Brazil

၂၀၂၂ ခုနှစ်တွင် ဘရာဇီးလ်နိုင်ငံ၏ စိုက်ပျိုးထုတ်လုပ်မှုမှ ပြောင်းတန်ချိန် ၁၂၄ သန်း ထွက်ရှိ နိုင်ရန်ခန့်မှန်း

Last Updated:

၂၀၂၂ ခုနှစ် သီးနှံရိတ်သိမ်းချိန်တွင် ဘရာဇီးလ်နိုင်ငံမှ ပြောင်းတန်ချိန် ၁၂၄.၁၈၅ သန်း ထုပ်လုပ်နိုင်ရန် မျှော်မှန်းထားကြောင်း၊ ၂၀၂၁ ခုနှစ် သီးနှံကာလတွင် ပြောင်းတန်ချိန် ၁၀၁.၀၇၀ သန်းထုတ်လုပ်ခဲ့ကြောင်း လယ်ယာထွက်ကုန်ရောင်းဝယ်ရေးနှင့် အကြံပေး ကုမ္ပဏီ Safras & Mercado က ပြောကြားခဲ့သည်။

၂၀၂၂ ခုနှစ်တွင် ဘရာဇီးလ်နိုင်ငံမှ ပြည်ပနိုင်ငံများသို့ ပြောင်းတင်ပို့မှုသည် တန်ချိန် ၃၆ သန်းအထိ တင်ပို့နိုင်ရန်မျှော်မှန်းထားပြီး ၂၀၂၁ ခုနှစ်တွင် တန်ချိန် ၂၀.၇၆ သန်းအား တင်ပို့နိုင်ခဲ့ကြောင်း၊ ပြည်ပမှ ပြောင်းဝယ်ယူတင်သွင်းမှုပမာဏသည် ၂၀၂၂ ခုနှစ်တွင် တန်ချိန် ၁.၈ သန်းအထိ ရှိနိုင်ပြီး ၂၀၂၁ ခုနှစ်တွင် တန်ချိန် ၃.၀၈၉ သန်း ဝယ်ယူတင်သွင်းခဲ့ကြောင်း Safras & Mercado က ပြောကြားခဲ့သည်။

ဘရာဇီးလ်နိုင်ငံ၏ ပြည်တွင်းစားသုံးမှုအနေဖြင့် ၂၀၂၂ ခုနှစ်တွင် ပြောင်းတန်ချိန် ၁၁၄.၅၅၇ သန်းအထိ ရှိနိုင်ရန်မျှော်မှန်းထားပြီး ၂၀၂၁ ခုနှစ်တွင် ပြောင်းတန်ချိန် ၉၆.၉၄၁ သန်း ရှိနိုင်ကြောင်း၊ ၂၀၂၂ ခုနှစ် သီးနှံကာလတွင် ပြည်တွင်းပြောင်းလက်ကျန်ပမာဏ သည် တန်ချိန် ၉.၆၂၈ သန်းရှိနိုင်ရန်ခန့်မှန်းထားပြီး ၂၀၂၁ ခုနှစ်တွင် တန်ချိန် ၄.၂၂၉ သန်းရှိနိုင်ကြောင်း ကုမ္ပဏီက ပြောကြားခဲ့ သည်။

 

(မြန်မာစီးပွားရေးသံမှူး၊ ဘရာဇီးလျားမြို့)

သတင်းရင်းမြစ် - canalrural.com.br

Category: Brazil