Singapore

COVID-19 ၏ ဖိစီးမှုဒဏ်များကို တွန်းလှန်နိုင်ရန်အတွက် (၄) ကြိမ်မြောက် စင်ကာပူဒေါ်လာ ၃၃ ဘီလီယံ ဘတ်ဂျက်ဖြင့် ထောက်ပံ့သွားမည်

Last Updated:

စင်ကာပူနိုင်ငံသည် COVID- 19 အား ဆက်လက်တိုက်ဖျက်သွားနိုင်ရန်အတွက် () ကြိမ်မြောက် စင်ကာပူဒေါ်လာ ၃၃ ဘီလီယံတန်ဖိုးရှိသော ဘတ်ဂျက်အစီအမံဖြင့် ဆက်လက်ထောက်ပံ့ကူညီပေးသွားမည်ဖြစ်ကြောင်း ဒုတိယဝန်ကြီးချုပ်နှင့် ဘဏ္ဍာရေး ဝန်ကြီးဖြစ်သူ Mr Heng Swee Keat က ပါလီမန်၌ ၂၆ - - ၂၀၂၀ ရက်နေ့တွင် ကြေညာခဲ့ပါသည်။

“Fortitude Budget” ဟု အမည်ပေးထားသည့် စတုတ္ထအကြိမ်မြောက် ဖြည့်စွက်ဘတ်ဂျက်တွင် COVID - 19 ရောဂါဖြစ်ပွားမှုကို ရှေ့တန်းမှ ကာကွယ်တားဆီးပေးနေကြသော ဌာန၊ အဖွဲ့အစည်းများအတွက် ရန်ပုံငွေတိုးချဲ့ပံ့ပိုးပေးခြင်း၊ လုပ်သားများ အလုပ် အကိုင်တည်မြဲစေရေးနှင့် လုပ်ငန်းများ၏ ငွေသားလိုအပ်ချက်တို့အပေါ် ပံ့ပိုးပေးနိုင်ရန်အတွက် လုပ်ငန်းများ၏ လုပ်ခလစာ ကုန်ကျစရိတ်များကို အစိုးရမှ ထောက်ပံ့ပေးနေသောအစီအစဉ်အား ကာလထပ်တိုးပေးခြင်း၊ အစိုးရမှ စီမံခန့်ခွဲသော အဆောက်အဦ များ၏ ငှားရမ်းခစရိတ်များကို ထပ်မံ၍ ကင်းလွတ်ခွင့်နှင့် သက်သာခွင့်များပေးခြင်း၊ အိမ်ထောင်စုများ၏ ကုန်ကျစရိတ်များသက်သာစေရေး ဆက်လက်ကူညီပံ့ပိုးပေးခြင်း၊ COVID- 19 အလွန်ကာလတွင် ပြန်လည်နလန်ထူနိုင်စေရန် အကူအညီသီးခြားလိုအပ် သောလုပ်ငန်းကဏ္ဍများအား အထူးထောက်ပံ့ပေးမည့်အစီအစဉ်၊ လုပ်ငန်းများ၏ ဒီဂျစ်တယ်အသွင်ကူးပြောင်းဆောင်ရွက်လာရေးအတွက် ထောက်ပံ့ပေးမည့်အစီအစဉ်၊ အလားအလာရှိသော ဖွံ့ဖြိုးစလုပ်ငန်းငယ်လေးများအတွက် ငွေကြေးထောက်ပံ့မှု အစီစဉ်၊ လုပ်သားများ၏ စွမ်းဆောင်ရည်မြှင့်တင်ရေးနှင့် အလုပ်အကိုင်ဖန်တီးပေးမည့်အစီအစဉ်၊ လူမှုရေးအသင်းအဖွဲ့များအား ကူညီပံ့ပိုးပေးမည့်အစီအစဉ်၊ စင်ကာပူတွင် COVID- 19 ရောဂါကူးစက်မှုအခြေအနေကို ထိန်းချုပ်နိုင်ရန်အတွက် မရှိမဖြစ်လိုအပ် သောလုပ်ငန်းများမှလွှဲ၍ အခြားလုပ်ငန်းများကို ရပ်နားစေခဲ့သည့် Circuit Breaker ကာလကုန်ဆုံးမည့် ဇွန်လ ရက်နေ့နောက်ပိုင်းတွင် လုပ်ငန်းများ ပြန်လည်စတင်ဆောင်ရွက်ခွင့် မရရှိသေးသော လုပ်ငန်းများအတွက် ဝန်ထမ်းစရိတ်နှင့် ငှားရမ်းခစရိတ် များကို ထောက်ပံ့ပေးမည့်အစီအစဉ်များပါဝင်ကြောင်း၊ COVID- 19  ကာလအတွင်း လိုအပ်ပါက အရေးပေါ်တုံ့ပြန်ဆောင်ရွက်နိုင်ရန်အတွက် အစိုးရ၏ အရေးပေါ်ရန်ပုံငွေကိုလည်း စင်ကာပူဒေါ်လာ ၁၃ ဘီလီယံအထိ လျာထားကြောင်းနှင့် ယခင်ဘတ်ဂျက် အစီအမံများအရ အခွန်သက်သာခွင့်ရရှိခဲ့သော ပုဂ္ဂလိပိုင် စီးပွားရေးအဆောက်အဦများ၏ ပိုင်ရှင်များအနေဖြင့် ၎င်းတို့၏ အဆောက်အဦများတွင် ငှားရမ်းလုပ်ကိုင်နေကြသည့် လုပ်ငန်းများ၏ ငှားရမ်းခသက်သာစေရေးအတွက် ရရှိခဲ့သည့် အခွန်သက်သာငွေ များကို မဖြစ်မနေ ပြန်လည်မျှဝေပေးသွားရန် ဥပဒေဖြင့် ပြဋ္ဌာန်း၍ ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။

စင်ကာပူသည် COVID - 19 ပြင်းထန်သော သက်ရောက်မှုများကို ကုစားနိုင်ရန်နှင့် COVID- 19 ကာလအလွန်တွင် လူမှုစီးပွားရေးအခြေအနေ လျင်မြန်စွာ တိုးတက်လာနိုင်စေရန်အတွက် ဖေဖော်ဝါရီလ ၁၈ ရက်နေ့တွင် ပထမဆုံးအကြိမ်အဖြစ် စင်ကာပူ ဒေါ်လာ . ဘီလီယံဘတ်ဂျက်၊ မတ်လ ၂၆ ရက်နေ့တွင် ဒုတိယအကြိမ်မြောက် စင်ကာပူဒေါ်လာ ၄၈. ဘီလီယံဘတ်ဂျက်၊ ဧပြီလ ရက်နေ့တွင် တတိယအကြိမ်မြောက် စင်ကာပူဒေါ်လာ . ဘီလီယံဘတ်ဂျက်နှင့် ယခု စတုတ္ထအကြိမ်မြောက် စင်ကာပူဒေါ်လာ ၃၃ ဘီလီယံဘတ်ဂျက်အပါအဝင် စုစုပေါင်း စင်ကာပူ ဒေါ်လာ ၉၂. ဘီလီယံ (စင်ကာပူ GDP ၁၉. ရာခိုင်နှုန်း) တန်ဖိုးရှိသော ဘတ်ဂျက်အစီအမံ တို့ဖြင့် ပံ့ပို့ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ ယင်းအစီအမံများကြောင့် ၂၀၂၀ ဘဏ္ဍာရေး နှစ်တွင် အစိုးရ၏ ဘတ်ဂျက်လိုငွေမှာ စင်ကာပူဒေါ်လာ ၇၄. ဘီလီယံ (GDP ၁၅. ရာခိုင်နှုန်း) အထိ ဖြစ်ပေါ်နိုင်ပြီး၊ ဘတ်ဂျက်လိုအပ်ချက်အတွက် ယခင်အစိုးရသက်တမ်းအတွင်း နိုင်ငံတော်၏ သီးသန့် ရန်ပုံငွေစာရင်းမှ စင်ကာပူဒေါ်လာ ၅၂ ဘီလီယံကို ထုတ်ယူသုံးစွဲသွားရမည်ဖြစ်ကြောင်း၊ COVID - 19 သက်ရောက်မှုအခြေအနေ၊ လက်ရှိ ကမ္ဘာ့စီးပွားရေး၏ မသေချာမရေရာမှုများသောအခြေအနေနှင့် စင်ကာပူ၏ စီးပွားရေးသည် ဆိုးရွားစွာကျဆင်းနိုင်သောအခြေအနေတို့ကို ထောက်ပြခဲ့ပြီး၊ ဖိစီးမှုများ ပြားလှသည့်ကာလအတွင်း အစိုးရ၏ အထောက်အပံ့ပေးမှုအစီအမံများကို အကျိုးရှိစွာအသုံးချလျက် လူမှုစီးပွားဘဝများ ရေရှည်ဖွံ့ဖြိုးတိုးတက်လာစေရေး စည်းလုံးညီညွှတ်စွာဖြင့် အားလုံးမှပါဝင်ပူးပေါင်း၍ ကြိုးပမ်းဆောင်ရွက်သွားကြရန် တိုက်တွန်းခဲ့ ကြောင်း သိရှိရပါသည်။

(မြန်မာစီးပွားရေးသံမှူး၊ စင်ကာပူမြို့)

သတင်းရင်းမြစ်     www.singaporebudget.gov.sg

Category: Singapore