Brazil

၂၀၂၂ ခုနှစ်၊ ဧပြီလအတွင်း ဘရာဇီးလ်နိုင်ငံ၏ကုန်သွယ်မှုမှ ကုန်သွယ်မှုပိုငွေအမေရိကန်ဒေါ်လာ ၈.၁ ဘီလီယံ ရရှိခဲ့

Last Updated:

၂၀၂၂ ခုနှစ်၊ ဧပြီလအတွင်း ဘရာဇီးလ်နိုင်ငံ၏ ကုန်သွယ်မှုမှ ကုန်သွယ်မှုပိုငွေ အမေရိကန်ဒေါ်လာ ၈.၁၄၈ ဘီလီယံရရှိခဲ့ပြီး ယခင်နှစ်ဧပြီလက ရရှိခဲ့ သည့် ကုန်သွယ်မှုပိုငွေ ၉.၉၆၃ ဘီလီယံပြီးလျင် ကုန်သွယ်မှုသမိုင်းတစ်လျှောက်၌ ကုန်သွယ်မှုပိုငွေ အများဆုံးရရှိမှုဖြစ်ကြောင်း မေလ ၅ ရက်နေ့တွင် စီးပွားရေးဝန်ကြီးဌာနအောက်ရှိ နိုင်ငံခြားကုန်သွယ်မှုဌာန (of Foreign Trade of the Ministry of Economy - Secex) က ထုတ်ပြန်သည့် သတင်းတွင် ဖော်ပြထားသည်။

၂၀၂၂ ခုနှစ်၊ ဧပြီလ၏ ကုန်သွယ်မှုပမာဏသည် အမေရိကန်ဒေါ်လာ ၄၉.၆၅၆ ဘီလီယံရရှိခဲ့ပြီး ပို့ကုန်တန်ဖိုးသည် အမေရိကန်ဒေါ်လာ ၂၈.၉၀၂ ဘီလီယံနှင့် သွင်းကုန်တန်ဖိုးသည် အမေရိကန်ဒေါ်လာ ၂၀.၇၅၄ ဘီလီယံပမာဏတို့ဖြစ်ကြောင်း၊ ဘရာဇီးလ်နိုင်ငံ၏ ကုန်သွယ်မှုသည် ဧပြီလနောက် ဆုံးအပတ်ဖြစ်သည့် ၂၅ ရက်နေ့မှ ၃၀ ရက်နေ့အထိ ကာလအတွင်း ကုန်သွယ်မှုပိုငွေ အမေရိကန်ဒေါ်လာ ၇၉၂.၀၀ သန်းရရှိခဲ့ကြောင်း Secex ၏ သတင်းတွင် ဖော်ပြထားသည်။

၂၀၂၂ ခုနှစ်၏ အစောပိုင်း ၄ လတာကာလအတွင်း ဘရာဇီးလ်နိုင်ငံ၏ ကုန်သွယ်မှုတွင် ကုန်သွယ်မှုပိုငွေ အမေရိကန်ဒေါ်လာ ၁၉.၉၄၇ ဘီလီယံရရှိခဲ့ပြီး ယခင်နှစ်ကာလတူနှင့် နှိုင်းယှဉ်ပါက ပို့ကုန်တန်ဖိုးတွင် ၂၃.၈ ရာခိုင်နှုန်း၊ သွင်းကုန်တန်ဖိုးတွင် ၂၇.၆ ရာခိုင်နှုန်းနှင့် ကုန်သွယ်မှုပိုငွေရရှိမှုတွင် ၁၀.၅ ရာခိုင်နှုန်းတို့ အသီးသီးတိုးတက်ခဲ့ကြောင်း Secex ၏ သတင်းတွင် ဖော်ပြထားသည်။

ယခုနှစ်ဧပြီလ၏ နေ့စဉ်ပျမ်းမျှကုန်သွယ်မှုပမာဏအား ၂၀၂၁ ခုနှစ်၊ ဧပြီလ၏ ကုန်သွယ်မှုပမာဏနှင့် နှိုင်းယှဉ်ပါက ပို့ကုန်တွင် လယ်ယာထွက်ကုန် ကဏ္ဍ၌ ၁၂.၇ ရာခိုင်နှုန်း ပိုမိုတိုးတက်ခဲ့ပြီး စက်မှုကဏ္ဍ၌ ၁၀.၂ ရာခိုင်နှုန်းကျဆင်းခဲ့ကြောင်း၊ သွင်းကုန်တွင် လယ်ယာထွက်ကုန်ကဏ္ဍ၌ ၃၃.၀ ရာခိုင် နှုန်းနှင့် စက်မှုကဏ္ဍတွင် ၅၁.၈ ရာခိုင်နှုန်းတို့ အသီးသီးတိုးတက်ခဲ့ကြောင်း သတင်းတွင် ဖော်ပြထားသည်။ ဘရာဇီးလ်နိုင်ငံ၏ ဧပြီလကုန်သွယ်မှု တန်ဖိုးသည် ယခင်နှစ်ကာလတူနှင့် နှိုင်းယှဉ်ပါက ၃၅.၇ ရာခိုင်နှုန်း ပိုမိုတိုးတက်ခဲ့သော်လည်း ကုန်သွယ်မှုပမာဏတွင် ၈.၀ ရာခိုင်နှုန်း လျှော့နည်းခဲ့ ကြောင်း၊ သို့ရာတွင် ပို့ကုန်ပစ္စည်းတန်ဖိုးတွင် ယခင်နှစ်ကာလတူထက် ၁၉.၉ ရာခိုင်နှုန်း ဈေးနှုန်းပိုမိုတိုးတက်ရရှိခဲ့ကြောင်း သတင်းတွင် ဖော်ပြထား သည်။

ဧပြီလတွင် ဖြစ်ပေါ်ခဲ့သည့် သွင်းကုန်တန်ဖိုး အမေရိကန်ဒေါ်လာ ၂၀.၇၅၄ ဘီလီယံသည် ၂၀၁၃ ခုနှစ်၊ ဧပြီလ၏ သွင်းကုန်တန်ဖိုး အမေရိကန်ဒေါ်လာ ၂၁.၈ ဘီလီယံပြီးလျင် ကုန်သွယ်မှုသမိုင်းတစ်လျှောက်တွင် ဒုတိယအမြင့်မားဆုံးပမာဏဖြစ်ကြောင်း၊ ၂၀၂၂ ခုနှစ်၊ ဧပြီလ၏ သွင်းကုန် တင်သွင်းမှု သည် ယခင်နှစ် ကာလတူနှင့်နှိုင်းယှဉ်ပါက သွင်းကုန်တန်ဖိုးတွင် ၃၅.၇ ရာခိုင်နှုန်း၊ ကုန်ပစ္စည်းတန်ဖိုးတွင် ၃၄.၄ ရာခိုင်နှုန်းတို့ အသီးသီးမြင့်တက်ခဲ့ပြီး သွင်းကုန်ပမာဏတွင် ၆.၉ ရာခိုင်နှုန်းလျှော့ကျခဲ့ကြောင်း သတင်းတွင်ဖော်ပြထားသည်။

 

(မြန်မာစီးပွားရေးသံမှူး၊ ဘရာဇီးလျားမြို့)

သတင်းရင်းမြစ် - canalrural.com.br

Category: Brazil