Thailand

၂၀၂၄ ခုနှစ်တွင် မော်တော်ကားထုတ်လုပ်မှုအစီးရေ (၂) သန်းကျော်ရှိလာနိုင်ကြောင်း ထိုင်းစက်မှု လုပ်ငန်းရှင်များအသင်းချုပ်က ခန့်မှန်းခြင်း

Last Updated:

ကမ္ဘာ့စီးပွားရေး ပြန်လည်ဉီးမော့လာမှုကြောင့် ထိုင်းနိုင်ငံ၏   နှစ်စဉ်  မော်တော်ကားထုတ်လုပ်မှုသည် (၂) နှစ်အတွင်း အစီးရေ (၂) သန်းကျော်အထိ  တိုးလာနိုင်မည်ဖြစ်ကြောင်း  ထိုင်းစက်မှုလုပ်ငန်းရှင်များအသင်းချုပ် Federation of Thai Industries (FTI) ၏ ခန့်မှန်းချက်အရ သိရှိရပါသည်။    

လျှပ်စစ်မော်တော်ကားများ (EVs) အတွက် အစိုးရ၏ မက်လုံးပေးမှုအစီအစဉ်တွင် ဘက်ထရီလျှပ်စစ်ကား Battery electric Vehicles များအတွက် အကောက်ခွန် (၄၀%) အထိ လျှော့ချခြင်းပါဝင်ပြီး ၎င်းက ကားတင်သွင်းမှုကို မြှင့်တင်ပေးလိမ့်မည်ဖြစ်သော် လည်း၊ ရေရှည်တွင် ပြည်တွင်းမော်တော်ကားထုတ်လုပ်မှုကို ထိခိုက်လိမ့်မည်မဟုတ်ကြောင်း FTI ဉက္ကဌနှင့် မော်တော်ကားကလပ် အသင်းပြောရေးဆိုခွင့်ရှိသူ Surapong Paisitpatanapong က ပြောကြားခဲ့ကြောင်း သိရှိရပါသည်။

အဆိုပါအစီအစဉ်မှနေ၍ မော်တော်ကားတင်သွင်းသူများအနေဖြင့် အကျိုးအမြတ်များရရှိနိုင်သော်လည်း အစိုးရအနေဖြင့် လျှပ်စစ် မော်တော်ကား EVs များဖွံ့ဖြိုတိုးတက်ရေးတွင် ရင်းနှီးမြှုပ်နှံမှုများ ပိုမိုလုပ်စေချင်ကြောင်း ၎င်းကပြောကြားခဲ့ပါသည်။

ထိုင်းနိုင်ငံ၏ ဒေသတွင်း EVs ထုတ်လုပ်မှုဗဟိုချက်ဖြစ်လာစေရေး ရည်မှန်းချက်၏ တစ်စိတ်တစ်ပိုင်းဖြစ်သော ၂၀၃၀ ခုနှစ်တွင် ပြည်တွင်းထုတ်ကားများ၏ (၅၀%) ကို လျှပ်စစ်ကား EVs များအဖြစ် မြင်တွေ့လိုကြောင်း အမျိုးသားလျှပ်စစ်မော်တော်ကား မူဝါဒ ကော်မတီက ပြီးခဲ့သည့်မတ်လတွင် ထုတ်ပြန်ကြေငြာခဲ့ကြောင်း သိရှိရပါသည်။

FTI အနေဖြင့် အဓိကအားဖြင့် ကိုဗစ်-၁၉ ကို ထိန်းချုပ်ရန် အစီအမံဆောင်ရွက်ချက်များကြောင့် ထိုင်းမော်တော်ကားလုပ်ငန်း အနေ ဖြင့် နှေးကွေးသောရောင်းအားမှ ပြန်တက်လာစေရန် မျှော်လင့်ထားပြီး ကပ်ရောဂါမဖြစ်ပွားမီက နိုင်ငံ၏ မြင့်မားသော ထုတ်လုပ်မှု အဆင့်သို့ ပြန်လည်ရောက်ရှိစေရန် မျှော်လင့်ထားကြောင်း သိရှိရပါသည်။

၂၀၁၈ ခုနှစ်တွင် ထိုင်းနိုင်ငံ၏ မော်တော်ကားထုတ်လုပ်မှုမှာ အစီးရေ (၂,၁၆၇,၆၉၄) စီးရှိခဲ့ပြီး အစီးရေ (၁,၁၄၂,၇၃၃) မှာ ပြည်ပသို့ တင်ပို့ရန် ထုတ်လုပ်ခဲ့ခြင်းဖြစ်ကြောင်း သိရှိရပါသည်။ ထိုင်းနိုင်ငံအနေဖြင့် ကမ္ဘာတစ်ဝှမ်းသို့ ကားများတင်ပို့ရောင်းချနေသော မော် တော်ကားထုတ်လုပ်သူ၊ မော်တော်ကားတပ်ဆင်သူနှင့် အစိတ်အပိုင်းများထုတ်လုပ်သူ၊ ကမ္ဘာတစ်ဝှမ်းသို့ ကားတင်ပို့သူသည့် ထိပ် တန်းနိုင်ငံတစ်နိုင်ငံဖြစ်ကြောင်း Mr.Surapong ကပြောကြားခဲ့ပါသည်။

ကပ်ရောဂါဖြစ်ပွားနေသော်လည်း ယမန်နှစ်က မော်တော်ကားထုတ်လုပ်မှုအနေဖြင့် အစီးရေ (၁.၆၈) သန်းအထိ တိုးမြှင့်နိုင်ခဲ့ပြီး နှစ်အလိုက်တွင် (၁၈.၁%) တိုးတက်ခဲ့ကြောင်း၊  အဆိုပါ ကိန်းဂဏန်းများသည် FTI ကရည်မှန်းထားသည့် အစီးရေ (၁.၆) သန်းကို ကျော်လွန်ခဲ့ကြောင်း သိရှိရပါသည်။ FTI အနေဖြင့် ယခုနှစ်အတွက် အစီးရေ (၁.၈) သန်းအထိ ထုတ်လုပ်နိုင်ရန် မျှော်မှန်းထား ကြောင်းနှင့် အစီးရေ (၉၀၀,၀၀၀) မှ (၉၅၀,၀၀၀) ခန့် ပြည်ပသို့ တင်ပို့နိုင်လိမ့်မည်ဟု မျှော်လင့်ထားကြောင်း သိရှိရပါသည်။

 

(မြန်မာစီးပွားရေးသံမှူး၊ ဗန်ကောက်မြို့)

Source: Bangkok Post

Category: Thailand