U. A. E

ယူအေအီးသမ္မတနှင့်အိန္ဒိယဝန်ကြီးချုပ်တို့ နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်မှုကို ပိုမိုခိုင်မာစေမည့် နားလည်မှုစာချွန်လွှာများလဲလှယ်ပွဲကို အသိသက်သေအဖြစ်တက်ရောက်

Last Updated:

ယူအေအီးသမ္မတ Sheikh Mohamed bin Zayed Al Nahyan နှင့်အိန္ဒိယ၀န်ကြီးချုပ် Narendra Modi တို့သည် နှစ်နိုင်ငံအကြား ပူးပေါင်းဆောင်ရွက်မှုနှင့်မိတ်ဖက်ဆက်ဆံရေးများကို ပိုမိုအထောက်အကူဖြစ်စေရန်အတွက် ရည်ရွယ်ရေးထိုးသည့် နားလည်မှုစာချွန်လွှာ(MoU)သုံးခု ရေးထိုးပွဲအခမ်းအနားကို ၁၅.၇.၂၀၂၃ ရက်နေ့တွင် ယူအေအီးနိုင်ငံ အဘူဒါဘီမြို့တော်၌ကျင်းပခဲ့ရာ အသိသက်သေအဖြစ် တက်ရောက်ခဲ့ကြပါသည်။

နှစ်နိုင်ငံခေါင်းဆောင်များသည် စီးပွားရေးမိတ်ဖက်ကျယ်ကျယ်ပြန့်ပြန့်ပူးပေါင်းဆောင်ရွက်မှုသဘောတူညီချက်(CEPA)ကို ယမန်နှစ်က လက်မှတ်ရေးထိုးခဲ့ကြခြင်းဖြစ်ကာ ယူအေအီး-အိန္ဒိယဆက်ဆံရေးအရှိန်အဟုန် တိုးမြင့်လာမည့်နည်းလမ်းများကို ဆွေးနွေးခဲ့ကြခြင်းဖြစ်ကာ ယခုအခါတွင် အိန္ဒိယဝန်ကြီးချုပ်မိုဒီ ယူအေအီးသို့ တရားဝင်ခရီးစဉ်လာရောက်စဉ်အတွင်း နားလည်မှုစာချွန်လွှာများကို လဲလှယ်ခဲ့ကြခြင်းဖြစ်ပါသည်။

ယနေ့ဖလှယ်သည့် နားလည်မှုစာချွန်လွှာ၏အဓိကအကြောင်းအရာမှာ ငွေကြေးလဲလှယ်မှုနှင့်ဆက်စပ်သည့် ကုန်ကျစရိတ်များလျှော့ချခြင်းဖြင့် နှစ်နိုင်ငံကုန်သွယ်မှုကို ပြည်တွင်းသုံးငွေကြေးများ(Dirham/Rupee)ဖြင့် ပေးချေမှုကို ပိုမိုအားပေးရန်ကတိပြုသည့်  ကုန်သွယ်မှုဆိုင်ရာဆိုင်ရာ သဘောတူညီချက်ဖြစ်ကာ ယူအေအီးဗဟိုဘဏ်အကြီးအကဲ Khaled Mohamed Balama နှင့် India Reserve Bank ၏အကြီးအကဲ Shaktikanta Das တို့အကြား သဘောတူညီချက်စာချွန်လွှာကို အပြန်အလှန်လက်မှတ်ရေးထိုးလဲလှယ်ခဲ့ကြခြင်းဖြစ်ပြီး ဒုတိယနားလည်မှုစာချွန်လွှာအဖြစ် ငွေပေးချေမှုစနစ်များ၊ ဘဏ်ကတ်များနှင့်စာတိုပေးပို့မှုစနစ်များကို အဆိုပါဘဏ်များအကြား လျင်မြန်စွာချိတ်ဆက်ဆောင်ရွက်နိုင်ရေးအတွက် ပူးပေါင်းဆောင်ရွက်သွားမည့်သဘောတူညီချက်စာချွန်လွှာကို အပြန်အလှန်လက်မှတ်ရေးထိုးလဲလှယ်ခဲ့ကြခြင်းဖြစ်ပါသည်။

တတိယနားလည်မှုစာချွန်လွှာကို အဘူဒါဘီပညာရေးနှင့်အသိပညာဌာန၊ အိန္ဒိယပညာရေးဝန်ကြီးဌာနနှင့် အိန္ဒိယနည်းပညာတက္ကသိုလ်(IIT)–ဒေလီတို့အကြား သဘောတူညီချက်တစ်ရပ်ဖြစ်ပြီး IIT ဒေလီနှင့် အဘူဒါဘီမြို့များရှိ လူမျိုးစုများ၏ ဖွံ့ဖြိုးတိုးတက်မှုကို အရှိန်မြှင့်တင်ရန်အတွက်ဖြစ်ကာ ယူအေအီးနိုင်ငံ၏ကနဦးပညာရေးပြည်ထောင်စုဝန်ကြီး Sarah Al Musallam နှင့် အိန္ဒိယနိုင်ငံ ပညာရေးဝန်ကြီးဌာနကို ကိုယ်စားပြုသည့် ယူအေအီးနိုင်ငံဆိုင်ရာအိန္ဒိယသံအမတ်ကြီး Sunjay Sudhi နှင့် အိန္ဒိယနည်းပညာတက္ကသိုလ်မှ ညွှန်ကြားရေးမှူး ပရော်ဖက်ဆာ Ranjan Banarjee တို့က အပြန်အလှန်လက်မှတ်ရေးထိုးလဲလှယ်ခဲ့ကြခြင်းဖြစ်ပါသည်။

အရင်းအမြစ်   -         emirates247.com

(ဦးနန္ဒာစိုးမြင့်)

Category: U. A. E