Singapore

COVID-19 ရောဂါဖြစ်ပွားမှုကြောင့် ကုန်ထုတ်လုပ်မှုကွင်းဆက် ပြတ်တောက်မှုမဖြစ်ပေါ်စေရေး အတွက် သြစတြေးလျ၊ ဘရူနိုင်း၊ ကနေဒါ၊ ချီလီ၊ လာအို၊ မြန်မာ၊ နယူးဇီလန်၊ စင်ကာပူနှင့် ဥရုဂွေးနိုင်ငံတို့က ဝန်ကြီးအဆင့်ပူးတွဲကြေညာချက်ထုတ်ပြန်

Last Updated:

လက်ရှိ COVID-19 ရောဂါဖြစ်ပွားမှုကြောင့် ကုန်ထုတ်လုပ်မှုကွင်းဆက် (Supply Chain) ပြတ်တောက်မှုမဖြစ်ပေါ်စေရေးအတွက် အနီးကပ်ပူးပေါင်းဆောင်ရွက် သွားကြရန် သြစတြေးလျ၊ ဘရူနိုင်း၊ ကနေဒါ၊ ချီလီ၊ လာအို၊ မြန်မာ၊ နယူးဇီလန်၊ စင်ကာပူနှင့် ဥရုဂွေးနိုင်ငံတို့မှ  ဝန်ကြီးများအဆင့် ပူးတွဲကြေညာချက်တစ်စောင်ကို ၆ -  ၄ - ၂၀၂၀ ရက်နေ့တွင် ထုတ်ပြန်ခဲ့ကြောင်း သိရှိရပါသည်။

အဆိုပါ ကြေညာချက်တွင် ရောဂါဖြစ်ပွားမှုသည် တစ်ကမ္ဘာလုံးအတိုင်းအတာဖြင့် ဆိုးရွားသောဖြစ်ရပ်တစ်ခုဖြစ်ကြောင်း၊ COVID-19 ကို စုပေါင်းတိုက်ဖျက်မှု တစ်ခုအနေဖြင့် ကုန်ထုတ်လုပ်မှု ကွင်းဆက်များ အချိတ်အဆက်မပြတ်တောက်ရေး ကတိကဝတ် ပြုပါကြောင်း၊ ဤကာလအတွင်း မရှိမဖြစ်သုံးစွဲရန်လိုအပ်သော ကုန်ပစ္စည်းများ တင်သွင်းတင်ပို့ခြင်းအပေါ် သက်ရောက်မှုရှိပြီး ကုန်သွယ်ရေးပြတ်တောက်မှု ဖြစ်ပေါ်စေနိုင်သည့် ကိစ္စရပ်များကို အနီးကပ်ပူးပေါင်း၍ သတ်မှတ် ဖော်ထုတ်သွားကြမည် ဖြစ်ကြောင်း၊ ကုန်စည်စီးဆင်းမှု လွယ်ကူချောမွေ့စေရေးအတွက် လေကြောင်းနှင့် ပင်လယ်ရေကြောင်းအပါအဝင် ကုန်သွယ်မှုလမ်းကြောင်းများကို ဆက်လက်ဖွင့်လှစ်ထားခြင်းဖြင့် နှစ်ဘက်အကျိုးဖြစ်ထွန်းမှုရှိသည်ကို နားလည်သိရှိကြပါကြောင်း၊ ဤကာလအတွင်း အရေးပေါ်သုံးစွဲရန်လိုအပ်သော ကုန်ပစ္စည်းများ အထူးသဖြင့် ဆေးဘက်ဆိုင်ရာပစ္စည်းများကုန်သွယ်မှုကို အဟန့်အတားဖြစ်ပေါ်စေသော အစီအမံများအား ဖယ်ရှားကြရန်၊ အကောက်ခွန်၊ အကောက်ခွန် မဟုတ်သော အတားအဆီး များနှင့် ပို့ကုန်ထိန်းချုပ်မှု အစီအမံများကို ရှောင်ရှားကြရန် အရေးကြီးသည်ကို လက်ခံပါကြောင်း၊ ကုန်သွယ်ရေး အခြေအနေနှောင့်နှေးကြန့်ကြာမှုမဖြစ်ပေါ်စေရေး မိမိတို့သည် သဘောထားတူညီသောနိုင်ငံများအားလုံးနှင့် ပူးပေါင်းဆောင်ရွက်သွားကြမည် ဖြစ်ပြီး၊ တစ်ကမ္ဘာလုံး အတိုင်းအတာဖြင့် ကုန်ထုတ်လုပ်မှုကွင်းဆက် ဆက်လက်တည်မြဲမှုရှိစေရေး အထောက်အကူပြုပေးနိုင်စေရန်အတွက် မိမိတို့၏ လေဆိပ်နှင့် ဆိပ်ကမ်းကဲ့သို့သော အဓိကကျသည့် အခြေခံအဆောက်အအုံများကို ဆက်လက်၍ ဖွင့်လှစ်ဆောင်ရွက်သွားကြမည်ဖြစ်ကြောင်း ဖော်ပြထားပါ သည်။

 

(မြန်မာစီးပွားရေးသံမှူး၊ စင်ကာပူနိုင်ငံ)

သတင်းရင်းမြစ် ။    ။ Media Release, Ministry of Trade & Industry, Singapore

Category: Singapore