Korea

ASEAN-Korea Startup Week အစီအစဉ်တွင် မြန်မာနိုင်ငံ၏ ထွန်းသစ်စ Startup ကုမ္ပဏီများက နှစ်နှစ်ဆက်တိုက် ဆုများ ဆွတ်ခူးရရှိခဲ့

Last Updated:

2021 ASEAN-Korea Startup Week အစီအစဉ်ကို ကိုရီးယားသမ္မတနိုင်ငံ၊ ဆိုးလ်မြို့၌ အခြေပြု၍ ၂၀၂၁ ခုနှစ်၊ နိုဝင်ဘာလ (၂၉) ရက်နေ့မှ ဒီဇင်ဘာလ (၁) ရက်နေ့အထိ  (Online + Offline) Hybrid Format စနစ်ဖြင့်ကျင်းပခဲ့ပါသည်။ အဆိုပါအစီအစဉ်ကို ASEAN-Korea Centre (AKC) နှင့် Gyeonggi Center for Creative Economy & Innovation (GCCEI) တို့မှ ပူးတွဲကြီးမှူး၍ ASEAN Secretariat (ASEC)ASEAN Coordinating Committee on Micro, Small & Medium Enterprises (ACCMSME)Gyeonggi Center for Creative Economy & Innovation (GCCEI)၊ Ministry of SMEs & Startups of ROK(MSS) တို့၏ပံ့ပိုးမှု၊ ဆိုးလ်မြို့ရှိ အာဆီယံအဖွဲ့ဝင်နိုင်ငံများ၏ သံရုံးများ (ASEAN Embassies in Seoul -AES) ၏ ပူးပေါင်းဆောင်ရွက်မှုတို့ဖြင့် ကျင်းပခဲ့ခြင်းဖြစ်ပြီး၊ အာဆီယံ (၁၀) နိုင်ငံမှ E-trade E-Commerce E-tourismArtificial Intelligence (AI)၊ လယ်ယာစိုက်ပျိုးရေး၊ ဘဏ္ဍာရေးနှင့် ပညာရေးကဏ္ဍအသီးသီးမှ အဆိုပြု  Startup ကုမ္ပဏီ (၂၉) ခုတို့ပါဝင်ခဲ့ကြသည့်အနက် မြန်မာနိုင်ငံမှ ကုမ္ပဏီ (၈) ခုပါဝင်ခဲ့ကာ၊ Startup Online Challenge ကို အဆင့်ဆင့် ပါဝင်ယှဉ်ပြိုင်ခဲ့ကြပြီး၊ တောင်ကိုရီးယားနိုင်ငံနှင့် ကမ္ဘာ့နိုင်ငံများမှ ရင်းနှီးမြှုပ်နှံသူများနှင့်လည်း Business Matching များကို ဆောင်ရွက်ခဲ့ကြပါသည်။

ထို့နောက် ဆုချီးမြှင့်ခြင်းအခမ်းအနား Award Ceremony ကို (၁-၁၂-၂၀၂၁) ရက်နေ့၊ ကိုရီးယားစံတော်ချိန် (၁၄:၀၀) နာရီမှ (၁၄:၃၀) နာရီအထိတွင် ဆိုးလ်မြို့၊  Mapo-Gu ရှိ DSM Art Hall ၌ကျင်းပပြုလုပ်ခဲ့ရာ AKC ၏ အတွင်းရေးမှူးချုပ် H.E. Mr. Kim Hae-yongAKC (Trade & Investment Unit) မှတာဝန်ရှိသူများ၊ ဆိုးလ်မြို့ရှိ အာဆီယံသံရုံး အသီးသီးတို့မှ စီးပွားရေးသံမှူးများ တက်ရောက်ခဲ့ကြပါသည်။ နောက်ဆုံးအဆင့် အာဆီယံ Startup ကုမ္ပဏီ (၂၁) ခု ယှဉ်ပြိုင်ခွင့်ရရှိခဲ့သော Online Challenge ပြိုင်ပွဲ၌ ကုမ္ပဏီများ၏ တင်ပြမှုပေါ်တွင် သက်ဆိုင်ရာအကဲဖြတ်ဘုတ်အဖွဲ့မှ စနစ်တကျ စိစစ်အကဲဖြတ်၍ ပထမဆု (အမေရိကန်ဒေါ်လာ ၃၀,၀၀၀) (၁) ဉီး၊ ဒုတိယဆု (အမေရိကန် ဒေါ်လာ ၁၀,၀၀၀) (၁) ဉီးနှင့် တတိယဆု (အမေရိကန်ဒေါ်လာ ၅,၀၀၀ စီ) (၂) ဉီး၊ စုစုပေါင်း (၄) ဉီးကို ရွေးချယ်ချီးမြှင့်ခဲ့ရာ၊ မြန်မာနိုင်ငံမှ RecyGlo Co., Ltd. က “Making the World A Cleaner Place ခေါင်းစဉ်ဖြင့် ၎င်းတို့ကုမ္ပဏီ၏ Solid Waste Management & Data Analytics Platform Business Model နှင့် Business Idea များအား မိတ်ဆက်တင်ပြယှဉ်ပြိုင်၍ တတိယဆု (အမေရိကန်ဒေါ်လာ ၅၀၀၀) ကို ထိုက်တန်စွာ ဆွတ်ခူးရရှိခဲ့ပါသည်။

အဆိုပါ Award Ceremony သို့ မြန်မာသံရုံး၊ ဆိုးလ်မြို့မှ စီးပွား‌ရေးသံမှူး တက်ရောက်၍ တတိယဆုရရှိသူကိုယ်စား ဆု Poster ကို လက်ခံရယူပေးခဲ့ကာ၊ ဆုကြေးငွေအား AKC မှ သက်ဆိုင်ရာဆုရရှိသူများထံသို့ တိုက်ရိုက်ပေးပို့ပေးသွားမည်ဖြစ်ကြောင်း သက်ဆိုင်ရာ AKC တာဝန်ရှိသူထံမှ သိရှိရပါသည်။ ပထမဆုကို ကမ္ဘောဒီးယားနိုင်ငံမှ Jalat Logistics မှလည်းကောင်း၊ ဒုတိယဆုကို ထိုင်းနိုင်ငံမှ Eatlab ကလည်းကောင်း၊ ပူးတွဲတတိယဆုကို စင်ကာပူနိုင်ငံမှ Trabble ကလည်းကောင်း အသီးသီး ရရှိခဲ့ ကြပါသည်။     

မြန်မာနိုင်ငံ၏ ထွန်းသစ်စ Startup ကုမ္ပဏီများသည် 2021 ASEAN-Korea Startup Week အစီအစဉ်တွင် ပါဝင်ခြင်းဖြင့် ကိုရီးယားသမ္မတနိုင်ငံ၏ စီးပွားရေးလုပ်ငန်းရှင် များနှင့် အာဆီယံအဖွဲ့ဝင်နိုင်ငံများ၏ ICT အခြေပြုတက်သစ်စလုပ်ငန်းရှင်များအကြား လက်ရှိဖြစ်ပေါ်နေသော နည်းပညာဆိုင်ရာ သတင်းအချက်အလက်များကို ဖလှယ်နိုင် ခြင်း၊ ကိုရီးယားသမ္မတနိုင်ငံ၏ အတွေ့အကြုံများကို လေ့လာနိုင်ခြင်း၊ တောင်ကိုရီးယား ရင်းနှီးမြှုပ်နှံသူများနှင့် တိုက်ရိုက်ချိတ်ဆက်နိုင်ခြင်းဖြင့် စီးပွားရေးရင်းနှီးမြှုပ်နှံမှု ဆိုင်ရာ အခွင့်အလမ်းများရရှိကာ အပြန်အလှန်လုပ်ငန်းများ တိုးတက်စေခြင်း စသည့်အကျိုးကျေးဇူးများကို ရရှိခဲ့ကြပါသည်။

ဤအစီအစဉ်တွင် အာဆီယံနိုင်ငံများအကြား မြန်မာနိုင်ငံက (၂) နှစ်ဆက်တိုက် ဆုရရှိခဲ့ခြင်းဖြစ်ပြီး၊ ၂၀၂၀ ပြည့်နှစ်တွင် Village Link Co., Ltd. က “ပထမဆု” ရရှိခဲ့ကာ၊ ယခု ၂၀၂၁ ခုနစ်တွင် RecyGlo Co., Ltd. က “တတိယဆု” ကို ရရှိခဲ့ခြင်းဖြစ်ပါသည်။ ယခုနှစ်တွင်လည်း 2021 ASEAN-Korea Startup Week အစီအစဉ်သို့ မြန်မာနိုင်ငံက ပါဝင်ယှဉ်ပြိုင်သည့် အဆိုပြုကုမ္ပဏီအများဆုံးဖြစ်ခဲ့၍ လိုအပ်သကဲ့သို့ ပံ့ပိုးဆောင်ရွက်ပေးခဲ့ကြပါသော မြန်မာသံရုံး၊ ဆိုးလ်မြို့နှင့် သက်ဆိုင်ရာဝန်ကြီးဌာနများက တာဝန်ရှိ သူများကို AKC က ကျေးဇူးတင်ရှိပါကြောင်း  AKC ၏ အတွင်းရေးမှူးချုပ်က မြန်မာသံရုံး၊ ဆိုးလ်မြို့၏ စီးပွားရေးသံမှူးသို့ သီးခြားဆွေးနွေးပြောကြားခဲ့ပါသည်။ အာဆီယံ ဒေသရှိ ထွန်းသစ်စ Startup လုပ်ငန်းများအားမြှင့်တင်ပေးသည့် အရှေ့တောင်အာရှဒေသရှိ Startup Unicorn များကိုမွေးထုတ်ပေးရာ ဤ ASEAN-Korea Startup Week အစီအစဉ်တွင် မြန်မာနိုင်ငံမှ (၂) နှစ် ဆက်တိုက် ဆုရရှိခဲ့မှုအား ဂုဏ်ယူစွာဖြင့် တင်ပြလိုက်ရပါသည်။

(မြန်မာစီးပွားရေးသံမှူး ၊ ဆိုးလ်မြို့)

Category: Korea