China (HongKong)

COVID-19 ကြောင့် ဈေးကွက်ကျဆင်းလျှက်ရှိရာ New World Development ကဟောင်ကောင် စီမံကိန်းကြီးအား မျှော်မှန်းဈေးအောက်နိမ့်ကျသည့် ဈေးနှုန်းဖြင့် စတင်မည်ဖြစ်ခြင်း

Last Updated:

COVID-19 တတိယလှိုင်းကြောင့်ဟောင်ကောင်ဒေသ၌ဆယ်စုနှစ်တစ်ခုအတွင်း စီးပွားရေးကျဆင်းလျှက်ရှိကာ အိမ်ခြံမြေလုပ်ငန်းများအပေါ် သက်ရောက်လျှက်ရှိသောကြောင့် ဟောင်ကောင်အိမ်ခြံမြေလုပ်ငန်းကုမ္ပဏီ New World Development သည် ရှတင် (Sha Tin) ရှိ The Pavilia Farm  စီမံကိန်းအား မျှော်မှန်းထားသည့် ဈေးထက်နိမ့်ကျသည့် ဈေးနှုန်းဖြင့် စတင်လုပ်ကိုင်မည်ဖြစ်ကြောင်း၊ အဆိုပါစီမံကိန်းမှာ ၂၀၂၂ ခုနှစ်၊ ဇွန်လတွင် လုပ်ငန်းပြီးမြောက်မည်ဖြစ်ကြောင်း၊ ၂၀၁၈ ခုနှစ်၊ ဇူလိုင်က စတင်လုပ်ကိုင်ခဲ့ပြီး ၂၀၁၉ ခုနှစ်၊ မတ်လတွင် လုပ်ငန်းပြီးမြောက်ခဲ့သည့် The Garrison စီမံကိန်းနှင့် နှိုင်းယှဉ်လျှင် ယခုဈေးနှုန်းမှာ (၁၆) ရာခိုင်နှုန်း ဈေးနှုန်း လျှော့ထားခြင်းဖြစ်ကြောင်း၊ စီးပွားရေးလုပ်ဆောင်မှုများ ကျဆင်းခြင်းနှင့် အလုပ်လက်မဲ့နှုန်းများ မြင့်တက်လာမှုကြောင့် တိုက်ခန်းဈေးနှုန်းများ ကျဆင်းခြင်းဖြစ်ကြောင်း၊ COVID-19 တတိယလှိုင်းအတွင်း ဩဂုတ်လကုန်အထိ ဟောင်ကောင်ဒေသ၏ အလုပ်လက်မဲ့နှုန်းမှာ (၃) လအတွင်း (၆.၁)ရာခိုင်နှုန်းအောက် နိမ့်ကျသွားခြင်းမရှိကြောင်း၊ ကုမ္ပဏီများကလည်း ကုန်ကျစရိတ်များ လျှော့ချခြင်းကြောင့် ဟောင်ကောင်ဒေသ၏ စီးပွားရေးလုပ်ငန်းများ၏ နေရာလွတ်များမှာ (၇.၃) ရာခိုင်နှုန်း မြင့်တက်ခဲ့ကြောင်း၊ စက်တင်ဘာလအတွင်း ဟောင်ကောင်ရှိ ရုံးခန်းနေရာလွတ် (၇.၈) မီလီယံ စတုရန်းပေရှိခဲ့ရာ ၁၉၉၉ ခုနှစ်ကစတင်၍ အမြင့်ဆုံးဖြစ်ခဲ့ကြောင်း၊ ၂၀၂၀ ပြည့်နှစ်၊ စတုတ္ထလေးလပတ်အတွင်း အလုပ်လက်မဲ့နှုန်း (၇) ရာခိုင်နှုန်းမြင့်တက်ရန် ခန့်မှန်းထားကြောင်း၊ ပညာရှင်များ မှာလည်း ၎င်းတို့၏အလုပ်များဆုံးရှုံးမည်ကို စိုးရိမ်လျှက်ရှိကြောင်း၊ ဟောင်ကောင်အုပ်ချုပ်ရေးမှူးချုပ် Mrs. Carrie Lam Cheng Yuet-ngor က ဟောင်ကောင်ဒေသ၏ တိုက်ခန်းများ ပြတ်လပ်မှုမဖြစ်စေရန် တိုက်ခန်းများကို ဖြည့်စည်းပေးနိုင်ရန်အတွက် မူဝါဒပြောကြားခဲ့ခြင်းကြောင့် The Pavilia Farm  စီမံကိန်း၏ ပထမအဆင့်ဈေးနှုန်း သတ်မှတ်ခဲ့ခြင်းဖြစ်ကြောင်း၊ တိုက်ခန်းအဟောင်းများ၏ ဈေးနှုန်းမှာလည်း ဆက်လက်ကျဆင်း လျှက်ရှိကြောင်း၊ ဩဂုတ်လအတွင်း (၁.၁) ရာခိုင်နှုန်း ကျဆင်းခဲ့ပြီး၊ မေလက (၄.၁) ရာခိုင်နှုန်းကျဆင်းခဲ့ရာ အမြင့်ဆုံး ကျဆင်းခဲ့ခြင်းဖြစ်ကြောင်း၊  COVID-19 ဖြစ်ပွားနေမှုအား ဖြေရှင်းနိုင်ကြခြင်းမရှိသေးဘဲ စီးပွားရေးနှင့်ပတ်သက်၍လည်း စိုးရိမ်ပူပမ်လျှက်ရှိကြောင်း၊ တိုက်ခန်းဈေးနှုန်း အရမ်း မြင့်မားလျှင် ရောင်းချရမည်မဟုတ်ကြောင်း၊ The Pavilia Farm  စီမံကိန်းတွင် တိုက်ခန်းစုစုပေါင်း (၃၀၉၀) ခန်း ပါဝင်မည်ဖြစ်ပြီး လုပ်ငန်း အဆင့် ပေါင်းများစွာဖြင့် ဆောက်လုပ်သွားမည်ဖြစ်ကြောင်း၊ ပထမအဆင့်တွင် တိုက်ခန်း (၇၈၃) ခန်း ဆောက်လုပ်မည်ဖြစ်ပြီး (၆၅၀,၀၀၀) စတုရန်းပေ ကျယ်ဝန်းသည့် ဈေးဝယ်စင်တာလည်းပါဝင်မည်ဖြစ်ကြောင်း  ၂၀၂၀ ပြည့်နှစ်၊ အောက်တိုဘာလ ၉ ရက်နေ့ထုတ် South China Morning Post သတင်းစာ၌ Sandy Li နှင့် Pearl Liu  တို့က “New World Development launches mega Hong Kong project at lower-than-expected prices, as Covid-19, recession weigh on market” ခေါင်းစဉ်ဖြင့် ရေးသားဖော်ပြထားပါသည်။

 

(မြန်မာစီးပွားရေးသံမှူး၊ ဟောင်ကောင်)

Category: China (HongKong)