Brazil

၂၀၂၂ ခုနှစ်တွင် ဘရာဇီးလ်နိုင်ငံ၏ ပဲပုတ်စေ့စိုက်ပျိုးထုတ်လုပ်မှုသည် တန်ချိန်သန်း ၁၅၀ ကျော် ထွက်ရှိရန်ခန့်မှန်း

Last Updated:

၂၀၂၁- ၂၀၂၂ ခုနှစ်ကာလတွင် ဘရာဇီးလ်နိုင်ငံ၏ ပဲပုတ်စေ့စိုက်ပျိုးထုတ်လုပ်မှုသည် တန်ချိန်သန်း ၁၅၀ ကျော်ထွက်ရှိနိုင်ပြီး ပြည်ပသို့ တန်ချိန် ၁၁၅ သန်းအထိ တင်ပို့ နိုင်ရန် ခန့်မှန်းထားကြောင်း လယ်ယာထွက်ကုန်ရောင်းဝယ်ရေးအကြံပေး Vlamir Brandalizze က ပြောကြားခဲ့သည်။ ဘရာဇီးလ်နိုင်ငံသည် ပဲပုတ်စေ့တင်ပို့မှုမှ အမေရိကန်ဒေါ်လာ ၅၅ ဘီလီယံအထိ ဝင်ငွေရရှိနိုင်ကြောင်း၊ တောင်အမေရိကတိုက်ရှိနိုင်ငံများတွင် သီးနှံရိတ်သိမ်းချိန်ဖြစ်၍ ချီကာဂိုဈေးကွက်တွင် ပဲပုတ်စေ့ ၁ စည် လျင် အမေရိကန်ဒေါ်လာ ပျမ်းမျှ ၁၂ ဒေါ်လာမှ ၁၃ ဒေါ်လာအထိ ဈေးနှုန်းဖြစ်ပေါ် နိုင်ကြောင်း Brandalizze ကပြောကြားခဲ့သည်။

ဝယ်လိုအားအမြင့်ဆုံးအချိန်တွင် ပဲပုတ်စေ့ ၁ အိတ်၏ ဆိပ်ကမ်းရောက်တန်ဖိုး ၁၅၀ ဟဲရာမှ ၁၇၀ ဟဲရာဝန်းကျင်အထိ ရောက်ရှိနိုင်ကြောင်း၊ ဘရာဇီးလ်နိုင်ငံ၏ ပဲပုတ်စေ့ရိတ်သိမ်းချိန်သည် ပြောင်းရိတ်သိမ်းချိန်နှင့် တိုက်ဆိုင်နေသဖြင့် စိုက်ပျိုးသူတောင်သူများအား သိုလှောင်ရုံနှင့်သယ်ယူပို့ဆောင်ရေးတွင် အခက်အခဲများ ဖြစ် ပေါ်စေကြောင်း Brandalizze ကပြောကြားခဲ့သည်။

ပဲပုတ်စေ့ဈေးကွက်အား သုတေသနပြုလုပ်ခဲ့ရာတွင် ၂၀၂၁ ခုနှစ်၊ ဇန်နဝါရီလ ၄ ရက်နေ့၏ ပဲပုတ်စေ့ ၁ အိတ်ဈေးနှုန်းသည် Paraná square ဈေးကွက်၌ ၁၄၇.၇၈ ဟဲရာ ဈေးနှုန်းဖြစ်ပေါ်ခဲ့ပြီး ဒီဇင်ဘာလသို့ရောက်ရှိချိန်တွင် ၁၆၇.၉၁ ဟဲရာဈေးနှုန်းသို့ မြင်တက်လာခဲ့ကြောင်း Brandalizze က ပြောကြားခဲ့သည်။

 

(မြန်မာစီးပွားရေးသံမှူး၊ ဘရာဇီးလျားမြို့)

 

သတင်းရင်းမြစ် - canalrural.com.br

Category: Brazil