Brazil

၂၀၂၂ ခုနှစ်အတွက် ပြည်တွင်းငွေကြေးဖောင်းပွမှုနှုန်းနှင့် ဘဏ်အတိုးနှုန်းများအား ဘရာဇီးလ်ဗဟိုဘဏ်က တိုးမြှင့်သတ်မှတ်

Last Updated:

ပြည်တွင်းစားသုံးသူဆနှုန်းကိန်း သတ်မှတ်ရေးအဖွဲ့ (National Broad Consumer Price Index- IPCA) ၏ တိုင်းတာတွက်ချက်မှုများအပေါ်အခြေခံ၍ ၂၀၂၃ ခုနှစ်တွင် ဘရာဇီလ်းနိုင်ငံ၏ ပြည်တွင်းငွေကြေးဖောင်းပွမှုနှုန်းကို ၃.၉၁ ရာခိုင်နှုန်းမှ ၄ ရာခိုင်နှုန်းသို့ တိုးမြှင့်သတ်မှတ်ကြောင်း ဗဟိုဘဏ်၏ သတင်းထုတ်ပြန်ချက်အား ငွေးကြေးအဖွဲ့အစည်းများ၏ သတင်းတွင် ဖော်ပြထားသည်။

အစိုးရ၏ သတ်မှတ်ဈေးနှုန်းများအပေါ်တွင် အခြေခံ၍ ပြည်တွင်းငွေကြေးဖောင်ပွမှုကို တိုင်းတာရာတွင် ၄.၇၃ ရာခိုင်နှုန်းမှ ၄.၇၀ ရာခိုင်နှုန်းသို့ ကျဆင်းခဲ့သော်လည်း အထွေထွေကုန်ဈေးနှုန်းသတ်မှတ်ချက်အပေါ်တွင် အခြေခံ၍ တိုင်းတာတွက်ချက်ရာတွင် ၄.၂၃ ရာခိုင်နှုန်းမှ ၄.၅၀ ရာခိုင်နှုန်းသို့ မြင့်တက်ခဲ့ကြောင်း သတင်းတွင်ဖော်ပြထားသည်။

၂၀၂၂ ခုနှစ်အတွက် စားသုံးသူဆနှုန်းကိန်းသတ်မှတ်ရေးအဖွဲ့၏ တိုင်းတာတွက်ချက်မှုများအရ ဘရာဇီးလ်နိုင်ငံ၏ ငွေကြေးဖောင်းပွမှုနှုန်းသည် ၇.၄၆ ရာခိုင်နှုန်းမှ ၇.၆၅ ရာခိုင်နှုန်းသို့ တိုးတက်သတ်မှတ်ခဲ့ကြောင်း၊ သို့ရာတွင် အစိုးရ၏ သတ်မှတ်ဈေးနှုန်းများအပေါ်တွင် အခြေခံတွက်ချက်ရာတွင် ငွေ ကြေးဖောင်းပွမှုနှုန်းသည် ၆.၈၆ ရာခိုင်နှုန်းမှ ၇.၀၉ ရာခိုင်နှုန်းသို့သာ မြင့်တက်မှုရှိခဲ့ကြောင်း၊ အထွေထွေကုန်ဈေးနှုန်းအပေါ်တွင် အခြေခံတွက်ချက် ပါက ၁၁.၅၄ ရာခိုင်နှုန်းမှ ၁၂.၃၅ ရာခိုင်နှုန်းသို့ မြင့်တက်လျက်ရှိကြောင်း သတင်းတွင် ဖော်ပြထားသည်။

၂၀၂၂ ခုနှစ်တွင် ပြည်တွင်းဘဏ်များ၏ အတိုးနှုန်းကို ၁၃.၀၅ ရာခိုင်နှုန်းမှ ၁၃.၂၅ ရာခိုင်နှုန်းသို့ တိုးမြှင့်ခဲ့သော်လည်း ဘရာဇီးလ်ဗဟိုဘဏ်၏ အခြေခံ ဘဏ်တိုးနှုန်း (basic interest rate- Selic) ကိုမူ ၂၀၂၃ ခုနှစ် နှစ်ကုန်သည်အထိ ၉ ရာခိုင်နှုန်းဖြင့် ဆက်လက်သတ်မှတ်သွားနိုင်ကြောင်း သတင်းတွင် ဖော်ပြထားသည်။

ထို့အပြင် နိုင်ငံခြားငွေရောင်းဝယ်ရေးဈေးကွက်၌ ၂၀၂၂ ခုနှစ်တွင် အမေရိကန် ၁ ဒေါ်လာလျင် ၅.၁၀ ဟဲရာနှင့် ၅ ဟဲရာအကြားတွင် ဈေးနှုန်းများဖြစ် ပေါ်နိုင်ရန်နှင့် ၂၀၂၃ ခုနှစ်တွင် ၅.၁၅ ဟဲရာနှင့် ၅ ဟဲရာအကြား ဈေးနှုန်းများဖြစ်ပေါ်နိုင်ပြီး ပြည်တွင်းငွေတန်ဖိုး မြင့်တက်လာနိုင်ကြောင်း၊ ၂၀၂၂ ခုနှစ် တွင် ဘရာဇီးလ်နိုင်ငံ၏ ပြည်တွင်းအသားတင် ထုတ်လုပ်မှုတန်ဖိုးသည် ၀.၅၆ ရာခိုင်နှုန်းမှ ၀.၆၅ ရာခိုင်နှုန်းအထိ တိုးတက်ရန်နှင့် ၂၀၂၃ ခုနှစ်တွင်      ၁ ရာခိုင်နှုန်းမှ ၁.၁၂ ရာခိုင်နှုန်းအထိ တိုးတက်ရန်ခန့်မှန်းထားကြောင်း  သတင်းတွင် ဖော်ပြထားသည်။

 

(မြန်မာစီးပွားရေးသံမှူး၊ ဘရာဇီးလျားမြို့)

သတင်းရင်းမြစ် - canalrural.com.br

Category: Brazil