China (HongKong)

Banco Delta Asia လုပ်ငန်းအသစ်များ စတင်လုပ်ကိုင်မည်

Last Updated:

Banco Delta Asia ဘဏ်အား ၂၀၁၅ ခုနှစ်မှ စတင်၍ အမေရိကန်အစိုးရမှ (၁၅) နှစ်ကြာကန့်သတ်ပိတ်ပင်ထားခဲ့ရာမှ ပြန်လည်ဖြေလျော့ပေးခဲ့ကြောင်း၊ ယခုကဲ့သို့ဖြေလျော့ခြင်းမှာ ဘဏ်လုပ်ငန်း ရှေ့ဆက်ဆောင်ရွက်ရန် အတွက် အရေးကြီးသည့်အချက်ဖြစ်ကြောင်း၊ ပုံစံမျိုးစုံဖြင့် ဖြစ်ပွားနေသောငွေကြေးခဝါချမှုအား တိုက်ဖျက်ချေမှုန်းရန် အမေရိကန်အစိုးရ၏ Financial Crimes Enforcement Network နှင့်လည်း ဆက်လက်ဆွေးနွေးသွားမည် ဖြစ်ကြောင်း၊ Banco Delta Asia ဘဏ်သည် အမေရိကန်၏ ကန့်သတ်ပိတ်ပင်မှုများခံစားရခြင်းနှင့် မညီမျှသော ယှဉ်ပြိုင်မှုများနှင့် ရင်ဆိုင်ခဲ့ရသောနှစ်များစွာအတွင်း ခက်ခဲမှုများနှင့် အတွေ့အကြုံကောင်းများလည်း ရရှိခဲ့ကြောင်း၊ တရုတ်ပြည်မကြီး ဗဟိုအစိုးရနှင့်မကာအို အထူးအုပ်ချုပ်ရေးဒေသအစိုးရတို့ကိုလည်း ကျေးဇူးတင်ရှိကြောင်း၊ အမေရိကန်တရားရုံးအပေါ် လည်း ကျေးဇူးကြွေးတင်လျက်ရှိကြောင်း၊ ၎င်း၏သမီးဖြစ်သူ Ms. Au Lai-chong နှင့် ဆက်လက်၍စီးပွားရေးလုပ်ငန်းအမျိူးမျိုးကို တိုးချဲ့လုပ်ကိုင်သွားမည်ဖြစ်ကြောင်း၊ မဟာပင်လယ်ကွေ့ဒေသ၊ မကာအိုနှင့် ဟောင်ကောင်ဒေသရှိ စီးပွားရေးလုပ်ငန်းလုပ်ကိုင်သူများအတွက် ပြည်ပရှိပစ္စည်းဥစ္စာ ပိုင်ဆိုင်မှုများ၊ အိမ်ခြံ‌မြေလုပ်ငန်းများနှင့် ပုဂ္ဂလိကဘဏ် ဝန်ဆောင်မှုလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရန်အတွက် အမေရိကန်ဒေါ်လာ ငွေကြေးလုပ်ငန်းများ ပြန်လည်စတင်နိုင်ရန်ရှာဖွေဆောင်ရွက်မည်ဖြစ်ကြောင်း၊ ၁၉၃၅ ခုနှစ်တွင် စတင်တည်ထောင်ခဲ့သော Delta Asia Financial Group ၏ (၈၅) နှစ်မြောက် နှစ်ပတ်လည်ကို ယခုနှစ်အတွင်းကျင်းပပြုလုပ်သွားမည် ဖြစ်ကြောင်း၊ ဘဏ်လုပ်ငန်းခွဲများကို ယခင်ထက်ပိုမိုကောင်းမွန်အောင် ပြုပြင်မှုများ၊ ငွေကြေးစီမံခန့်ခွဲမှု လုပ်ငန်းအမျိုးမျိုးကိုတိုးချဲ့လုပ်ကိုင်ခြင်းများ၊ ငွေကြေးဝန်ဆောင်မှု လုပ်ငန်းများကို ဒစ်ဂျစ်တယ်လ်စနစ်ဖြင့် အပြည့်အဝလုပ်ကိုင်သွားမည်ဖြစ်ကြောင်း၊ ၎င်း၏မွေးရပ်မြေဖြစ်သော မကာအိုဒေသဖွံ့ဖြိုး တိုးတက်အောင်ဆောင်ရွက်မည်ဖြစ်ကြောင်း၊ မကာအို‌ဒေသရှိဘဏ်နှင့် ဟောင်ကောင်ဒေသရှိ Delta Asia Financial Group တို့၏ စီးပွားရေးလုပ်ငန်းများ တိုးတက်အောင်၎င်း၏သမီးဖြစ်သူနှင့်အတူ ဆက်လက်လုပ်ကိုင် သွားမည်ဖြစ်ကြောင်း Delta Asia Financial Group ၏ ဥက္ကဋ္ဌဖြစ်သူ Mr. Stanley Au က ပြောကြားခဲ့ကြောင်း ၂၀၂၀ ပြည့်နှစ်၊  ဩဂုတ်လ ၁၃ ရက်နေ့ထုတ် South China Morning Post သတင်းစာ၌ “Banco Delta Asia embarks on a new journey” ခေါင်းစဉ်ဖြင့် ရေးသားဖော်ပြထားပါသည်။

 

 (မြန်မာစီးပွားရေးသံမှူး၊ ဟောင်ကောင်)

Category: China (HongKong)