Thailand

အရှေ့တောင်အာရှနိုင်ငံများသည် ပတ်ဝန်းကျင်၊ လူမှုရေးနှင့် အုပ်ချုပ်မှုစနစ် (Environmental, Social and Governance –ESG) ပန်းတိုင်များသို့ ရောက်ရှိရန် ရုန်းကန်နေရဆဲ

Last Updated:

အရှေ့တောင်အာရှ နိုင်ငံအများစုသည် ကပ်ရောဂါကြောင့်နှေးကွေးခဲ့ရသည့် ၎င်းတို့၏ပတ်ဝန်းကျင်၊ လူမှုရေးနှင့် အုပ်ချုပ်မှုစနစ် (Environmental, Social and Governance –ESG) စွမ်းဆောင်ရည်နှင့် စပ်လျဉ်း၍ အန္တရာယ်များနှင့်ရင်ဆိုင်နေရကြောင်း အစီရင်ခံစာတစ်ခုက ဆိုပါသည်။

နိုင်ငံတကာ အကြံပေးရေးအဖွဲ့တစ်ခုဖြစ်သည့် YCP Solidiance က စင်္ကာပူနိုင်ငံသည် ESG အန္တရာယ်နည်းပါးသော နိုင်ငံဖြစ်ပြီး ကမ္ဘောဒီးယား၊ မြန်မာနှင့် လာအိုတို့သည် အမှတ် ၅၀ အထက်တွင်ရှိပြီး အန္တရာယ်များသောအဆင့်တွင် ရောက်ရှိနေကြောင်းဆိုပါသည်။ ထိုင်းနိုင်ငံသည် အလယ်အလတ်တွင်ရှိပါသည်။ ထိုင်းနိုင်ငံ၊ စွမ်းအင်ဝန်ကြီးဌာနက ၂၀၅၀ ခုနှစ်တွင် လျှပ်စစ်ထုတ်လုပ်ရာ၌ ပြန်လည်ပြည့်ဖြိုးမြဲ စွမ်းအင်ပါဝင်မှု ၅၀ရာခိုင်နှုန်းဖြစ်ရန်၊ ကာဗွန်ကြားနေရေးဖြစ်ရန်နှင့် ၂၀၆၅ ခုနှစ်တွင် net-zero ဖန်လုံအိမ် ဓာတ်ငွေ့ ဖြစ်ရန် စီစဉ်ဆောင်ရွက်လျက်ရှိပါသည်။

Bain and Company Temasek and Microsoft ၏ ၂၀၂၂ ထုတ်ပြန်ချက်တွင် အရှေ့တောင်အာရှရှိ ပင်မစွမ်းအင်ထောက်ပံ့မှု၏ ၈၅ ရာခိုင်နှုန်းကို ပြန်လည်မပြည့်ဖြိုးသော စွမ်းအင်ရင်းမြစ်များမှရရှိကြောင်း၊ ကာဗွန်ဒိုင်အောက်ဆိုဒ် ထုတ်လွှတ်မှုမှာလည်း ၂၀၄၀ တွင် ၂၄,၀၀၀ တန်ထိ မြင့်တက် သွားနိုင်ကြောင်း ဖော်ပြထားပါသည်။

Paris Agreement ကို လိုက်နာသောအားဖြင့် ၂၀၅၀ နှင့် ၂၀၆၅ ခုနှစ်များအတွင်း net-zero emissions သို့ ရောက်ရှိအောင်ဆောင်ရွက်သွားရန်နှင့် စွမ်းအင်လိုလားချက်များ ဖြည့်တင်းရာ၌ ရုပ်ကြွင်းလောင်စာများအပေါ် မှီတည်မှုကိုပါ လျှော့ချသွားရန် အရှေ့တောင်အာရှနိုင်ငံ အစိုးရများအကြား ကတိကဝတ်များထားရှိပါသည်။

မလေးရှား၊ ထိုင်းနှင့် စင်္ကာပူနိုင်ငံတို့ရှိ လုပ်ငန်းများ၏ အချိုးအများစုသည် သဘာဝပတ်ဝန်းကျင် ထောက်ပံ့ရေးကွင်းဆက် မူဝါဒများနှင့်ကိုက်ညီမှုရှိပြီး ဗီယက်နမ်နှင့် အင်ဒိုနီးရှားတို့တွင် မူဝါဒများနှင့် ကိုက်ညီသော လုပ်ငန်းအချိုး နည်းပါးနေပါသေးသည်။ 

၂၀၁၆ ခုနှစ်မှ ၂၀၃၀ ခုနှစ်ကာလအတွင်း ဒေသတွင်း ရေရှည်တည်တံ့သော ပြန်လည်ထူထောင်ရေးဆောင်ရွက်ရာ၌ လွယ်ကူချောမွေ့စေရန် စိမ်းလန်းသော ရင်းနှီးမြှုပ်နှံမှုအတွက် ဘဏ္ဍာငွေ အမေရိကန်ဒေါ်လာ ၃ ထရီလီယံ လိုအပ်ကြောင်း စင်္ကာပူနိုင်ငံ၊ DBS Bank က ဆိုပါသည်။

 အရှေ့တောင်အာရှနိုင်ငံများအတွက် စီးပွားရေးအရ  အကျိုးအမြတ်ကို အစိမ်းရောင်ဖွံ့ဖြိုးမှု ကဏ္ဍများ၏ အလုံးစုံတိုးတက်မှုကို မြှင့်တင်ခြင်းမှ ရရှိစေနိုင်ပြီး ဒေသတွင်းလူဦးရေ၏ သက်သာချောင်ချိရေးကိုလည်း မြှင့်တင်ရာရောက်ကြောင်း YCP က ဆိုပါသည်။

 

 

 

 

(စီးပွားရေးသံမှူး၊ ဗန်ကောက်မြို့)

Source: https://www.bangkokpost.com/business/2552101/southeast-asia-struggles-to-hit-esg-goals
Category: Thailand