Brazil

၂၀၃၀ ပြည့်နှစ်တွင် ပြောင်းစိုက်ပျိုးထုတ်လုပ်မှု ၃ ဆအထိတိုးတက်ထုတ်လုပ်ရန် São Paulo ပြည်နယ်အစိုးရက စီမံကိန်းဖြင့်ဆောင်ရွက်

Last Updated:

ဘရာဇီးလ်နိုင်ငံတွင် ပြောင်းအမြောက်အများ စိုက်ပျိုးထုတ်လုပ်သည့် ဆောင်ပိုလိုပြည်နယ်တွင် နှစ်စဉ်ပြောင်းတန်ချိန် ၃.၃ သန်းအား စိုက်ပျိုးထုတ် လုပ်လျက်ရှိပြီး သက္ကရာဇ် ၂၀၃၀ ပြည့်နှစ်၌ ပြောင်းတန်ချိန် ၁၁ သန်းအထိ စိုက်ပျိုးထုတ်လုပ်နိုင်ရန် စိုက်ပျိုးရေးကုမ္ပဏီများနှင့် ပူးပေါင်းဆောင်ရွက် လျက်ရှိကြောင်း Ribeirão Preto မြို့တွင် ကျင်းပပြုလုပ်သည့် လယ်ယာသုံးစက်ကိရိယာပစ္စည်းပြပွဲတွင် ပြည်နယ်အစိုးရက ထုတ်ပြန်ကြေညာခဲ့ သည်။ အဆိုပါအခမ်းအနားသို့ ပြည်နယ်စိုက်ပျိုးရေးနှင့် စားနပ်ရိက္ခာဦးစီးဌာန၊ Brazilian Association of Corn Producers (Abramilho)၊ စိုက်ပျိုး ရေးကုမ္ပဏီများနှင့် လယ်ယာသုံးစက်ကိရိယာပစ္စည်းထုတ်လုပ်သော ကုမ္ပဏီများတက်ရောက်ခဲ့ကြပြီး ပြည်နယ်အတွင်း ပြောင်းသီးနှံတိုးတက်ထုတ် လုပ်ရေးဆိုင်ရာ စာတမ်းများနှင့် သုတေသနလေ့လာတွေ့ရှိချက်များအား ဆွေးနွေးခဲ့ကြကြောင်း သတင်းတွင် ဖော်ပြထားသည်။

São Paulo ပြည်နယ်တွင် ပြောင်းတိုးတက်စိုက်ပျိုးထုတ်လုပ်ရေးအစီအစဉ် Milho+ SP အား ပြည်နယ်အစိုးရ၊ စိုက်ပျိုးရေးကုမ္ပဏီများနှင့် လယ်ယာ သုံးစက်ပစ္စည်းထုတ်လုပ်သည့် ကုမ္ပဏီများ ပူးပေါင်းအကောင်အထည်ဖော်ဆောင်ရွက်မည်ဖြစ်ပြီး São Paulo ပြည်နယ်အတွင်းရှိ စိုက်ပျိုးရေးကုမ္ပဏီ များက တောင်သူများထံသို့ ပြောင်းစိုက်ပျိုးမှုဆိုင်ရာ နည်းပညာများအား ဖြန့်ဝေပေးသွားမည်ဖြစ်ကြောင်း၊ အဆိုပါ  Milho+ SP အစီစဉ်တွင် ပြည်နယ် အတွင်းရှိ စိုက်ပျိုးရေးကုမ္ပဏီများအပါအဝင် ပြောင်းစိုက်တောင်သူဦးရေ ၁၀၀,၀၀၀ ကျော်ပူးပေါင်းပါဝင်မည်ဖြစ်ကြောင်း သတင်းတွင် ဖော်ပြထား သည်။

Milho+ SP အစီစဉ်တွင် စိုက်ပျိုးရေးဆိုင်ရာ သင်တန်းများပေးခြင်း၊ စိုက်ပျိုးရေးနည်းစနစ်များ ဖြန့်ဝေခြင်း၊ စိုက်ပျိုးရေးဆိုင်ရာ စီမံခန့်ခွဲမှုစနစ်များ သင်ကြားပေးခြင်း၊ ဒီဂျစ်တယ်နည်းပညာနှင့် အဆင့်မြင့်လယ်ယာသုံးစက်ပစ္စည်းအသုံးပြုနည်းများ သင်ကြားပေးခြင်း၊ သီးနှံအာမခံ ထားရှိခြင်းနှင့် ချေးငွေရယူခြင်းစနစ်များ၊ စက်မှုလုပ်ငန်းများနှင့် ချိတ်ဆက်ခြင်းနှင့် သီးနှံရောင်းဝယ်ခြင်းလုပ်ငန်းများ စသည်ဖြင့် အဆင့်များစွာပါဝင်ကြောင်း သတင်းတွင် ဖော်ပြထားသည်။

São Paulo ပြည်နယ်၏ တစ်နှစ်ပြောင်းစားသုံးမှုနှုန်းသည် တန်ချိန် ၈.၉ သန်းခန့်ရှိကြောင်း၊ ပြည်နယ်အတွင်းမှ ပြောင်းတန်ချိန် ၃.၃ သန်းကျော်သာ စိုက်ပျိုးထုတ်လုပ်နိုင်သဖြင့် အခြားပြည်နယ်များမှ ပြောင်းတန်ချိန် ၅.၆ သန်းခန့်အား နှစ်စဉ်တင်သွင်းနေရကြောင်း၊ ပြည်နယ်အတွင်းတွင် စိုက်ပျိုးမြေ ဟက်တာ ၁၅.၈ သန်းကျော်ရှိသည့်အနက် ကြံစိုက်ပျိုးဧရိယာသည် ၅.၄ သန်းကျော်ရှိနေကြောင်း စိုက်ပျိုးရေးကုမ္ပဏီ Horizon က ပြောကြားခဲ့သည်။

ထို့အပြင် ပြောင်းစိုက်ပျိုးရေးစီမံကိန်း Corn+ SP အစီအစဉ်ကို ပြည်နယ်၏ အနောက်မြောက်ပိုင်းဒေသများတွင် စတင် အကောင်အထည်ဖော် ဆောင် ရွက်မည်ဖြစ်ပြီး လမ်းပမ်းဆက်သွယ်ရေးကောင်းခြင်း၊ စိုက်ပျိုးရေးအတွက် ရာသီဥတုကောင်းမွန်ခြင်းနှင့် ပြောင်းစားသုံးမှုမြင့် မားခြင်းတို့ကြောင့် အဆိုပါဒေသအား ရွေးခြယ်ခြင်းဖြစ်ကြောင်း သတင်းတွင်ဖော်ပြထားသည်။

 

(မြန်မာစီးပွားရေးသံမှူး၊ ဘရာဇီးလျားမြို့)

သတင်းရင်းမြစ် - canalrural.com.br

Category: Brazil