China (HongKong)

COVID-19 ကြောင့် နယ်စပ်ဖြတ်ကျော်မှုများ ကန့်သတ်ထားမှုကြောင့် တရုတ်ပြည်မကြီးမှ ခရီးသွားဧည့်သည်များ လာရောက်မှုမရှိသောကြောင့် ဟောင်ကောင်ဒေသအတွက် ‘ golden week’ အတွင်း ခရီးသွား လုပ်ငန်းမှ ဝင်ငွေ ဟောင်ကောင် ဒေါ်လာ (၂) ဘီလီယံကျော်ဆုံးရှုံးခဲ့ ခြင်း

Last Updated:

COVID-19 ကြောင့် ဟောင်ကောင်ဒေသ၏ ခရီးသွားလုပ်ငန်းများကျဆင်းလျှက်ရှိရာ ‘golden week’ (၄) ရက်တာကာလအတွင်း ခရီးသွား လုပ်ငန်းမှ ဝင်ငွေအနည်းဆုံး ဟောင်ကောင်‌ဒေါ်လာ (၂.၂၆) ဘီလီယံကျော် အမေရိကန် ဒေါ်လာ (၂၉၂) မီလီယံ ဆုံးရှုံးခဲ့ကြောင်း၊ နှစ်စဉ် အားလပ်ရက်များ‌ကြောင့် ခရီးသွားများ၂၀၁၉ ခုနှစ်က အစိုးရဆန့်ကျင် ဆန္ဒပြမှုများ ဖြစ်ပွားခဲ့ပြီး လာရောက်သည့် ခရီးသွားဦးရေ (၅၆၆,၀၀၀) ဦးရှိခဲ့မှုနှင့် နှိုင်းယှဉ်ရာတွင် ၂၀၂၀ ပြည့်နှစ်၊ အောက်တိုဘာလ (၁) ရက်နေ့မှ (၄) ရက်နေ့အတွင်း ခရီးသွားဧည့်သည်လာ‌ရောက်မှု (၉၁၈) ဦး သာရှိခဲ့ရာ ခရီးသွားများလာရောက်မှု ကျဆင်းခဲ့ကြောင်း၊ COVID-19 ကြောင့် ခရီးသွားလာမှုများ ကန့်သတ်ချက်များ ကြောင့် စီးပွားရေးလုပ်ငန်း များ အများဆုံးလုပ်ငန်းလုပ်ကိုင်နိုင်သည့် ကာလဖြစ်သည့် တရုတ်ပြည်မကြီးမှ ခရီးသွားများအများဆုံး လာရောက်မှုမရှိခဲ့ကြောင်း၊ ၂၀၂၀ ပြည့်နှစ်၊ Mid-Autumn Festival ကာလအတွင်း အားလပ်ရက် (၈) ရက်ရှိခဲ့သော်လည်း COVID-19 ကြောင့် ခရီးသွားလာမှုများ ကန့်သတ်ချက်များကြောင့် ခရီးသွားဧည့်သည်များ လာရောက်မှုလျော့ကျကာခရီးသွားလုပ်ငန်းမှ ဝင်ငွေများလျော့ကျခဲ့ကြောင်း၊ ဟောင်ကောင် ဒေသသို့ ဝင်ရောက်လာသူများအနေဖြင့် အသွားအလာကန့်သတ်စောင့်ကြည့်မှု (၁၄) ရက် နေထိုင်ရမည်ဖြစ်ရာ ခရီးသွားလုပ်ငန်းနှင့် ဆက်စပ်လုပ်ငန်းများဖြစ်သည့် ဟိုတယ် လုပ်ငန်းများ၊ လက်လီအရောင်းဆိုင် လုပ်ငန်းများနှင့် စားသောက်ဆိုင် လုပ်ငန်းများကို ပြင်းထန်စွာ ထိခိုက်လျှက်ရှိကြောင်းနှင့် ရောင်းချရမှုများမှာ ဒေသခံနေထိုင်သူများအပေါ်မှီခိုနေရကြောင်း၊ အားလပ်ရက်များတွင် ပြည်ပသို့သွားရောက်၍ အပန်းဖြေခရီးသွားရောက်လေ့ရှိသည့် ဟောင်ကောင်ဒေသခံများမှာ ဟောင်ကောင်၌သာ နေထိုင်ကြရာ ဟိုတယ်များ ငှားရမ်းရမှုမှာ (၉၀) ရာခိုင်နှုန်းရှိခဲ့ကြောင်း၊ အချို့သော ဟိုတယ် များမှာ အသွားအလာ ကန့်သတ်စောင့်ကြည့်မှုများနှင့် ယာယီနေထိုင်ရန် ငှားရမ်းမှု ကြောင့် ငှားရမ်းရမှုနှုန်းမှာ (၅၀) မှ (၆၀) ရာခိုင်နှုန်းကြားရှိကြောင်း၊ သို့သော် တရုတ်ပြည်မကြီးမှ လာရောက်မှုမှာ ၂၀၂၀ ပြည့်နှစ်၊ ဇန်နဝါရီလမှ ဩဂုတ်လအတွင်း (၉၂) ရာခိုင်နှုန်း ကျဆင်းခဲ့ကြောင်း၊ စားသောက်ကုန်လုပ်ငန်း ကဏ္ဍတွင် ခရီးသွားဧည့်သည့်များလာရောက်မှုမှ (၈) ရာခိုင်နှုန်းသာရှိပြီး ပြည်တွင်းစားသုံးမှုအပေါ်သာ မှီခိုနေရသောကြောင့် ၂၀၁၉ ခုနှစ်နှင့် နှိုင်းယှဉ်လျှင် (၂၅) ရာခိုင်နှုန်း ကျဆင်းခဲ့ကြောင်း၊ ယခုကာလအတွင်း လူအချင်းချင်း ခပ်ခွာခွာနေထိုင်ရန် စည်းမျဉ်း ဥပ‌ဒေ များကြောင့် စားသောက်ကုန်ကဏ္ဍမှ ဝင်ငွေများ ကျဆင်းခဲ့ခြင်းဖြစ်ကြောင်း၊ ဟောင်ကောင်ဒေသခံများမှာလည်း ပင်လယ်ကမ်းခြေများနှင့် ခြေလျင်တောင်တက်ရန် သွားရောက်ခြင်းတို့ ကြောင့် ‘golden week’ ကာလအတွင်း စားသောက်ကုန်လုပ်ငန်းများ၏ စီးပွားရေးလုပ်ငန်းများ ကောင်းမွန်ခြင်းမရှိကြောင်း၊ လုပ်ငန်းများအနေဖြင့် အမြတ်ရရှိရေးထက် ၎င်းတို့၏ဝန်ထမ်းများကို ဆက်လက်ထိန်းသိမ်းထားရန် ရည်ရွယ်ကြောင်း၊ ယခုရက်ပိုင်းအတွင်း ဟောင်ကောင်၌ လူအချင်းချင်းခပ်ခွာခွာနေထိုင်ရန် ကန့်သတ်ချက်များအား ဖြေလျှော့ပေးခြင်းကြောင့် ဒေသတွင်း ဈေးကွက်အခြေအနေနှင့် ဈေးအရောင်းစင်တာများတွင် လာရောက် သူများအနည်းငယ်တိုးတက်မှုရှိခဲ့ကြောင်း၊ နိုင်ငံတကာခရီးသွားလာမှု ကန့်သတ်ချက်များကြောင့် ဇိမ်ခံပစ္စည်းများအား ဝယ်ယူမှုနည်းပါးပြီး ဒေသတွင်းမှ ဝယ်လိုအားမှာလည်း တည်ငြိမ်လျှက်ရှိကြောင်း၊ ဇိမ်ခံပစ္စည်းကုန် အမှတ် တံဆိပ်ပစ္စည်းများ ရောင်းဝယ်မှုမှာ ဟောင်ကောင်‌ဒေသမှ တရုတ်နိုင်ငံ၏ တောင်ပိုင်းဒေသရှိ တစ်ခြားဒေသများ၊ ကွမ်ကျိုး၊ ရှန်းကျန့်နှင့် ဟိုင်းနန်ကျွန်းများသို့ ရွှေ့ပြောင်းသွားမည်ဖြစ်ကြောင်း၊ ၂၀၂၀ ပြည့်နှစ်၊ ဩဂုတ်လ အတွင်းတွင် ဈေးအရောင်းဝယ်စင်တာ (၃) ခုဖြစ်သည့် Olympic City ၊ Citywalk in Tsuen Wan နှင့်  Tuen Mun Town Plaza တို့တွင်ရောင်းချမှု (၃၀) ရာခိုင်နှုန်း မြင့်တက်ခဲ့ကြောင်း ၂၀၂၀ ပြည့်နှစ်၊ အောက်တိုဘာလ ၅ ရက်နေ့ထုတ် South China Morning Post သတင်းစာ၌ Cannix Yau က “Hong Kong suffers more than HK$ 2 billion in lost tourism revenue for ‘golden week’ , as COVID-19 border curbs keep mainland Chinese visitors away” ခေါင်းစဉ်ဖြင့် ရေးသားဖော်ပြထားပါသည်။

 

(မြန်မာစီးပွားရေးသံမှူး၊ ဟောင်ကောင်)

Category: China (HongKong)