Korea

COVID-19 အလွန်ကာလအတွက် စီးပွားရေးနာလန်ထူရန် အရေးပေါ် လိုအပ်နေသောလုပ်ငန်းများအတွက် ကိုရီးယားသမ္မတနိုင်ငံအစိုးရ၏ ချေးငွေပံ့ပိုးပေးမည့်အစီအစဉ်

Last Updated:

ကိုရီးယားသမ္မတနိုင်ငံအစိုးရအနေဖြင့် COVID-19 အလွန်ကာလအတွက် ပြင်ဆင်ဆောင် ရွက်လျက်ရှိပြီး၊ နိုင်ငံ၏စီးပွားရေးအတွက် အဓိကအရေးပါသောကဏ္ဍများဖြစ်သည့် လေကြောင်းလိုင်း၊ စတီးသံမဏိ၊ မော်တော်ယာဉ်ထုတ်လုပ်ခြင်း၊ သင်္ဘောတည်ဆောက်ရေး၊ ဆက်သွယ်ရေး၊ Semicondutor နှင့် စွမ်းအင် စသောကဏ္ဍများရှိ  စီးပွားရေးနာလန်ထူရန် အရေးပေါ်လိုအပ်နေသော လုပ်ငန်းငယ်များ အတွက် ကိုရီးယားဝမ် (၅) ထရီလီယံတန်ဖိုးရှိ ချေးငွေအစီအစဉ်ကို ၂၀၂၀ ပြည့်နှစ်၊ ဇူလိုင်လ နှောင်းပိုင်း တွင် အကောင်အထည်ဖော်ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ဇွန်လ၊ တတိယပတ်အတွင်းတွင် ဘဏ္ဍာရေးဝန်ကြီး Mr. Hong Nam-ki က ထုတ်ဖော်ကြေညာခဲ့ပါသည်။

 

 

(မြန်မာစီးပွားရေးသံမှူး၊ ဆိုးလ်မြို့)

 

Category: Korea