China (HongKong)

E-commerce လုပ်ငန်းများ တိုးတက်လာမည်ဖြစ်သောကြောင့် JD.com ၏ ထောက်ပံ့ပို့ဆောင်ရေးလုပ်ငန်းများကို မြှင့်တင်လုပ်ကိုင်လာခြင်း

Last Updated:

တရုတ်နိုင်ငံ၏ စီးပွားရေးလုပ်ငန်းအများစုမှာ အွန်လိုင်းမှရောင်းချရန် ပြောင်းလဲလုပ်ကိုင်လာရာ အွန်လိုင်းမှ ဝယ်ယူရောင်းချမှုများ တိုးတက်လာရန် တရုတ်နိုင်ငံ၏ အင်အားကြီး e-commerce လုပ်ငန်းတစ်ခုြဖစ်သည့် JD.com ၏ ထောက်ပံ့ပို့ဆောင်ရေး လုပ်ငန်းများ တိုးချဲ့လုပ်ကိုင်လာကြောင်း၊ နေ့ချင်း (သို့မဟုတ်) နောက်တစ်ရက် အတွင်း ကုန်ပစ္စည်းများဖြန့်ဖြူးပေးပို့နိုင်ရန် ပေကျင်းအခြေစိုက် အလိုအလျောက်သယ်ယူပို့ဆောင်ရေးဌာန (၃) ခုအား ဟူဘေပြည်နယ်ရှိ လန်ဖန်၊ ရှန်းတုံးပြည်နယ် ရှိ ဘယ်ကျိုးနှင့် ဟိုင်နန်ပြည်နယ်ရှိ ကျန့်ကျိုးတို့၌ တည်ဆောက်ခဲ့ကြောင်း၊ JD.com မှ တရုတ်နိုင်ငံတစ်ဝန်းတွင် ပေကျင်းအခြေစိုက် ထောက်ပံ့ပို့ဆောင်ရေးဌာန (၂၅) ခုအား တည်ဆောက်သွားမည်ဖြစ်ကြောင်း၊ လူကြိုက်များသော ကုန်ပစ္စည်းများ၏ အချက်အလက်များအား အလေးထားဆောင်ရွက်လျှင် စားသုံးသူများအနေဖြင့် ကုန်ပစ္စည်းများအား မှာကြားပြီးနောက် မိနစ်ပိုင်းအတွင်း လျင်မြန်စွာ ပစ္စည်းများလက်ခံရရှိနိုင်ကြောင်း၊ တရုတ်နိုင်ငံရှိ e-commerce လုပ်ငန်းရှင်များမှာ အခြေခံအဆောက်အဦ များတည်ဆောက်မှုကို တိုးချဲ့လုပ်ကိုင်လျက်ရှိကြောင်း၊ အလီဘာဘာ e-commerce မှလည်း COVID-19 ဖြစ်ပွားပြီး၂၀၂၀ ပြည့်နှစ်၊ ဇွန်လ ၁ ရက်နေ့မှ ၁၈ ရက်နေ့အတွင်း ပထမဆုံးကျင်းပပြုလုပ်မည့် 618 Festival အတွင်း အွန်လိုင်းရောင်းချမှုများ မြင့်တက်နိုင်ရန် နာရီပိုင်းအတွင်း ပစ္စည်းများပေးပို့နိုင်ရန် ထောက်ပံ့ပို့ဆောင်ရေးလုပ်ငန်းများကို အရှိန်မြှင့်တင်နိုင်ရန် ဆောင်ရွက်ထားပြီး အရောင်းမြှင့်တင်သည့်ကာလအတွင်း တရုတ်နိုင်ငံနှင့် ဥရောပနိုင်ငံတို့အကြား နယ်စပ်ဖြတ်ကျော်ကုန်သွယ်မှု မြှင့်တင်နိုင်ရန် လေယာဉ်စီးရေ (၁၀၀) နှင့် ကုန်တင်ရထား (၂၀) စီးအား အသုံးပြုသွားမည်ဖြစ်ကြောင်း၊COVID-19 ကြောင့် ကုန်အမှတ် တံဆိပ်များ၊ ကုန်သည်များနှင့် လက်လီရောင်းချသူများ 618 Festival ၌ပါဝင်ကြမည်ဖြစ်ပြီး ပွဲတော်စတင်ခဲ့သည့် (၁၇) နှစ်တာကာလအတွင်း အအောင်မြင်ဆုံး ပွဲတော်ဖြစ်မည်ဖြစ်ကြောင်း၊ ယခင်နှစ်ကာလတူနှင့်နှိုင်းယှဉ်လျှင် အသေးစားနှင့် အလတ်စား ကုန်သည်တစ်သိန်းကျော်၏ လုပ်ငန်းလှည့်ပတ်ငွေများ (၁၀၀) ရာခိုင် နှုန်းကျော် မြင့်တက်လာနိုင်ကြောင်း၊ COVID-19 ကာလအတွင်း e-commerce လုပ်ငန်းများမှာ အရေးကြီးသည့်အခန်းကဏ္ဍမှ ပါဝင်နေမည်ဖြစ်ကြောင်း သိရှိရပါသည်။

(မြန်မာစီးပွားရေးသံမှူး၊ဟောင်ကောင်မြို့)

Source: South China Morning Post (27-5-2020)   

Category: China (HongKong)