USA

Bitcoin တန်ဖိုး ထက်ဝက်ခန့် ကျဆင်း

Last Updated:

ကမ္ဘာ့ဈေးကွက်တန်ဖိုးအကြီးဆုံး ခရစ်ပ်တိုငွေကြေးတစ်မျိုးဖြစ်သည့် Bitcoin တန်ဖိုးသည် ၂၄ နာရီအတွင်း ၉ ရာခိုင်နှုန်း ကျဆင်း ခဲ့သည့်အတွက် ၂၂-၁-၂၀၂၂ ရက်နေ့တွင် အမေရိကန်ဒေါ်လာ ၃၅,၀၀၀ ခန့်သာ တန်ဖိုးရှိတော့ကြောင်း၊ Bitcoin သည် ၂၀၂၁ ခုနှစ်၊ နိုဝင်ဘာလတွင် တစ်ယူနစ်လျှင် အမေရိကန်ဒေါ်လာတန်ဖိုး ၇၀,၀၀၀ ရှိခဲ့ရာမှ ထက်ဝက်ခန့် တန်ဖိုးကျဆင်းခဲ့ခြင်းဖြစ် ကြောင်း၊ ယခုနှစ်စမှ ၂၂-၁-၂၀၂၂ ရက်နေ့တွင် ၂၃ ရာခိုင်နှုန်းခန့် တန်ဖိုးကျဆင်းခဲ့ကြောင်း၊ ထို့အတူ ဒုတိယဈေးကွက်တန်ဖိုး အကြီးဆုံး ခရစ်ပ်တိုငွေကြေးဖြစ်သည့် Ethereum သည်လည်း ၂၄ နာရီအတွင်း ၁၅ ရာခိုင်နှုန်းခန် တန်ဖိုးကျဆင်းခဲ့သည့်အတွက် ယခုနှစ်စမှ ၂၂-၁-၂၀၂၂ ရက်နေ့တွင် ၃၅ ရာခိုင်နှုန်းခန့် တန်ဖိုးကျဆင်းခဲ့ကြောင်း ၂၂-၁-၂၀၂၂ ရက်နေ့ထုတ် Washington Post တွင် ဖော်ပြထားပါသည်။

နှစ်လတာကာလအတွင်း ကမ္ဘာ့ခရစ်ပ်တိုငွေကြေးရောင်းချမှု တရှိန်ထိုးမြင့်တက်ခဲ့ပြီးနောက် ၂၄ နာရီအတွင်း တန်ဖိုးချက်ချင်း ကျဆင်းခဲ့ရာတွင် အမေရိကန်ဒေါ်လာ ၁.၄ ထရီလီယံခန့်ရှိ တန်ဖိုးကျဆင်းခဲ့ခြင်းဖြစ်ကြောင်း၊ ၂၀၂၁ ခုနှစ်၊ နိုဝင်ဘာလ အစော ပိုင်းက တန်ဖိုး အမေရိကန်ဒေါ်လာ ၃ ထရီလီယံ ခန့်ထိ မြင့်ခဲ့ပြီးနောက် ၂၂-၁-၂၀၂၂ ရက်နေ့ မွန်းလွဲပိုင်းတွင် ခရစ်ပ်တိုငွေကြေး တန်ဖိုးစုစုပေါင်း အမေရိကန်ဒေါ်လာ ၁.၆ ထရီလီယံခန့်ကျော်သာ တန်ဖိုးရှိတော့ကြောင်း၊ Bitcoin နှင့် အခြားသော ခရစ်ပ်တို ငွေကြေးတန်ဖိုးများကို လက်ခံထောက်ပံ့သူများက ခရစ်ပ်တိုငွေကြေးများကို ငွေကြေးအသွင်ပြောင်းလဲကာ တန်ဖိုးထိန်းသိမ်းရန် (သို့) ငွေပေးချေမှုအသွင်အဖြစ် ပြောင်းလဲအသုံးပြုသွားကြရန် အကြံပြုကြကြောင်း ဖော်ပြထားပါသည်။

မကြာမီလများက သန်းပေါင်းများစွာသော အမေရိကန်နိုင်ငံသားများက ဒစ်ဂျစ်တယ်ရွှေကို အများအပြား ရင်းနှီးမြှုပ်နှံလာကြ သည့်အတွက် ယခုကဲ့သို့ ခရစ်ပ်တိုငွေကြေးတန်ဖိုး ကျဆင်းလာခြင်းဖြစ်ကြောင်း၊ Bitcoin ငွေကြေးထောက်ပံ့သူများက ၎င်းတို့ ခရစ်ပ်တိုငွေကြေးသည် ၎င်းတို့ အကန့်အသတ် ရောင်းလိုအားပေါ်မူတည်ခြင်းဖြစ်ကြောင်း၊ ခရစ်ပ်တိုငွေကြေးသည် တိုကင် ၂၁ သန်းသာ ရောင်းချပေးနိုင်သည့်အတွက် ရောင်းချမှု မြန်မြန်ဆန်ဆန်ဖြစ်ပေါ်လာမှုအပေါ် တန်ဖိုးကျဆင်းခဲ့ခြင်းဖြစ်သည်ဟု ပြော ကြားခဲ့ကြကြောင်း၊ ငွေကြေးဖောင်းပွနေစဉ်အတွင်း ငွေကြေးများကို စိတ်ချရသည့်နေရာတွင် ခေတ္တထိန်းသိမ်းထားနိုင်ရန် ဆောင် ရွက်သင့်သည်ဟု အကြံပြုကြကြောင်း၊ ကုန်စည်ဈေးနှုန်းများသည်လည်း နှစ်ပေါင်း ၄၀ အတွင်း အလျင်မြန်ဆုံးနှုန်းဖြင့် မြင့်တက် လျက်ရှိကြောင်း၊ ယင်းအခြေအနေကို ထိန်းသိမ်းနိုင်ရန် ဗဟိုဘဏ်အနေနှင့် ဘဏ်တိုးနှုန်းများမြှင့်တင်ရန် စီစဉ်လျက်ရှိပြီး ရင်းနှီး မြှုပ်နှံသူများကို ဘဏ်များသို့ လာရောက်အပ်နှံရေး ဆောင်ရွက်သွားမည်ဖြစ်ကြောင်း  ဖော်ပြထားပါသည်။

မကြာမီရက်များအတွင်း စတော့ရှယ်ယာရောင်းချမှု များပြားခဲ့သည့်အတွက်  သီတင်းပတ်တစ်ပတ်အတွင်း Dow Jones industrial average က တန်ဖိုး ၃.၉ ရာခိုင်နှုန်း၊ S&P 500 က ၅.၁ ရာခိုင်နှုန်း၊ Nasdaq composite index က ၆.၂ ရာခိုင်နှုန်း အသီးသီးကျဆင်းခဲ့ကြောင်း၊ ရင်းနှီးမြှုပ်နှံသူများက စတော့ရှယ်ယာများမှ  ခရစ်ပ်တိုငွေကြေးများဆီသို ပြောင်းရွေ့စုပုံရင်းနှီးခဲ့ကြ ကြောင်း၊ ယခုအခါ ခရစ်ပ်တိုငွေကြေးများတွင် ရင်းနှီးမှုများမှ မြန်မြန်ဆန်ဆန် ပြန်လည်ထုတ်ယူလျက်ရှိကြကြောင်း ဖော်ပြထား ပါသည်။

Bitcoin သည် နောက်လာမည့် ရွှေအမျိုးအစားတစ်ခု (next-generation gold) အဖြစ် နေရာယူလာမည်ကို ယုံကြည်သည်ဟု Matt Maley, chief market strategist for Miller Tabak + Co. ၏ ဈေးကွက်မဟာဗျူဟာသုတေသီချုပ်ဖြစ်သူ Mr. Matt Maley ကပြောကြားခဲ့ကြောင်း ဖော်ပြထားပါသည်။

ယခုကဲ့သို့ Bitcoin တန်ဖိုး ၅၀ ရာခိုင်နှုန်းခန့် တန်ဖိုးကျဆင်းခဲ့သည့်အတွက် ကမ္ဘာ့ထိပ်တန်း နည်းပညာကုမ္ပဏီကြီးများဖြစ်သည့် Tesla က အမေရိကန်ဒေါ်လာ ၂၅.၁ ဘီလီယံ၊ Amazon က အမေရိကန်ဒေါ်လာ ၁၉.၉ ဘီလီယံ၊ Meta (Facebook) က အမေရိကန်ဒေါ်လာ ၁၀.၄ ဘီလီယံ၊ Google က အမေရိကန်ဒေါ်လာ ၇.၆ ဘီလီယံ နှင့် Microsoft က အမေရိကန်ဒေါ်လာ ၄.၃ ဘီလီယံ အသီးသီးဆုံးရှုံးခဲ့ကြပြီး စုစုပေါင်း အမေရိကန်ဒေါ်လာ ၆၇ ဘီလီယံ ဆုံးရှုံးခဲ့ကြောင်း လေ့လာတွေ့ရှိရပါသည်။

(မြန်မာစီးပွားရေးသံမှူး၊ ဝါရှင်တန်ဒီစီမြို့)

https://www.washingtonpost.com/business/2022/01/22/crypto-crash-bitcoin-fed/

Category: USA