးစွဲသွားရန် လျာထားပါသည်။ Small Business Recovery Grant အစီအစဉ်တွင် အကျုံးဝင်သော လုပ်ငန်းအမျိုးအစားများမှာ စားသောက်ကုန်နှင့် အဖျော်ယမကာလုပ်ငန်း၊ လက်လီ ရောင်းဝယ်ရေးလုပ်ငန်းများ၊ သုခုမအနုပညာနှင့် အနုပညာသင်တန်းများ၊ အားကစားဆိုင်ရာလုပ်ငန်းများ၊ ရုပ်ရုင်ရုံလုပ်ငန်းများ၊ ပြတိုက်၊ အနုပညာပြခန်းနှင့် သမိုင်းဝင်နေရာများပြသသည့်လုပ်ငန်းများ၊ အဆောက်အဦးအတွင်းရှိ ကစားကွင်းနှင့် မိသားစုများ အပန်းဖြေရေးဆိုင်ရာ ဝန်ဆောင်မှုစင်တာများ၊ တည်ခိုနေထိုင်ရေးနှင့် ခရီးသွားလုပ်ငန်းများ၊ ပြပွဲများစီစဉ်ကျင်းပသည့်လုပ်ငန်းများ ပါဝင်ပါသည်။

Small Business Recovery Grant အစီအစဉ်တွင် အကျုံးဝင်သော လုပ်ငန်းများသည် ပြည်တွင်းဝန်ထမ်းတစ်ဦးခန့်ထားမှုအတွက် စင်ကာပူဒေါ်လာ ၁၀၀၀ နှုန်းဖြင့် တစ်ကြိမ်တည်း ထောက်ပံ့ကြေးကို ရရှိမည်ဖြစ်ပါသည်။ သို့ရာတွင် လုပ်ငန်းတစ်ခုလျှင် အများဆုံး စင်ကာပူဒေါ်လာ ၁၀၀၀၀ အထိသာ ထောက်ပံ့ပေးမည်ဖြစ်ပါသည်။ ပြည်တွင်းလုပ်သားများကို ငှားရမ်းခန့်ထားမှု မရှိသော စားသောက်ဆိုင်စင်တာများနှင့် စျေးများမှ အရောင်းဆိုင်များနှင့် ကော်ဖီဆိုင်လုပ်ငန်းများအနေဖြင့်လည်း စင်ကာပူဒေါ်လာ ၁၀၀၀ ထောက်ပံ့ကြေးကို ရရှိမည်ဖြစ်ပါသည်။

ထို့ပြင် စင်ကာပူရှိ စီးပွားရေးလုပ်ငန်းများအနေဖြင့် အသက် ၄၀ နှင့်အထက် ပြည်တွင်းလုပ်သားများကို ငှားရမ်းခန့်ထားခြင်းဖြစ်ပါ က လုပ်ခလစာ၏ ၅၀% အထိကိုလည်းကောင်း၊ အသက် ၄၀ နှစ်အောက် ပြည်တွင်းဝန်ထမ်းများအား ငှားရမ်းခန့်ထားခြင်းဖြစ်ပါက လုပ်ခလစာ၏ ၂၅% အထိကိုလည်းကောင်း အစိုးရက "Jobs Growth Incentive" အစီအစဉ်ဖြင့် ထောက်ပံ့ပေးခဲ့ရာမှ ယခုအခါ ယင်းအစီအစဉ်ကို ၂၀၂၂ ခုနှစ်၊ စက်တင်ဘာလအထိ ဆက်လက်ထောက်ပံ့ပေးမည်ဖြစ်ပါသည်။ သို့ရာတွင် အစိုးရမှ ကျခံပေးမည့် ရာခိုင်နှုန်းများကို လျှော့ချသတ်မှတ်မည်ဖြစ်ပါသည်။

ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် အဆိုးဝါးဆုံးထိခိုက်မှုဖြစ်ပေါ်ခဲ့သော လုပ်ငန်းကဏ္ဍများအနက် လေကြောင်းလုပ်ငန်းကဏ္ဍအတွက် အစိုးရမှ သီးခြားအထောက်အပံ့များကို ဆက်လက်ပေးအပ်သွားမည်ဖြစ်ကြောင်းနှင့် ထောက်ပံ့ပေးမည့် အသေးစိတ်အချက်အလက် များကို ပို့ဆောင်ရေးဝန်ကြီးမှ ပါလီမန်သို့ နောက်ပိုင်းတွင် တင်ပြဆွေးနွေးသွားမည်ဖြစ်ကြောင်း သိရှိရပါသည်။

ကမ္ဘာ့ကုန်ထုတ်လုပ်မှုနှင့် ဖြန့်ဖြူးမှုလမ်းကြောင်းများ ကမောက်ကမဖြစ်ပေါ်ခဲ့ခြင်း၊ စက်သုံးဆီစျေးနှုန်းများမြင့်တက်ခဲ့ခြင်း၊ ကမ္ဘာ့ ဝယ်လိုအားမှာလည်း တိုးတက်လာနေခြင်း စသည့်အကြောင်းရင်းများကြောင့် ကုန်ကြမ်းပစ္စည်းစျေးနှုန်းနှင့် လျှပ်စစ်ဓာတ်အားခများ မြင့်တက်လာကာ စီးပွားရေးလုပ်ငန်းများသည် ၎င်းတို့၏ ငွေသားစီးဆင်းမှုအပေါ် စိုးရိမ်မှုမြင့်တက်လာသည်ကို သက်သာရာရရှိစေ ရန်အတွက် စီးပွားရေးလုပ်ငန်းများအား ချေးငွေထုတ်ပေးသည့်အစီအစဉ်များဖြစ်သည့် "Temporary Bridging Loan Programme" နှင့် "Enhanced Trade Loan Scheme" အစီအစဉ်တို့ကို ၂၀၂၂ ခုနှစ်၊ စက်တင်ဘာလအထိ ဆောင်ရွက်ပေးသွားမည်ဖြစ်ပါသည်။ ထို့ပြင် ဆောက်လုပ်ရေးလုပ်ငန်းများအတွက် စီမံကိန်းချေးငွေထုတ်ချေးသောအစီအစဉ်ကိုလည်း ၂၀၂၃ ခုနှစ်၊ မတ်လအထိ ကာလ တိုးမြှင့်ပေးမည်ဖြစ်ပါသည်။

ကိုဗစ်-၁၉ ကြောင့် အလုပ်အကိုင်နှင့် ဝင်ငွေဆုံးရှုံးခဲ့ရသော ပြည်တွင်းလုပ်သားများအနေဖြင့်လည်း "Covid-19 Recovery Grant" အစီအစဉ်မှ ထောက်ပံ့ကြေးရရှိရန် ၂၀၂၂ ခုနှစ် နှစ်ကုန်အထိ ဆက်လက်လျှောက်ထားနိုင်မည်ဖြစ်ကြောင်း၊ စင်ကာပူအစိုးရ၏ ၂၀၂၂ ခုနှစ် ဘတ်ဂျက်တွင် လိုငွေ စင်ကာပူဒေါ်လာ ဘီလီယံကျော် ပေါ်ပေါက်နိုင်သည်ဟု ကြိုတင်ခန့်မှန်းထားရှိကြောင်း Mr Lawrence Wong က ပြောကြားခဲ့ပါသည်။

(မြန်မာစီးပွားရေးသံမှူး၊ စင်ကာပူမြို့)

သတင်းရင်းမြစ်          Ministry of Finance, Singapore

Category: Singapore