China(Nanning)

Dongxing မြို့မှ အအေးခန်းကုန်သေတ္တာများ ဖြတ်သန်းသွားလာ မှုကို ခေတ္တဆိုင်းငံ့ထားသည့် တရုတ်နိုင်ငံ

Last Updated:

တရုတ်နိုင်ငံတောင်ပိုင်း ကွမ်ရှီးကျွမ့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဗီယက်နမ်နှင့် နယ်စပ်ဒေသ၌တည်ရှိသော Dongxing မြို့တွင် ဒီဇင်ဘာလ (၂၂) ရက်နေ့မှစ၍ ပြည်တွင်း၌ ကိုဗစ်ကူးစက်ခြင်းခံထားရသူ လူနာ (၅) ဉီးကို စတင်တွေ့ရှိခဲ့ပါသည်။ ထိုအချိန်မှစ၍ ၎င်းမြို့ကို သီးခြားထားရှိ၍စောင့်ကြည့်နေပြီး၊ ကျောင်းများ၊ သင်တန်း များ၊ အများပြည်သူသုံး သယ်ယူပို့ဆောင်ရေးယာဉ်များကို ရပ်နားထားသည့်အပြင် Dongxing ကုန်စည်စစ်ဆေးရေး ဂိတ်များမှ လူများနှင့် ကုန်ပစ္စည်းများ ဖြတ်သန်း သွားလာမှုအတွက် အကောက်ခွန်ရှင်းလင်း ရေးလုပ်ငန်းများကိုလည်း ရပ်နားထားပါသည်။

ဒီဇင်ဘာလ (၂၅) ရက်နေ့တွင် တရုတ်- ဗီယက်နမ်နယ်စပ်၌ အအေးခန်းဖြင့် စားသောက်ကုန် တင်ပို့တင်သွင်းမည့်လုပ်ငန်းများကို ဆိုင်းငံ့ထားမည်ဖြစ်ကြောင်း ထုတ် ပြန်ကြေညာခဲ့ရာ၊  ထိုအချိန်မှစ၍   ဗီယက်နမ်နိုင်ငံ၊ Mong Cai ဘက်ခြမ်းတွင် အအေးခန်းကွန်တိန်နာ အလုံးရေ (၁,၀၀၀) ကျော် သောင်တင်နေကြောင်းနှင့် ကုန် သွယ်မှုလုပ်ငန်းများ ပြန်လည်စတင်မည့်အချိန်ကို ခန့်မှန်း၍မရနိုင်သေးကြောင်း သိရပါသည်။

လက်ရှိအချိန်အထိ တရုတ်နှင့် ဗီယက်နမ်နယ်စပ်ရှိ Dongxing ဂိတ်နှင့် Jingxi ဂိတ်တို့မှ ကုန်ပစ္စည်းများ ဖြတ်သန်းသွားလာခွင့်ကို ရပ်ဆိုင်းထားဆဲဖြစ်ပါသည်။

အအေးခန်းကုန်သေတ္တာကားတစ်စီးလျှင် နေ့စဉ်ရပ်နားစရိတ်နှင့် လောင်စာဆီ စရိတ်စက ယွမ် (၈၀၀) ခန့်ကုန်ကျနေရာ၊ စောင့်ဆိုင်းရသည့်နေ့ရက်များ ကြာမြင့်လာ သည်နှင့်အမျှ စရိတ်များတက်လာလျက်ရှိပြီး၊ (၁၅) ရက်ထက် ပိုမိုစောင့်ဆိုင်းရမည်ဆိုပါက အမြတ်ထက် ကုန်ကျစရိတ်က များသွားနိုင်သည်ဟု သိရပါသည်။ ထို့ပြင် စောင့်ဆိုင်းရချိန် ကြာမြင့်လေ၊ ကုန်သေတ္တာအတွင်း၌ သယ်ဆောင်လာသည့် ကုန်ပစ္စည်းများ၏ ပျက်စီးဆုံးရှုံးနိုင်ခြေက မြင့်မားလေဖြစ်သဖြင့် Dongxing ၌ ကျရောက် နေသော ကပ်ရောဂါကို တတ်နိုင်သမျှ အမြန်ဆုံးထိန်းချုပ်နိုင်ပြီး၊ ကုန်စည်စစ်ဆေးရေးဂိတ်များကို အတတ်နိုင်ဆုံး အမြန်ဆုံးဖွင့်လှစ်ပေးမည်ဟု ဗီယက်နမ်ဘက်မှ မျှော်လင့်နေပါသည်။

ဤသို့ ဗီယက်နမ်ဘက်မှ ကုန်းလမ်းဖြင့်ဝင်ရောက်လာမည့် ကုန်စည်များတင်ပို့မှု ရပ်တန့်သွားခြင်းကြောင့် တရုတ်ပြည်တွင်းရောင်းလိုအားဈေးကွက်နှင့် ဈေးနှုန်းများ အပေါ် အတိုင်းအတာတစ်ခုအထိ ရိုက်ခတ်သွားနိုင်သည်ဟုလည်း သုံးသပ်နေကြပါသည်။

(မြန်မာစီးပွားရေးသံမှူး၊ နန်နင်းမြို့)

ရင်းမြစ်၊  Baidu (၂၇-၁၂-၂၀၂၁)

Category: China(Nanning)