China (HongKong)

Cathay လေကြောင်းလိုင်း ကုန်စည်ပို့ဆောင်မှု နှောင့်နှေးလာခြင်း

Last Updated:

COVID-19 ကြောင့် Cathay Pacific လေကြောင်းလိုင်းမှာ တစ်လလျှင် ဟောင်ကောင် ဒေါ်လာ (၁.၅) ဘီလီယံခန့် ဆုံးရှုံးလျက်ရှိကြောင်း၊ လေကြောင်းကုန်စည် ပို့ဆောင်မှုမှာလည်း နှောင့်နှေးလျက်ရှိကြောင်း၊ လေယာဉ် လက်မှတ် ဝယ်ယူထားသူများကိုလည်း ငွေများပြန်အမ်း ပေး လျက်ရှိကြောင်း၊ COVID-19 ကြောင့်  ကမ္ဘာတစ်ဝန်းရှိ လေကြောင်းလိုင်းများအား ထိခိုက် လျက်ရှိရာ ဟောင်ကောင်၌လည်း ၂၀၂၀ ပြည့်နှစ်၊ ပထမ (၆) လအတွင်း ဟောင်ကောင်ဒေါ်လာ (၉.၉) ဘီလီယံ ဆုံးရှုံးနိုင်ကြောင်း၊ Cathay Pacific ၏ ဆက်လက်ပြေးဆွဲနေသော A350 လေကြောင်းလိုင်း၏ ကုန်စည်ပို့ဆောင်မှု (၁၂) ခုမှာလည်း ယခုနှစ်မှစ၍ ၂၀၂၃ ခုနှစ်အတွင်း ယိမ်းယိုင်ထိခိုက် စေနိုင်ကြောင်း၊ Cathay Dragon ၊ HK Express တို့အတွက် A321 neo ၏ လေယာဉ်အော်ဒါ (၃၂) ခုကို ၂၀၂၅ ခုနှစ်အထိ အချိန်ဆွဲထားမည်ဖြစ်ကြောင်း၊ Boeing ၏ အော်ဒါများကြောင့် Cathay Pacific Group အတွက် ကာလတိုဝင်ငွေများ ရရှိခဲ့ကြောင်း၊ COVID-19 ကြောင့် Cathay Pacific လေကြောင်းလိုင်းမှာ ၂၀၂၀ ပြည့်နှစ်၊ ဖေဖေါ်ဝါရီလက စတင်၍ (၁) လ လျှင် ဟောင်ကောင်ဒေါ်လာ (၃) ဘီလီယံ ဆုံးရှုံးနေကြောင်း၊ လွန်ခဲ့သော (၃) လမှစတင်၍ တစ်နေ့လျှင်ပုံမှန်စီးနင်းလိုက်ပါသည့် ခရီးသည်၏ (၁) ရာခိုင်နှုန်းထက်လျော့နည်း ၍သာ လိုက်ပါလျက်ရှိကြောင်း၊သို့ဖြစ်ရာ ဝန်ထမ်းများအား လစာများ ဖြတ်တောက်လျှော့ချခြင်း များ ပြုလုပ်ခဲ့ရကြောင်း၊ လေကြောင်းလိုင်းမပြိုလဲအောင် ဟောင်ကောင်အစိုးရမှ ဟောင်ကောင် ဒေါ်လာ (၂၇.၃) ဘီလီယံ ပံ့ပိုးခဲ့ကြောင်း၊ ဒေသတွင်း အလုပ်သမားများအတွက် ထောက်ပံ့ပေး သည့် အစီအစဉ်မှ ဟောင်ကောင်ဒေါ်လာ (၆၈၀) မီလီယံ ရရှိခဲ့ကြောင်း၊ ခရီးသည်များနည်းပါး မှုနှင့် ကုန်ကျစရိတ်များ စီမံခန့်ခွဲနိုင်ရန် အသုံးစရိတ်များကို လျှော့ချခဲ့ကြောင်း၊ သို့သော်အဆိုပါ ဆောင်ရွက်မှုများမှာ ခရီးသည်များမှရရှိသည့်ဝင်ငွေနှင့် ခုနှိမ်နိုင်ခြင်း မရှိကြောင်း၊ ပထမနှစ်ဝက် အတွင်း ဆုံးရှုံးမှုများကြောင့် လေကြောင်းလုပ်ငန်း လည်ပတ်ဆောင်ရွက်မှုကို ထိခိုက်လျက်ရှိကြောင်း၊ ၂၀၂၀ ပြည့်နှစ်၊ စတုတ္ထလေးလပတ် အတွက် လေကြောင်းလိုင်း စီမံချက်ကို ပြောင်းလဲ ဆောင်ရွက် နိုင်ကြောင်း၊ ပထမနှစ်ဝက်အတွင်း ဝင်ငွေ (၄၈) ရာခိုင်နှုန်း၊ တန်ဖိုးအားဖြင့် ဟောင်ကောင် ဒေါ်လာ(၂၇.၇) ဘီလီယံ ကျဆင်းနိုင်ကြောင်း၊၂၀၂၀ပြည့်နှစ် ပထမနှစ်ဝက်တွင် ခရီးသည်များ လိုက်ပါမှု (၇၆) ရာခိုင်နှုန်းရှိပြီး ယခုနှစ်အတွင်း Cathay လေကြောင်းလိုင်း၏ ရှယ်ယာမှာ ယနေ့အထိ (၄၂) ရာခိုင်နှုန်း ကျဆင်းခဲ့ကြောင်း ၂၀၂၀ ပြည့်နှစ်၊ ဇူလိုင်လ ၂၃ ရက်နေ့ထုတ် South China Morning Post သတင်းစာ၌ Danny Lee က “Cathay delays aircraft delivery” ခေါင်းစဉ်ဖြင့် ရေးသားဖော်ပြထားပါသည်။

 

 

( မြန်မာစီးပွားရေးသံမှူး၊ ဟောင်ကောင်)

Category: China (HongKong)