China (HongKong)

COVID-19 ကြောင့် ဒစ်ဂျစ်တယ်လ်စီးပွားရေး အရှိန်မြင့်တက်လာကြောင်း South China Morning Post အင်တာနက်အစီရင်ခံစာ ၂၀၂၀ ၌ ဖော်ပြထားခြင်း

Last Updated:

ကမ္ဘာ့ကပ်ရောဂါ COVID-19 ဖြစ်ပွားမှုကြောင့် တရုတ်နိုင်ငံရှိ ပြည်သူများမှာ ၎င်းတို့၏ နေ့စဉ်လူနေမှုဘဝအတွက် နည်းပညာများ အသုံးပြုလာကြောင်း၊ အွန်လိုင်းမှ ဝယ်ယူစားသုံးမှုများနှင့် အလုပ်လုပ်ကိုင်ခြင်းများ မြင့်တက်လာကြောင်း၊ COVID-19  ကြောင့် တရုတ်၏ အင်တာနက်လုပ်ငန်းများတိုးတက်လာကြောင်းနှင့် နိုင်ငံတစ်ဝန်းတွင် မီဒီယာအသုံးပြုမှုများ ဖြည်းဖြည်းချင်း ပြောင်းလဲလာ ကြောင်း၊ 5G အင်တာနက် ၊  AI နှင့် ငွေကြေးနည်းပညာ (Fintech)၊ e-commerce ၊ chips content social media health care များ ဖွံ့ဖြိုးတိုးတက်လာပြီး တရုတ်နိုင်ငံ၏ နည်းပညာကဏ္ဍ ပိုမိုတိုးတက် လာကြောင်း၊ တရုတ်နိုင်ငံ၌ အင်တာနက်အသုံးပြုသူ ၉၀၀ မီလီယံကျော်ရှိပြီး တစ်ဦးချင်းစီ၏ သုံးစွဲမှု မှာ၂၀၁၉ ခုနှစ်၊ မတ်လတွင် (၅.၆) နာရီရှိခဲ့ရာမှ ၂၀၂၀ ပြည့်နှစ်၊ မတ်လတွင် (၇.၂) နာရီအထိ မြင့်တက်ခဲ့ကြောင်း၊ ယခုအချိန်တွင် အင်တာနက်သုံးစွဲမှု မြင့်တက်ခြင်းမှာ ဈေးဝယ်ခြင်းနှင့် ဂိမ်းကစားခြင်းမျိုးသာမဟုတ်ဘဲ ကျန်းမာရေးစောင့်ရှောက်မှုနှင့် အွန်လိုင်းပညာရေး အစရှိသည့် ပြည်သူ့ ဝန်ဆောင်မှုလုပ်ငန်းများအတွက်ပါ အသုံးပြုလာခြင်းဖြစ်ကြောင်း၊ တရုတ်နိုင်ငံသည် ၂၀၂၀ ပြည့်နှစ် တွင် 5 G network ကို အဆင့်မြှင့်တင် ဆောင်ရွက်ရန်ရှိရာ တွန်းအားတစ်ခု ဖြစ်သွားကြောင်း၊ မိုဘိုင်းဖုန်းခေတ်သစ်အတွက် 5 G လက်ကိုင်ဖုန်းများလည်း မိတ်ဆက်ပေးလျက်ရှိကြောင်း၊ တရုတ်၏ အကြီးဆုံးနည်းပညာကုမ္ပဏီဖြစ်သည့် Huawei ကုမ္ပဏီသည် ကမ္ဘာလုံးဆိုင်ရာ 5 G network ဈေးကွက်ကို ဦးဆောင်ရန် လုပ်ကိုင် လျက်ရှိကြောင်း၊ အမေရိကန်နှင့် နည်းပညာတင်းမာမှုများ အရှိန်မြင့်တက်နေရာ တရုတ်အနေဖြင့် ဉာဏ်ရည်တု (Artificial Intelligence –AI) နှင့်  semiconductors တို့ကို ၎င်းတို့ဘာသာ ထုတ်လုပ်နိုင်ရန် တွန်းအားပေးဆောင်ရွက်လျက်ရှိကြောင်း၊ တရုတ်နိုင်ငံသည် AI chips များနှင့် အခြားသော အရေးကြီးသည့် အစိတ်အပိုင်းများ တင်သွင်းရန် လိုအပ်ဆဲဖြစ်ကြောင်း၊ 5 G ဈေးကွက်သည် ၂၀၂၀ ပြည့်နှစ်တွင် အမေရိကန်ဒေါ်လာ ၇၀ မှ ၈၅ ဘီလီယံအထိရှိနိုင်ပြီး 5 G အသင်းဝင်သူ(၁၆၀) မှ (၁၇၅) မီလီယံအထိ ရှိနိုင်ကြောင်း၊ Live streaming များသုံး၍ ရောင်းချမှုများလည်း မြင့်တက် လာကြောင်း၊ တရုတ်နည်းပညာ ကုမ္ပဏီများစွာသည်လည်း ဟောင်ကောင်နှင့် တရုတ်ပြည်မကြီးတွင် ဒုတိယအများဆုံး ရင်းနှီးမြှုပ်နှံ လာကြောင်း၊ ၂၀၁၉ ခုနှစ်၊ ဇွန်လတွင် တရုတ်နိုင်ငံ၌ ရိုးရာအစဉ်အလာအရ ယခုအချိန်ထိ ဆောင်ရွက်နေသည့် Science and Technology Innovation Board STAR market  ကို စတင်ဆောင်ရွက်ခဲ့ကြောင်း ၂၀၂၀ ပြည့်နှစ်၊ ဇူလိုင်လ ၇ ရက်နေ့ထုတ် South China Morning Post သတင်းစာ၌ Tracy Qu နှင့် Gareth Nicholson က “ SCMP’s China Internet Report 2020 finds that Covid-19 has accelerated digitization of economy” ခေါင်းစဉ်ဖြင့် ရေးသားဖော်ပြထားပါသည်။

 

(မြန်မာစီးပွားရေးသံမှူး၊ ဟောင်ကောင်)

Category: China (HongKong)