China (HongKong)

Apple ကုမ္ပဏီသည် တရုတ်နိုင်ငံပြင်ပ အရောင်းဆိုင်များအား နှစ်ပတ်ကြာ ပိတ်ထားခြင်း

Last Updated:

ကိုရိုနာဗိုင်းရပ်စ်ရောဂါ ကူးစက်ပျံ့နှံ့မှု လျော့နည်းစေရန် တရုတ်ပြည်မကြီးပြင်ပရှိ Apple ထုတ်ကုန်ပစ္စည်းများ ရောင်းချသည့် ရာပေါင်းများစွာသော စတိုးဆိုင်များ အား ၂၇-၃-၂၀၂၀ ရက်နေ့အတွင်း ပိတ်ထားခဲ့သည်ဟု Apple ကုမ္ပဏီမှ ပြောကြားကြောင်း၊ ကိုရိုနာဗိုင်းရပ်စ်ရောဂါ ကူးစက်ပျံ့နှံ့မှု လျော့ချရန်မှာ လူစုလူဝေးများ ပြုလုပ်ခြင်းနှင့် လူများအလှမ်းဝေးကွာစွာ နေထိုင်သင့်ကြောင်း၊ တရုတ်ပြည်မကြီး ပြင်ပ၌ Apple ထုတ်ကုန်ပစ္စည်းများ ရောင်းချသည့် ဆိုင်ပေါင်း (၄၆၀) ဆိုင်ရှိပြီး အမေရိကန် ပြည်ထောင်စု၌ (၂၇၀) ဆိုင်ရှိကြောင်း၊ ကိုရိုနာဗိုင်းရပ်စ် ရောဂါ ကူးစက်ပျံ့နှံ့မှုကြောင့် အီတလီနှင့် စပိန်နိုင်ငံတို့တွင် ဆိုင်များအား အစောဆုံးပိတ်ခဲ့ကြောင်း၊ ထိုကဲ့သို့ လုပ်ဆောင်ခြင်းမှာ ကောင်းမွန်သည်ဟု အမေရိကန်သမ္မတ Mr. Donal Trump က ပြောကြားခဲ့ကြောင်း၊ တရုတ်ပြည်မကြီးတွင် Apple ဆိုင် (၄၂) ဆိုင်၊ ဟောင်ကောင်နှင့် ထိုင်ဝမ် တို့တွင် Apple ဆိုင် (၁၀) တို့မှာ ယခုအချိန်အထိ ဆက်လက်ဖွင့်ထားသေးကြောင်း၊ အချိန်ပိုင်း အလုပ်သမားများအတွက် ပုံမှန် လစာများ ဆက်လက် ရရှိသွားမည်ဖြစ်ကြောင်း၊ Apple ကုမ္ပဏီ အနေဖြင့် ကိုရိုနာဗိုင်းရပ်စ်ရောဂါ တိုက်ဖျက်ရန် အမေရိကန်ဒေါ်လာ ၁၅ မီလီယံလှူဒါန်းခဲ့ကြောင်း၊  အမေရိကန်အခြေစိုက် နည်းပညာကုမ္ပဏီများ၏ Apple ထုတ်ကုန်ပစ္စည်းများအတွက် တန်ဖိုး ကွင်းဆက် ထုတ်လုပ်မှုမှာ တရုတ်နိုင်ငံအပေါ် မှီခိုလျှက်ရှိသောကြောင့် ကိုရိုနာဗိုင်းရပ်စ်ကူးစက် ပျံ့နှံ့မှုကြောင့် သက်ရောက်မှုများကို သိသာစွာ ခံစားနေရကြောင်း၊ တရုတ်နိုင်ငံတွင် စက်ရုံများ ပိတ်ထားမှုကြောင့် iPhone နှင့် iPad Pro များ မှာယူမှုအား ရောင်းချ နိုင်ရန်ကန့်သတ်မှုများဖြစ်နေကြောင်း၊ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ပျံ့နှံ့မှု၏ ဆိုးကျိုးသက်ရောက်မှုအား Apple  ကုမ္ပဏီမှ ပထမဦးဆုံး ခံစားနေရကြောင်း၊ ယခုနှစ်တွင် Apple  ထုတ်ကုန်ပစ္စည်းများ၏ လက်ကျန်မှာ ၅.၃ ရာခိုင်နှုန်းအထိ လျော့ကျသွား နိုင်ကြောင်း ၁၇-၃-၂၀၂၀ ရက်နေ့ထုတ် South China Morning Post သတင်းစာ၌ “Apple shuts non-China stores for two weeks”  ခေါင်းစဉ်ဖြင့် ရေးသားဖော်ပြထားပါသည်။

 

(မြန်မာစီးပွာရေးသံမှူး၊ ဟောင်ကောင်)

Category: China (HongKong)