Korea

21st World Knowledge Forum ၏ ASEAN Entrepreneur Award အစီအစဉ်တွင် မြန်မာနိုင်ငံ၊ KBZ Bank Ltd. ၏ Deputy CEO ဖြစ်သူ ဒေါ်နန်းခမ်းနောင့်မှ Empowering Women ဆုကို ရရှိခဲ့သဖြင့် ဆုပေးပွဲအခမ်းအနားသို့ မြန်မာသံ အမတ်ကြီးမှ တက်ရောက်ခဲ့

Last Updated:

ကိုရီးယားသမ္မတနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီးဦးသန့်စင်သည်(၁၆-၉-၂၀၂၀) ရက်နေ့၊ ကိုရီးယားစံတော်ချိန် နေ့လယ် (၁၄:၃၅) နာရီအချိန် တွင် ဆိုးလ်မြို့၊ Shilla Hotel ၌ ASEAN-Korea Centre (AKC)နှင့် Mekyung Media Group တို့မှ ကြီးမှူး ကျင်းပဆောင်ရွက်သော 21st World Knowledge Forum ၏ ASEAN Entrepreneur Award အစီအစဉ်တွင် မြန်မာနိုင်ငံမှ ဒေါ်နန်းခမ်းနောင့် (Deputy CEO of KBZ Bank Ltd.)က Empowering Women  ဆုကို ဆွတ်ခူးရရှိသဖြင့် ဆုပေးပွဲအခမ်းအနားသို့ တက်ရောက်ခဲ့ပါသည်။

ASEAN-Korea Centre (AKC) သည် Maekyung Media Group နှင့်ပူးပေါင်း၍  ASEAN Entrepreneur Award ကို ၂၀၁၆ ခုနှစ်မှစတင်၍ ဒေသတွင်းရှိထူးချွန်ထက်မြက်သော စွန့်ဦးတီထွင်စီးပွားရေးလုပ်ငန်းရှင်များကို ဆုများပေးအပ်ချီးမြှင့်လျက်ရှိရာ၊ The 5th ASEAN Entrepreneur Award 2020 သို့ အာဆီယံနိုင်ငံများမှ ဝင်ရောက်ယှဉ်ပြိုင်ရန် ASEAN-Korea Centre ၏ဖိတ်ကြားမှုအရ မြန်မာသံရုံး၊ ဆိုးလ်မြို့နှင့် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့ (မြန်မာအပြည်ပြည်ဆိုင်ရာကုန်သွယ်မှုဗဟိုဌာန) တို့ပူးပေါင်း၍ မြန်မာနိုင်ငံမှ စွန့်ဦးတီထွင်စီးပွားရေးလုပ်ငန်းရှင်များ ဝင်ရောက်ယှဉ်ပြိုင်နိုင်ရန် စီစဉ် ဆောင်ရွက်ခဲ့ကြပါသည်။

ထိုကဲ့သို့ ၂၀၂၀ ပြည့်နှစ်အတွက်ကျင်းပသည့် The 5th ASEAN Entrepreneur Award 2020 အတွက် ဝင်ရောက်ယှဉ်ပြိုင်ကြသော အာဆီယံ အဖွဲ့ဝင်နိုင်ငံများမှ စွန့်ဦးတီထွင်စီးပွားရေးလုပ်ငန်းရှင်များအား Empowering Women၊ Regional Champion၊ Entrepreneur 4.0 နှင့် ဟူ၍ ဆု (၃) မျိုးကို ရွေးချယ်ချီးမြှင့်ခဲ့ရာ မြန်မာနိုင်ငံ၊ အင်ဒိုနီးရှားနိုင်ငံနှင့် ဗီယက်နမ်နိုင်ငံတို့မှ ရွေးချယ်ခြင်းခံခဲ့ရပြီး၊ မြန်မာနိုင်ငံမှ ဒေါ်နန်းခမ်းနောင့် (Deputy CEO of KBZ Bank Ltd.) က Empowering Women ဆုကို ထိုက်တန်စွာ ရရှိခဲ့ခြင်းဖြစ်ပါသည်။

ဒေါ်နန်းခမ်းနောင့် (Deputy CEO of KBZ Bank Ltd.) အတွက် လက်ခံရရှိ ထားသည့် Empowering Women ဆု(Trophy)အား မြန်မာသံရုံး၊ ဆိုးလ်မြို့မှ သင့်ရာ နည်းဖြင့် မြန်မာနိုင်ငံသို့ ဆက်လက်ပေးပို့ပေး သွားမည်ဖြစ်ပါသည်။

 

တင်ပြသူ: ဝင်းပပသူ၊ စီးပွားရေးသံမှူး (မြန်မာသံရုံး၊ ဆိုးလ်မြို့)

Category: Korea