Australia

COVID တိုက်ဖျက်ရေး စီမံချက်များအရ ဟောင်ကောင်သည် သြစတြေးလျနှင့် အခြားနိုင်ငံ (၇) နိုင်ငံမှ လေယာဉ်ပျံသန်းမှုများကို ၂ ပတ်ကြာ ပိတ်ပင်သွားမည်

Last Updated:

ဟောင်ကောင်သည် သြစတြေးလျအပါအဝင် နိုင်ငံရှစ်နိုင်ငံမှ လေကြောင်းခရီးစဉ်များကို စနေနေ့မှစတင်ကာ နှစ်ပတ်ကြာ ပိတ်ပင်မည်ဖြစ်ပြီး အာဏာပိုင်များက မြို့တော်တွင် ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှုလှိုင်းသစ်ကို စိုးရိမ်သောကြောင့် ဒေသတွင်း COVID-19 ကန့်သတ်ချက်များကို တင်းကျပ်ထားကြောင်း ABC သတင်းဌာန သတင်းအရသိရှိရသည်။

COVID-19 လူနာတစ်ဦး၏ အဆက်အသွယ်များအနက် အချို့မှာ ဆိပ်ကမ်းသို့ အမြန်ပြန်လည်ကပ်ရန် အမိန့်ပေးခံရသည့် “Royal Carribbean သင်္ဘော”ပေါ်တွင် လိုက်ပါခဲ့ကြသူများဖြစ်ရာ ကျန်းမာရေးအာဏာပိုင်များက မြို့ကိုပိတ်ဆို့ရှာဖွေလျက်ရှိပြီး၊ နောက်ဆုံးကန့်သတ်ချက်များကို ထုတ်ပြန်ကြေငြာခဲ့ခြင်း ဖြစ်ပါသည်။ ဩစတြေးလျ၊ ကနေဒါ၊ ပြင်သစ်၊ အိနိ္ဒယ၊ ပါကစ္စတန်၊ ဖိလစ်ပိုင်၊ ဗြိတိန်နှင့် အမေရိကန်နိုင်ငံတို့မှ ဝင်ရောက်လာမည့် လေယာဉ်ခရီးစဉ်များအပြင် ကူးပြောင်းသွားလာ မည့် ခရီးသည်များကို ဇန်နဝါရီ ၈ ရက်မှ ဇန်နဝါရီ ၂၁ ရက် အထိ ပိတ်ပင်မည်ဖြစ်ကြောင်း သိရှိရပါသည်။

အစိုးရက သောကြာနေ့မှစတင်ကာ ညနေ ၆ နာရီနောက်ပိုင်းတွင် ဆိုင်တွင်းစားသောက်မှုများကို တားမြစ်မည်ဖြစ်ပြီး၊ ရေကူးကန်များ၊ အားကစားစင်တာများ၊ ဘားများ နှင့် ကလပ်များ၊ ပြတိုက်များနှင့် အခြားနေရာများကို အနည်းဆုံး နှစ်ပတ်ကြာ ပိတ်နိုင်ကြောင်းနှင့် အပျော်စီးသင်္ဘောခရီးစဉ်များကို ဖျက်သိမ်းထားကြောင်း သိရှိရသည်။

ကန့်သတ်ချက်များ၏ တစ်စိတ်တစ်ပိုင်းအနေဖြင့် ဟောင်ကောင်သည် အနီးနားရှိ ရေပြင်တွင် အပျော်စီးခရီးတိုများကို ကန့်သတ်ထားပြီး သင်္ဘောများ၏ စွမ်းဆောင် ရည်လျှော့ချရန်နှင့် ဗိုင်းရပ်စ်ပိုးစမ်းသပ်ရာတွင် မရှိသည့်ခရီးသည်များနှင့် ကာကွယ်ဆေးထိုးပြီးခရီးသည်များကိုသာ ခွင့်ပြုရန် တောင်းဆိုထားသည်။ ဟောင်ကောင်မြို့ လယ်ရှိ ဗစ်တိုးရီးယားပန်းခြံ၊ အသစ်ဖွင့်လှစ်ထားသော M+ ခေတ်သစ်အနုပညာပြတိုက်၊ ကူးတို့ဆိပ်များ၊ စားသောက်ဆိုင်များ၊ စတိုးဆိုင်များ၊ ဆေးခန်းများသည် စာရင်း ဝင်နေရာများထဲတွင် ပါဝင်လျက်ရှိပါသည်။

မကြာသေးမီက ကိုဗစ်လူနာများနှင့် အနီးကပ်ထိတွေ့ဆက်ဆံမှုများကြောင့် ဟောင်ကောင်တစ်ဝှမ်းရှိ ဒါဇင်နှင့်ချီသော နေရာများသို့ ရောက်ဖူးသူများသည် မလုပ်မနေရ ကိုဗစ် စမ်းသပ်ခြင်းပြုလုပ်ရန် သတိပေးချက်ကိုထုတ်ပြန်ခဲ့ကြောင်း အစိုးရကသီးခြားထုတ်ပြန်ချက် တစ်ခုတွင် ဖော်ပြထားသည်။

(မြန်မာစီးပွားရေးသံမှူး၊ ကင်ဘာရာမြို့)

Source: www.abc.net.au

Category: Australia