Thailand

ထိုင်းနိုင်ငံအတွင်း၌ စက်သုံးဆီကုန်သွယ်မှုကို ထိန်းညှိပေးရန် စွမ်းအင်ဝန်ကြီးဌာန၏ အစီအစဉ်အပေါ် PTT Oil and Retail Business (OR) က စိတ်အားထက်သန်လျက်ရှိ

Last Updated:

ရေနံစိမ်းဈေးနှုန်းအတက်အကျများနှင့်စပ်လျဉ်း၍ PTT Oil and Retail Business (OR) က ၎င်း၏ စက်သုံးဆီလက်ကားရောင်းချမှုအပေါ် သက်ရောက်မှုရှိနေသော်လည်း စက်သုံးဆီကုန်သွယ် မှုနှင့် ဈေးနှုန်းများအပေါ် ပိုမိုကောင်းမွန်ရန် ထိန်းညှိပေးမည့် စွမ်းအင်ဝန်ကြီးဌာန၏ အစီအစဉ်အတွက် စိတ်အားထက်သန်လျက်ရှိကြောင်း သိရှိရပါသည်။

အိမ်‌စောင့်အစိုးရ စွမ်းအင်ဝန်ကြီး H.E Mr. Pirapan Salirathavibhaga က ပြည်တွင်း စက်သုံး ဆီနှင့် ဟင်းချက်သုံးဓာတ်ငွေ့ဈေးနှုန်းများအတွက် ဥပဒေသစ်အောက်မှ အခွန်များနှင့် ထောက်ပံ့မှု ဆိုင်ရာ ထိန်းညှိရန် စွမ်းအင်အာဏာပိုင်များကို လုပ်ပိုင်ခွင့်ပေးသွားမည်ဟု တွေ့ဆုံမေးမြန်းစဉ်တွင် ပြောကြားခဲ့မှုအရ စတော့ခ်ရင်းနှီးမြှုပ်နှံသူများ၏ စိုးရိမ်မှုများကို သက်သာစေခဲ့ပါကြောင်း၊ စက်သုံးဆီ အပေါ် ကောက်ခံမည့် သင့်လျော်သော အခွန်နှုန်းထားများကို ဥပဒေသစ်အောက်မှကော်မရှင်အသစ် က ဆုံးဖြတ်သွားမည် ဖြစ်ကြောင်း၊ ယင်းတာဝန်ကို လက်ရှိတွင် ဘဏ္ဍာရေးဝန်ကြီးဌာနက ဆောင်ရွက်လျက်ရှိပြီး ဥပဒေသစ် အသက်ဝင်လာပါက ဘဏ္ဍာရေး အရာရှိများကသာလျှင် အခွန်ကောက်ခံရန် တာဝန်ရှိတော့မည်ဖြစ်ကြောင်း၊ ဥပဒေသည် စက်သုံးဆီနှင့် ဓာတ်ငွေ့ဈေးနှုန်း ထောက်ပံ့မှုများကြောင့် ဆုံးရှုံးမှုကြီးမားလျက်ရှိသော Oil Fuel Fund Office ကို အကျိုးကျေးဇူးရှိစေမည် ဖြစ်ကြောင်း သိရှိ ရပါသည်။

စွမ်းအင်အာဏာပိုင်များက သန့်စင်ပြီးနှင့်စက်သုံးဆီလက်လီဈေးနှုန်းအပေါ်တွင်လည်း ထိန်းညှိ ပေးလိုကြကြောင်း၊ ဥပဒေသစ်သည် စက်သုံးဆီ လက်လီရောင်းချသူများ၏ အမြတ်တွင် အတားအဆီး ဖြစ်စေမည်ဟု မထင်မိပါကြောင်း၊ အာဏာပိုင်များအနေဖြင့် ကုန်ကျစရိတ်များ ဖြတ်တောက်ပြီးနောက် စက်သုံးဆီလက်လီရောင်းချသူများမှ ရရှိမည့် အမြတ်ဖြစ်သော ဈေးကွက် margin ကို သက်ရောက် နိုင်မည့် ဈေးနှုန်းထိန်းချုပ်မှုများ မဆောင်ရွက်နိုင်ပါကြောင်း၊ စက်သုံးဆီကုမ္ပဏီများမှ ရရှိလာသော သတင်းအချက်အလက်များအရ ဥပဒေသစ်ဖြင့် မည်သို့ ဆောင်ရွက်ရမည်ကို သိရှိပါကြောင်း OR ၏ အကြီးတန်းအရာရှိ Ms. Wilaiwan Kanjanakanti က သုံးသပ်ပြောကြားပါသည်။

ဥပဒေရေးဆွဲနေစဉ်တွင် လိုအပ်သော အချက်အလက်များကို ကုမ္ပဏီအနေဖြင့် ပံ့ပိုးပေးခဲ့ပါ ကြောင်း၊ ဇွန်လအဆုံးပိုင်းတွင် ပြည်တွင်းစက်သုံးဆီ လက်ကားဈေးကွက်တွင် ကုမ္ပဏီ၏ ဈေးကွက်မျှ ဝေမှု ၄၀ ရာခိုင်နှုန်းမှ ၃၉ ရာခိုင်နှုန်းသို့ ကျဆင်းခဲ့ရခြင်းမှာ ဒီဇယ်ဆီဈေးနှုန်းကို ၁ လီတာလျှင် ၃၃ ဘတ်သို့ လျှော့ချခြင်းဖြင့် ဈေးနှုန်းထောက်ပံ့ပေးခဲ့မှုနှင့် ဆာရာဘူရိရှိ PTT စက်သုံးဆီ အရောင်းဆိုင်သည် မမျှတသော အလေ့အကျင့်များဖြင့် ရောင်းချနေသည်ဟု သတင်းအမှားများကြောင့် ဖြစ်ပါ ကြောင်း Ms. Wilaiwan က ဖြည့်စွက်ပြောကြားခဲ့ပါသည်။

 

Source: www.bangkokpost.com  

သီတာဝင်း၊ စီးပွားရေးသံမှူး၊ ဗန်ကောက်မြို့။

Category: Thailand