China (HongKong)

IMF မှ အာရှ-ပစိဖိတ်ဒေသအတွက် ၂၀၂၀ ပြည့်နှစ် ကြိုတင်ခန့်မှန်းချက်အား လျှော့ချခြင်း

Last Updated:

တရုတ်-အမေရိကန်ကုန်သွယ်ရေးစစ်ပွဲအရှိန်မြင့်တက်မှုနှင့် COVID-19 ကြောင့်၂၀၂၀ ပြည့်နှစ်အတွင်း အာရှ-ပစိဖိတ်‌ဒေသ၌ စီးပွားရေးပြန်လည် နလန်ထူမှုမှာ နှေးကွေးနိုင်သည်ဟု နိုင်ငံတကာငွေကြေးရန်ပုံငွေအဖွဲ့ (International Monetary Fund-IMF) ကပြောကြားခဲ့ကြောင်း၂၀၂၀ ပြည့်နှစ်၊ အောက်တိုဘာလ ၂၂ ရက်နေ့ထုတ်South China Morning Post သတင်း စာ၌ Amanda Lee က “IMF tirms 2020 forecast for Asia ” ခေါင်းစဉ်ဖြင့် သတင်းဖော်ပြပါရှိပါသည်။

အဆိုပါသတင်း၌ ၂၀၂၀ ပြည့်နှစ်တွင် အာရှ-ပစိဖိတ်‌ဒေသစီးပွားရေး (၂.၂) ရာခိုင်နှုန်း လျော့ကျနိုင်ကြောင်း၊ အိန္ဒိယ၊ ဖိလစ်ပိုင်နှင့် မလေးရှား နိုင်ငံတို့၏ အောက်တိုဘာလ အစီရင်ခံစာများအရ မျှော်မှန်းထားခဲ့ခြင်းထက် ပိုမိုသိသာစွာ လျော့ကျခဲ့ခြင်းကြောင့် ဇွန်လကခန့်မှန်းခဲ့သည်‌‌အောက် (၀.၆) ရာခိုင်နှုန်းလျော့ကျလာခြင်းဖြစ်ကြောင်း၊တရုတ်နိုင်ငံ၏စီးပွားရေးမှာ မျှော်မှန်းထားသည်ထက် ပိုမိုလျင်မြန်စွာ ကောင်းမွန်လာမှုကြောင့် စီးပွားရေးတိုးတက်မှုခန့်မှန်းချက်မှာ ၂၀၂၀ ပြည့်နှစ်တွင် (၁.၉) ရာခိုင်နှုန်းရှိနိုင်ကြောင်း ဝါရှင်တန်အခြေစိုက်အဖွဲ့မှ ပြန်လည်ခန့်မှန်းခဲ့ကြောင်း၊ အဆိုပါ စီးပွားရေး ပြန်လည်မြင့်တက်မှုမှာ အခြေခံအဆောက်အဦများနှင့် အိမ်ခြံမြေကဏ္ဍတို့တွင် ရင်းနှီးမြှုပ်နှံမှုများမြင့်တက်လာခြင်း၊ ပို့ကုန်များ တင်ပို့ခြင်း အထူးသဖြင့် ဆေးဘက်ဆိုင်ရာ ပစ္စည်းများ၊ ကျန်းမာရေးသုံး အကာအကွယ်ပစ္စည်းများနှင့် နေအိမ်များမှ အလုပ်လုပ်ရန် ဆက်စပ် လျှပ်စစ်ပစ္စည်းများ တင်ပို့ခြင်းတို့ မြင့်တက်လာခြင်းကြောင့်ဖြစ်ကြောင်း၊ အိန္ဒိယနှင့် ဖိလစ်ပိုင်နိုင်ငံတို့တွင် ကူးစက်မှုအသစ်များ မြင့်တက်ခြင်းနှင့် အသွားအလာ ကန့်သတ်စောင့်ကြည့်မှုများ တိုးမြှင့်ပြုလုပ်ခြင်းကြောင့် စီးပွားရေးဆောင်ရွက်မှုများ သိသာစွာ လျော့ကျလျက်ရှိရာ ၂၀၂၀ ပြည့်နှစ်၊ ဒုတိယလေးလပတ်အတွင်း အာရှဒေသ၏စီးပွားရေးတွင် တရုတ်နိုင်ငံကြောင့် မြင့်တက်လာခြင်းဖြစ်ကြောင်း၊၂၀၂၁ ခုနှစ်တွင်အာရှပစိဖိတ်ဒေသ၏ စီးပွားရေးတိုးတက်မှု (၆.၉) ရာခိုင်နှုန်း ရှိနိုင်ကြောင်းနှင့် ဇွန်လက IMF ၏ ခန့်မှန်း ခဲ့မှုထက် (၀.၃) ရာခိုင်နှုန်း မြင့်တက်လာသော်လည်း COVID-19 မဖြစ်ပွားခင်ကာလက ခန့်မှန်းချက်အောက် လျော့နည်းဆဲဖြစ်ကြောင်း ဖော်ပြပါရှိပါ သည်။

အချင်းချင်း ခပ်ခွာခွာနေထိုင်ရန် သတ်မှတ်ချက်များနှင့် ကူးစက်မှုလျော့နည်းအောင် ဆောင်ရွက်ချက်များကြောင့် ပြည်တွင်းစားသုံးမှုများ လျော့နည်းခြင်း၊ ခရီးသွားလုပ်ငန်းများ လျော့နည်းခြင်းတို့ကြောင့် ကမ္ဘာလုံးဆိုင်ရာ ကုန်သွယ်မှုများ ပုံမှန်အဆင့်သို့ပြန်လည်ရောက်ရှိ ရန်မှာ မလွယ်ကူကြောင်း၊ လုပ်သားအင်အား ပါဝင်ဆောင်ရွက်နိုင်မှုလျော့ကျခြင်းနှင့် ပုဂ္ဂလိက ရင်းနှီးမြှုပ်နှံမှုများတွင် ယုံကြည်မှုလျော့နည်းခြင်းကြောင့် ဆယ်စုနှစ်လယ် လောက်အထိ COVID-19 မဖြစ်ပွားခင် ကာလအောက် (၅) ရာခိုင်နှုန်း လျော့ကျနိုင်ကြောင်း၊ ‌ဒေသတွင်း ထုတ်လုပ်မှုများ ကာလလတ်တွင် COVID-19 မဖြစ်ပွားခင်ကာလအောက် လျော့နည်းနေမည် ဖြစ်သော်လည်း ဖွံ့ဖြိုးဆဲပေါ်ထွန်းစ စီးပွားရေးလုပ်ငန်းများမှာ ဆိုးရွားစွာ ထိခိုက်လျက်ရှိရာ ၂၀၂၁ ခုနှစ်တွင် ပုံမှန်အခြေအနေဖြင့် ပြန်လည်စတင်နိုင်မည်ဟုခန့်မှန်းကြောင်း၊ နိုင်ငံတကာနယ်စပ်ဖြတ်ကျော်မှုများမှာ ကာလအပိုင်းအခြား တစ်ခုအထိ ဆက်လက်ပိတ်ထားမည်ဖြစ်ရာ ခရီးသွားလုပ်ငန်းများနှင့် အချင်းချင်းထိတွေ့ဆက်ဆံရသည့် ဝန်ဆောင်မှု လုပ်ငန်းများအပေါ်မှီခိုနေရသည့် နိုင်ငံများအတွက် စီးပွားရေးပြန်လည်ကောင်းမွန်လာမှုမှာ နှေးကွေး နိုင်ကြောင်း၊ တရုတ်-အမေရိကန် ကုန်သွယ်ရေးတင်းမာမှုများမြင့်တက်လာမှုကြောင့် နိုင်ငံတကာကုန်သွယ်ရေး၊ ငွေကြေးစီးဆင်းမှု၊ နည်းပညာနှင့် ပထဝီနိုင်ငံရေးပိုင်းတွင် မသေချာမှုများရှိနေကြောင်းနှင့် ဒေသတွင်းကုန်သွယ် ဦးဆောင်မှုဖြင့် ကမ္ဘာလုံးဆိုင်ရာတန်ဖိုးကွင်းဆက်တွင် အာရှမှာ အဓိကနေရာမှ ပါဝင်နိုင် ကြောင်း၊ ကမ္ဘာ့ငွေကြေး အကျပ်အတည်းကြောင့် အာရှ-ပစိဖိတ်ဒေသတွင် အလုပ်သမားဈေးကွက်ညွှန်းကိန်းမှာ ကျဆင်းနေသည်ဟု အစီရင်ခံစာတွင်တွေ့ရှိရကြောင်း၊ အလုပ်အကိုင်ရရှိမှုနှုန်းနှင့် အလုပ်သမားတစ်ဦးချင်းစီ၏ အလုပ်လုပ်ချိန်လျော့နည်းလာမှုကြောင့် စုစုပေါင်း အလုပ်လုပ်ချိန်မှာ ကျဆင်းလာကြောင်း၊ အလုပ်လက်မဲ့နှုန်းများ ရုတ်တရက် မြင့်တက်လာကြောင်း၊ အလုပ်သမားများအထူးသဖြင့် ငယ်ရွယ်သူများနှင့် အမျိုးသမီးများ၏ ပါဝင်ဆောင်ရွက်နိုင်မှုမှာလည်း လျော့ကျလာကြောင်း၊ ကမ္ဘာတစ်ဝှမ်းတွင် COVID-19 လူဦးရေး (၄၀) မီလီယံကျော် ကူးစက်ခံ နေရကြောင်း၊ ကူးစက်မှု လှိုင်းအသစ်ဖြစ်ပေါ်လျှင် အသွားအလာကန့်သတ်မှုများ ဆောင်ရွက်ခြင်း၊ လူအများ၏အသက် အန္တရာယ်နှင့် စီးပွားရေးလုပ်ငန်းများ ပိုမိုထိခိုက်စေကြောင်း၊ တရုတ်နိုင်ငံကဲ့သို့ အချို့သော စီးပွားရေး လုပ်ငန်းများသည် အကျပ်အတည်းများကို ပြန်လည် တုံ့ပြန်နိုင်ရန် ကြွေးမြီဆိုင်ရာကိစ္စရပ်များကို ကျော်လွှားနိုင်ရန် ငွေကြေးပိုင်းဆိုင်ရာ အကဲဖြတ်တိုင်းတာမှုများ ပြန်လည်ဆောင်ရွက်ရန် စဉ်းစားလိမ့်မည်ဟု IMF ကပြောကြား ထားကြောင်း ဖော်ပြပါရှိပါသည်။

 

 

 

(မြန်မာစီးပွားရေးသံမှူး၊ ဟောင်ကောင်)

Category: China (HongKong)