Japan

၂၀၂၆ ဘဏ္ဍာရေးနှစ်အတွက် ဘဏ္ဍာရေးအခြေအနေတိုးတက်မှုမျှော်မှန်းချက်အတွက် ရှေ့ဆက်ကြိုးပမ်းသွားမည်ဖြစ်ကြောင်း ဂျပန်အစိုးရပြောကြား

Last Updated:

ကိုရိုနာဗိုင်းရပ်စ် ကူးစက်ပြန့်ပွားမှု၏ သက်ရောက်မှုမှ ပြန်လည်နာလန်ထူလာသည့် စီးပွားရေးလုပ်ငန်းများ၏ အခြေအနေကောင်းမွန်လာမှုကြောင့် အခွန်ငွေများ တိုးတက်လာဖွယ်ရှိသဖြင့်် ပြီးခဲ့သည့် ၂၀၂၆ ဘဏ္ဍာရေးနှစ်တွင် နိုင်ငံ၏ ဘဏ္ဍာရေးအခြေအနေမှာ တိုးတက်ကောင်းမွန်လာမည်ဖြစ်ကြောင်း ဇန်နဝါရီလ ၁၄ ရက်နေ့ တွင် ဂျပန်အစိုးရမှ ထုတ်ဖော်ပြောကြားခဲ့ပါသည်။

ဂျပန်၏ လက်ကျန်ငွေစာရင်းရှင်းတမ်းတွင် သုံးစွဲငွေဖယ်ထုတ်ပြီးအခွန်ငွေများမှာ အခြားအသုံးစရိတ်များအတွက် ယန်း ၂၀၀ ဘီလီယံ (အမေရိကန်ဒေါ်လာ . ဘီလီယံ) ခန့်ပိုလျှံနေပြီး ကောင်းမွန်သည့်ရလဒ်များဆီသို့ ဦးတည်နေကြောင်း အစိုးရအဖွဲ့၏ နှစ်ဝက်ခန့်မှန်းချက်အရ သိရှိရပါသည်။

လက်ရှိ နောက်ဆုံးခန့်မှန်းချက်အရ ကမ္ဘာတတိယစီးပွားရေးအင်အားကြီးနိုင်ငံသည် ဝန်ကြီးချုပ်ဟောင်း ရှင်ဇိုအာဘေး၏လက်ထက်တွင် ၂၀၁၈ ခုနှစ်မှ ၂၀၂၀ ပြည့်နှစ် အတွင်း အကောင်အထည်ဖော်ဆောင်ရန် နှေးကွေးနေခဲ့သည့် ၂၀၂၅ ဘဏ္ဍာနှစ်တွင် ဘဏ္ဍာရေးခိုင်မာအားကောင်းလာစေရေး ရည်မှန်းချက်ကို ဆက်လက်အကောင် အထည်ဖော်ရန် အားနည်းနေဆဲဖြစ်ကြောင်း သုံးသပ်ကြပါသည်။

ဂျပန်နိုင်ငံသည် သက်ကြီးရွယ်အိုဦးရေတိုးပွားလာမှုနှင့် ကိုရိုနာဗိုင်းရပ်စ်ကူးစက်ရောဂါ ပြန့်ပွားမှုများကြောင့် လူမှုဖူလုံရေးကုန်ကျစရိတ်များကြောင့် ပြည်တွင်းဘဏ္ဍာ ရေးအခြေအနေ ကြံ့ခိုင်မှုရှိစေရန် ရုန်းကန်ကြိုးပမ်းနေရပါသည်။ သို့သော် နိုင်ငံ၏အသုံးစရိတ်များကို ထိရောက်စွာ စနစ်တကျသုံးစွဲမည်ဆိုပါက ၂၀၂၅ ဘဏ္ဍာနှစ် ရည်မှန်းချက်သို့ ရောက်ရှိနိုင်မည်ဖြစ်ကြောင်း၊ ဂျပန်အစိုးရအနေဖြင့်လည်း ၂၀၂၅ ဘဏ္ဍာနှစ်ရည်မှန်းချက်သို့ရောက်ရှိရန် ကြိုးပမ်းသွားမည်ဖြစ်ကြောင်း လက်ရှိဝန်ကြီး ချုပ် ဖူမီယိုခီရှိဒါက ပြောကြားခဲ့ပါသည်။

ကုန်ထုတ်လုပ်ငန်းများနှင့် နည်းပညာဆက်စပ်ကုမ္ပဏီများ၏ စီးပွားရေးအခြေအနေများ ပြန်လည်နာလန်ထူလာချိန် ကော်ပိုရိတ်အခွန်ငွေများ မြင့်တက်လာခြင်းကြောင့် အခွန်ရငွေများ တဖြည်းဖြည်းတိုးတက်လာနိုင်သည်ဟု ခန့်မှန်းသုံးသပ်ကြပါသည်။

ဧပြီလတွင် စတင်မည့် ၂၀၂၂ ဘဏ္ဍာရေးနှစ်တွင် ဂျပန်အစိုးရအနေဖြင့် အခွန်ငွေပမာဏ ယန်း ၆၅.၂၄ ထရီလီယံအထိ ရရှိရန်မျှော်မှန်းထားပြီး ပြီးခဲ့သည့် ၂၀၂၁ ခုနှစ်၊ ဇူလိုင်လအတွင်းမှ ခန့်မှန်းချက် ယန်း ထရီလီယံထက်သာလွန်မည်ဖြစ်ကြောင်း မျှော်လင့်ထားပါသည်။

ဂျပန်နိုင်ငံ၏ စီးပွားရေးသည် ၂၀၂၀ ဘဏ္ဍာနှစ်အထိ ဆယ်စုနှစ် ခုတာအတွင်း nominal growth % ဖြင့် တစ်ကြိမ်သာတိုးတက်ခဲ့သဖြင့် နိုင်ငံအနေဖြင့် ခန့်မှန်းထား သည့်အတိုင်း ၂၀၂၆ ဘဏ္ဍာရေးနှစ်တွင် ဘဏ္ဍာရေးအခြေအနေကြံ့ခိုင်မှုအတွက် မျှော်လင့်ရန် အားနည်းနေကြောင်း သုံးသပ်ကြပါသည်။

ဂျပန်နိုင်ငံ၏ GDP တိုးတက်မှုနှုန်းသည် ၂၀၂၀ ဘဏ္ဍာနှစ်တွင် .% (Real GDP) သို့မဟုတ် .% (Norminal GDP) သို့ ကျဆင်းသွားခဲ့ပြီး ကူးစက်ရောဂါကို ကိုင်တွယ်ဖြေရှင်းရန် ထပ်ဆောင်းဘတ်ဂျက်များကို ချမှတ်ဆောင်ရွက်ခဲ့ရသဖြင့် ယန်း ၄၈. ထရီလီယံ ဘဏ္ဍာရေးလိုငွေပြမှုဖြစ်ပေါ်ခဲ့ပါသည်။

လတ်တလော ဂျပန်နိုင်ငံအပါအဝင် ကမ္ဘာ့နိုင်ငံများတွင် စတင်ပြန့်ပွားကူးစက်နေသည့် အိုမီခရွန်ဗိုင်းရပ်စ်မျိုးကွဲ၏ သက်ရောက်မှုကြောင့် ဂျပန်နိုင်ငံ၏ အနာဂတ် စီးပွားရေးအလားအလာသည် မရေရာမှုများရှိနိုင်သည်ဟု ဂျပန်အစိုးရအဖွဲ့ရုံးမှ သတိပေးထားပါသည်။

(မြန်မာစီးပွားရေးသံမှူး၊ တိုကျိုမြို့)

ရင်းမြစ်။  https://www.japantimes.co.jp/news/2022/01/14/business/japan-fiscal-health-projection/

Category: Japan