USA

အမေရိကန်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနက ၂၀၂၅ ခုနှစ်၊ မေလတွင် ကျင်းပပြုလုပ်မည့် SelectUSA Investment Summit သို့တက်ရောက်မည့်သူများ စာရင်းပေးသွင်းနိုင်

Last Updated:

အမေရိကန်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနက ၂၀၂၅ ခုနှစ်၊ မေလလ (၁၁)ရက်မှ (၁၄) ရက်အတွင်း မေရီလန်းပြည်နယ်၊ National Harbor ရှိ Gaylord National Resort & Convention Center ၌ကျင်းပပြုလုပ်မည့် SelectUSA Investment Summit ကို တက်ရောက်လိုသူများ စာရင်းပေးသွင်းနိုင်ပြီဖြစ်ကြောင်းနှင့်စာရင်းပေးသွင်းနိုင်သည့်ဝက်ဘ်ဆိုက်လိပ်စာမှာ (www.selectusasummit.us)  ဖြစ်ပါသည်။

အမေရိကန်နိုင်ငံ၏ SelectUSA Investment Summit အစီအစဉ်သည် အမေရိကန်နိုင်ငံသို့ နိုင်ငံခြားတိုက်ရိုက်ရင်းနှီးမြှုပ်နှံမှုများ (FDI) ဝင်ရောက်လာရန် ရည်ရွယ်ကျင်းပခြင်းဖြစ်ပြီး အဆိုပါ အစီအစဉ်မှတစ်ဆင့် နိုင်ငံတကာရင်းနှီးမြှုပ်နှံသူများနှင့် အမေရိကန်စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု ဆိုင်ရာ အသင်းအဖွဲ့အများကို ချိတ်ဆက်ပေးသည့် အစီအစဉ်တစ်ရပ်လည်း ဖြစ်ပါသည်။ ၂၀၂၄ ခုနှစ် တွင် ကျင်းပခဲ့သည့် SelectUSA Investment Summit တွင် အမေရိကန်နိုင်ငံတစ်ဝှမ်းနှင့် နိုင်ငံတကာ ဈေးကွက်ပေါင်း (၉၀)တို့မှ ပါဝင်တက်ရောက်သူဦးရေ (၅,၀၀၀) ကျော်အထိ ရှိခဲ့ပါသည်။ ၂၀၂၅ ခုနှစ်၊ SelectUSA Investment Summit သို့တက်ရောက်ခြင်းဖြင့် အမေရိကန်နိုင်ငံတွင် ရင်းနှီးမြှုပ်နှံနိုင်မည့် အခွင့်အလမ်းများရရှိနိုင်ပြီး အမေရိကန်အစိုးရအဆင့်မြင့်အရာရှိကြီးများ၊ စီးပွားရေးလုပ်ငန်းများမှ အမှုဆောင်အရာရှိချုပ်များ၊ ဝန်ဆောင်မှုလုပ်ငန်းများ၊ စက်မှုလုပ်ငန်းများ၊ Startups လုပ်ငန်းများ နှင့် ချိတ်ဆက်နိုင်မည်ဖြစ်ကာ ၎င်းတို့၏စီးပွားရေးမဟာဗျူဟာများကို လေ့လာနိုင်မည်ဖြစ်ကြောင်း သိရှိရပါသည်။  

(စီးပွားရေးသံမှူး၊ ဝါရှင်တန်ဒီစီ)

 

Category: USA