China (HongKong)

COVID-19 ကြောင့် ဟောင်ကောင်ဒေသရှိ အာရှစတော့ရှယ်ယာများ ကျဆင်းလျှက်ရှိပြီး JD.com မှ ရင်းနှီးမြှုပ်နှံမှု ရှယ်ယာများ မြင့်တက်လာခြင်း

Last Updated:

COVID-19 ကြောင့်တရုတ်ပြည်မကြီး၊ အမေရိကန်နှင့် တောင်ကိုရီးယားနိုင်ငံတို့မှ ရင်းနှီးမြှုပ်နှံမှုများကျဆင်းပြီး ဟောင်ကောင်ဒေသ၌ အာရှဒေသများ မှ စတော့ရှယ်ယာများ ကျဆင်းသွားကြောင်း၊ Hang Seng Index တွင် (၁.၅) ရာခိုင်နှုန်းကျဆင်းခဲ့ကြောင်း၊ တရုတ်ပြည်မကြီး၏ e-commerce လုပ်ငန်းကြီးများထဲမှ တစ်ခုဖြစ်သည့် JD.com သည် ဟောင်ကောင်၌ ရင်းနှီးမြှုပ်နှံမှု ဒုတိယအများဆုံးပြုလုပ်ခဲ့ပြီး ရှယ်ယာ (၅.၈) ရာခိုင်နှုန်း မြင့်တက် ခဲ့ရာမှ ယခုအခါ (၃.၅) ရာခိုင်နှုန်းသို့ လျော့ကျသွားကြောင်း၊ မိုဘိုင်းဂိမ်းကုမ္ပဏီ NetEase သည်လည်း ဟောင်ကောင်‌ဒေသတွင် စတော့ရှယ်ယာများ ဒုတိယအများဆုံး ရင်းနှီးမြှုပ်နှံထားကြောင်း၊ စားသောက်ကုန်လုပ်ငန်းများဖြစ်သည့် Yum China Holdings ၊ KFC နှင့် Taco Bell တို့ကလည်း ဟောင် ကောင်‌ဒေါ်လာ (၂) ဘီလီယံ ရွှေ့ပြောင်းရင်းနှီးမြှုပ်နှံလာကြောင်း၊ ဆက်သွယ်‌ရေးကိရိယာများ ထုတ်လုပ်သည့် တရုတ်ကုမ္ပဏီဖြစ်သည့်  ZTE Corp သည်လည်း မေလလယ်မှစတင်၍ (၂၂) ရာခိုင် နှုန်းမြင့်တက်ခဲ့ကြောင်း၊ Shanghai Composite Index မှ ၀.၁ ရာခိုင်နှုန်း‌လျော့ကျခဲ့ကြောင်း၊ ဟောင်ကောင်ဒေသရှိ အိမ်ခြံမြေလုပ်ငန်း စတော့ရှယ်ယာများမှာ အားနည်းနေရာမှ ပြန်လည်သက်ဝင်လာကြောင်း၊ အိမ်ခြံမြေလုပ်ငန်း Wharf REIC မှာ (၄.၆) ရာခိုင်နှုန်းလျော့ကျခဲ့ပြီး ၎င်း၏ စတော့ရှယ်ယာမှာ ၂၀၂၀ ပြည့်နှစ်တွင် (၂၃) ရာခိုင်နှုန်းလျော့ကျခဲ့ကြောင်း၊ ပေကျင်း၌ COVID- 19 ပြန်လည် ဖြစ်ပွားပြီး အသွားအလာပြန်လည် ကန့်သတ်မှုများကြောင့် ဟောင်ကောင်ဒေသသို့ တရုတ်ပြည်မကြီးမှ ခရီးသွားဧည့်သည်များ လာရောက်ခွင့်များ ပျက်ပြယ်သွားနိုင်ကြောင်း၊ Wharf REIC အနေဖြင့် လက်လီအရောင်းဆိုင်ခန်းပိုင်ရှင်များထက် ပိုမိုဆုံးရှုံးနိုင်ကြောင်း၊ Sa Sa လက်လီအရောင်းဆိုင်မှ ၃၁-၃-၂၀၂၀ ရက်နေ့အထိ ဟောင်ကောင်ဒေါ်လာ (၅၁၅.၉) မီလီယံ ဆုံးရှုံးခဲ့ပြီး လက်လီအရောင်းဆိုင်များအား လျေှာ့ချပိတ်သိမ်းခဲ့ရာ ၂၅၃ ဆိုင်မှ (၂၃၅) ဆိုင်သာရှိတော့ကြောင်း၊ တရုတ်- အမေရိကန် ကုန်သွယ်ရေးစစ်ပွဲ၊ အစိုးရဆန့်ကျင်ဆန္ဒပြမှုများကြောင့် ခရီးသွားများလာရောက်မှု လျော့ကျ လာကာ စီးပွားရေးလုပ်ငန်းများလည်း သိသာစွာကျဆင်းခဲ့ပြီး COVID-19 ကြောင့် e-commerce လုပ်ငန်းများ မြင့်တက်လာမည်ဖြစ်ကြောင်း၊ တရုတ် ပြည်မကြီးကုမ္ပဏီစာရင်းတွင်ပါရှိသော Industrial and Commercial Bank of China မှ (၁.၃) ရာခိုင်နှုန်းနှင့် China Construction Bank မှ (၀.၆) ရာခိုင်နှုန်းကျဆင်းခဲ့ကြောင်း ဖော်ပြထားပါသည်။

(မြန်မာစီးပွားရေးသံမှူး၊ ဟောင်ကောင်မြို့)

ရင်းမြစ် : South China Morning Post  (18-6-2020)

Category: China (HongKong)