China (HongKong)

HKMA ၏ အမှုဆောင်အရာရှိချုပ်ဟောင်းမှ ဒစ်ဂျစ်တယ်လ်ငွေပေးချေစနစ်လုပ်ငန်း တည်ထောင်ထားခြင်း

Last Updated:

ဟောင်ကောင်ငေွကြေးအာဏာပိုင်အဖွဲ့ (Hong Kong Monetary Authority-HKMA) ၏ အမှုဆောင်အရာရှိချုပ်ဟောင်း Mr. Norman Chan Tak-lam သည် ငွေကြေးနည်းပညာလုပ်ငန်း တည်ထောင်ထားကြောင်း၊ အဆိုပါ လုပ်ငန်းမှာ နယ်စပ်ဖြတ်ကျော် ဒစ်ဂျစ်တယ်လ်ငွေပေးခေျမှု ဝန်ဆောင်မှုလုပ်ငန်းများ အဆင်ပြေချော့မွေ့စေရန် Bright Venture Investment ၊  Dragonfly Round ၊  Eminent Vision ၊ Hashkey Holdings  နှင့် ZhongAn Digital Asset Group အစရှိသည့် ရင်းနှီးမြှုပ်နှံသူကုမ္ပဏီ (၅) ခုဖြင့် ကျောထောက်နောက်ခံရှိသည့် Round Dollar Wallet နည်းပညာဖြစ်ကြောင်း၊ နယ်စပ်ဖြတ်ကျော်ငွေပေးချေမှုများ နှေးကွေးမှု၊ နိုင်ငံခြားငွေ စီမံခန့်ခွဲမှု တွင်အရဲစွန့်ဆောင်ရွက်ရခြင်း စသည့် အခက်အခဲများကို ကုမ္ပဏီအများစုမှာ ကြုံတွေ့နေရကြောင်း၊ Round Dollar Wallet နည်းပညာကြောင့် နယ်စပ်ဖြတ်ကျော် ငွေပေးချေမှုစနစ်ကို မြှင့်တင် ဆောင်ရွက်နိုင်မည်ဖြစ်ပြီး ဟောင်ကောင်‌ဒေသအား နိုင်ငံတကာငွေကြေးစင်တာအဖြစ် အဆင့်မြှင့်တင်နိုင်မည်ဖြစ်ကြောင်း၊ ကမ္ဘာလုံး ဆိုင်ရာဗဟိုဘဏ်များအနေဖြင့် ဒစ်ဂျစ်တယ်လ်ငွေကြေးနည်းပညာများကို အသုံးပြုနိုင်မည်ဖြစ်ကြောင်း၊ Bank of China (BOC) ကလည်း  ဒစ်ဂျစ်တယ်လ် ငွေပေးခေျမှုကိုစမ်းသပ်ဆောင်ရွက်နေကြောင်း၊ HKMA ၏ အမှုဆောင်အရာရှိချုပ် ဟောင်း Mr. Norman Chan Tak-lam သည် ၎င်းတာဝန်ဆောင်ရွက်ခဲ့သည့် (၁၀) နှစ်တာကာလအတွင်း ဟောင်ကောင်၌ ငွေကြေးနည်းပညာမြှင့်တင်ခြင်းနှင့် Virtual Bank (၈) ခု စတင်ဆောင်ရွက်ခဲ့ကြောင်း၊ Round Dollar Wallet နည်းပညာသုံး နယ်စပ်ဖြတ်ကျော် ငွေပေးချေမှု စနစ်ကို အကောင် အထည်ဖော် ဆောင်ရွက်ဆဲဖြစ်ပြီး မကြာခင်စတင်ဆောင်ရွက်နိုင်မည်ဖြစ်ကြောင်းနှင့် ဒေသတွင်း ကုမ္ပဏီများအတွက် အဓိကထားဆောင်ရွက်မည်ဖြစ်ကြောင်း ၂၀၂၀ ပြည့်နှစ်၊ အောက်တိုဘာလ ၁၅ ရက်နေ့ထုတ် South China Morning Post သတင်းစာ၌ Enoch Yiu က “Former HKMA chief sets up digital payment firm” ခေါင်းစဉ်ဖြင့် ရေးသားဖော်ပြထားပါသည်။

 

(မြန်မာစီးပွားရေးသံမှူး၊ ဟောင်ကောင်)

Category: China (HongKong)