Germany

Intel Company က ဂျာမနီနိုင်ငံတွင် ရင်းနှီးမြှုပ်နှံရန် စီစဉ်ဆောင်ရွက်ခြင်း

Last Updated:

အမေရိကန်နိုင်ငံ Intel Company က ဂျာမနီနိုင်ငံအရှေ့ပိုင်း Magdeburg မြို့တွင် Computer Microchips များ ထုတ်လုပ်သည့် Complex တစ်ခု ကို လာရောက်ရင်းနှီးမြှုပ်နှံရန် စီစဉ်ဆောင်ရွက်လျက်ရှိသည်။ အဆိုပါ 3D High-tech processor complex သည် ယူရို ၁၇ ဘီလီယံတန်ဖိုးရှိပြီး ၂၀၂၃ ခုနှစ်အစောပိုင်းတွင် စတင်တည်ဆောက်နိုင်ရန် ရည်မှန်းထားရှိပါသည်။ Intel Company ၏ မန်နေဂျင်းဒါရိုက်တာ Ms. Christin Eisenschmid က ဂျာမနီနိုင်ငံဈေးကွက်ကို အဓိကဦးတည်၍ ဥရောပနှင့် အခြားဈေးကွက်များကို ဝင်ရောက်ရန် ရည်ရွယ်ကြောင်း၊ ရေရှည်တွင် ချိတ်ဆက်ထားသော စက်ရုံ (၈) ခုအပါအဝင် Mega-fab ကြီးတစ်ခုကို တည်ထောင်ရန် ရည်ရွယ်ထားကြောင်း၊ cutting-edge chips များထုတ် လုပ်၍ ဥရောပဒေသတွင် ဒစ်ဂျစ်တယ်စနစ်ကူးပြောင်းရာ၌ အရေးပါလာစေရန်ဖြစ်ကြောင်း၊ ဥရောပဒေသအနေအထားအရ cutting-edge Semiconductor ထုတ်လုပ်မှုများနှင့် ဂေဟစနစ် တိုးတက်မှုများ ပေါင်းစပ်လာစေရန် မဟာဗျူဟာချမှတ်ထားရှိကြောင်း၊ အာရှနိုင်ငံများမှ Semiconductor များ တင်သွင်းရမှုကိုလည်း လျော့ကျစေနိုင်မည်ဖြစ်ကြောင်း ပြောကြားပါသည်။

ဂျာမနီနိုင်ငံအနေနှင့် လက်ရှိတွင် ကမ္ဘာ့စီးပွားရေးတွင် စတုတ္ထအကြီးဆုံးနှင့် ဥရောပတွင် တိုးတက်မှုအများဆုံးရှိသည့် နိုင်ငံဖြစ်ခြင်း၊ အော်တိုမိုတစ်၊ ဒစ်ဂျစ်တယ်ကဏ္ဍ၊ Cloud computing နှင့် လုံခြုံမှုအပိုင်းများ တိုးတက်မှုရှိခြင်း၊ ထိပ်တန်းဦးဆောင်ကုမ္ပဏီကြီးများရှိခြင်း၊ ကမ္ဘာ့အဆင့်မီ သုတေ သနအဖွဲ့အစည်းများရှိခြင်း စသည်တို့က Intel ကုမ္ပဏီအတွက် လာရောက်ရင်းနှီးမြှုပ်နှံရန် အဓိကအချက်များဖြစ်စေကြောင်း၊ Magdeburg ဒေသ သည်လည်း လိုအပ်သည့် အခြေခံအဆောက်အဦပိုင်း၊ နေရာအကျယ်အဝန်းပိုင်း သင့်တော်ကောင်းမွန်ပြီး အဓိကမြို့ကြီးများ၊ တက္ကသိုလ်များနှင့် လည်း ချိတ်ဆက်သွားလာလွယ်ကူမှုရှိခြင်းတို့ကလည်း လုပ်ငန်းကျွမ်းကျင်သူများနှင့် အခြားစက်မှုလုပ်ငန်းများ၊ ဝယ်ယူသုံးစွဲသူများနှင့် ထိတွေ့မှုရရှိ နိုင်ကြောင်း Ms. Christin Eisenschmid က ထပ်မံပြောကြားပါသည်။

Intel ကုမ္ပဏီအနေနှင့် လက်ရှိတွင် Magdeburg ဒေသတာဝန်ရှိသူများနှင့် နီးကပ်စွာဆက်သွယ်ဆောင်ရွက်နေပြီး ၂၀၂၃ ခုနှစ်၊ ပထမနှစ်ဝက်ပိုင်း တွင် ၄၅၀ ဟက်တာအကျယ်တွင် တည်ဆောက်ရေးလုပ်ငန်းများ စတင်ပြီး ၂၀၂၇ ခုနှစ်တွင် cutting-edge Semiconductor များထုတ်လုပ်မှု စတင်နိုင်ရန် ရည်မှန်းထားပါသည်။ စီမံကိန်းနေရာရွေးချယ်ခြင်းနှင့် လုပ်ငန်းစတင်နိုင်ရန်တို့အတွက် ဂျာမန်ဖက်ဒရယ်အစိုးရ၊ Saxon7- Anhalt ပြည်နယ်အစိုးရအဖွဲ့တာဝန်ရှိသူများနှင့် Germany Trade and Invest (GTAI) တို့က ဝိုင်းဝန်းပူးပေါင်းပံ့ပိုးပေးကြပါသည်။


(မြန်မာစီးပွားရေးသံမှူး၊ ဘာလင်မြို့)
Source: Gemany Trade and Invest (GTAI) Newsletter, June 2022

 

Category: Germany