တရုတ်နှင့် အာဖရိက စွန့်ဦးတီထွင်သူများသည် တရုတ်-အာဖရိက ပူးပေါင်းဆောင်ရွက်မှုဖိုရမ်တွင် နှစ်ဘက်အကျိုးရလာဒ်များရှိသည့် ပူးပေါင်းဆောင် ရွက်မှုအခွင့်အလမ်းများ (win-win cooperation opportunities) ကို ဖော်ဆောင်မျှဝေသွားနိုင်မည်ဖြစ်ကြောင်း တရုတ်နိုင်ငံတကာ ကုန်သွယ်မှုမြှင့်တင်ရေးကောင်စီ၏ ဒုတိယဥက္ကဋ္ဌ Zhang Shaogang က ပေကျင်းမြို့၌ အင်္ဂါနေ့တွင် ပြုလုပ်သည့် သတင်းစာ ရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။
တရုတ်-အာဖရိက ပူးပေါင်းဆောင်ရွက်ရေးဖိုရမ် (Forum on China-Africa Cooperation -FOCAC) ၂၀၂၄ ထိပ်သီးအစည်းအဝေး၏ အရေးကြီးသော အစိတ်အပိုင်းတစ်ခုဖြစ်သည့် တရုတ်နှင့် အာဖရိကလုပ်ငန်းရှင်များ၏ အဋ္ဌမအကြိမ်မြောက် ညီလာခံသည် တရုတ်နှင့် အာဖရိကကြား ကုန်သွယ်မှု ဆက်ဆံရေးကို အဆင့်သစ်တစ်ခုသို့ မြှင့်တင်ရန်အတွက် ကူညီပေးလိမ့်မည်ဖြစ်သည်။ ၂၀၀၃ ခုနှစ်တွင် စတင်တည်ထောင်ခဲ့သော တရုတ်နှင့် အာဖရိက စွန့်ဦးတီထွင်သူများ ညီလာခံကို သုံးနှစ်တစ်ကြိမ် ကျင်းပခဲ့ပြီး ယခုနှစ်တွင် တရုတ်နိုင်ငံမှ ကိုယ်စားလှယ် ၃၈၂ ဦးနှင့် အာဖရိကနိုင်ငံမှ ကိုယ် စားလှယ် ၄၀၈ ဦးတို့ကို ဖိတ်ကြားခဲ့သည်။
၂၀၂၄ ခုနှစ် စက်တင်ဘာ ၄ ရက်နေ့မှ ၆ ရက်နေ့အထိ ကျင်းပမည့် ၂၀၂၄ FOCAC ထိပ်သီး အစည်း အဝေး၏ ဆောင်ပုဒ်နှင့်အညီ တရုတ်နှင့် အာဖရိက စွန့်ဦးတီထွင်သူများ အဋ္ဌမအကြိမ်မြောက်ညီလာခံကို စက်တင်ဘာ ၆ ရက်နေတွင် ပေကျင်းမြို့၌ ကျင်းပမည်ဖြစ်သည်။ “စက်မှုဆိုင်ရာနှင့် ထောက်ပံ့ရေးကွင်း ဆက်များပေါင်းစည်းမှု မြှင့်တင်ရေး” နှင့် “ထွန်းသစ်စ စက်မှုလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်မှု မြှင့်တင်ရေး” စသည့် ခေါင်းစဉ်နှစ်ခုကို အဓိကထား ဆွေးနွေးသွားမည် ဖြစ်သည်။
စက်မှုလုပ်ငန်းနှင့် ထောက်ပံ့ရေးကွင်းဆက်များ ပေါင်းစည်းမှုကို မြှင့်တင်ရာတွင် တရုတ်နိုင်ငံသည် အမျိုးအစားအားလုံးနှင့်ဆက်နွယ်သည့် စက်မှုလုပ် ငန်းများအတွက် တစ်ခုတည်းသော နိုင်ငံတစ်ခု ဖြစ်သည်။ အာဖရိကသည် ဖွံ့ဖြိုးဆဲနိုင်ငံများ စုစည်းနေထိုင်ရာ တိုက်ကြီးတစ်ခုဖြစ်သည်။ တရုတ်နှင့် အာဖရိကတို့သည် ကြီးမားသောပေါင်းစပ်မှုနှင့် ပူးပေါင်းဆောင်ရွက်မှုအတွက် ကျယ်ပြန့်သော နေရာများ ကို ပိုင်ဆိုင်ထားကြသည်။
စက်မှုနှင့် ထောက်ပံ့ရေးကွင်းဆက်များ ပေါင်းစည်းမှုကို တိုးတက်စေရန် China International Supply Chain Expo ကဲ့သို့သော စီးပွားရေးနှင့် ကုန် သွယ်ရေး ပူးပေါင်းဆောင်ရွက်မှု ပလက်ဖောင်းများကို တရုတ်နှင့် အာဖရိကမှ တက်သစ်စလုပ်ငန်းရှင်များအနေဖြင့် ကောင်းစွာအသုံးပြုရမည် ဖြစ် သည်။
တရုတ်နိုင်ငံသည် အရည်အသွေးပြည့် ထုတ်လုပ်မှု စွမ်းအားသစ်များ ပြုစုပျိုးထောင်ရေး လုပ်ငန်းစဉ်ကို အရှိန်မြှင့်လုပ်ဆောင်နေပြီး အာဖရိကအနေ ဖြင့် ခေတ်မီတိုးတက်ရေးနှင့် လွတ်လပ်သော ဖွံ့ဖြိုးတိုးတက်မှုဆီသို့ ရောက်ရှိနိုင်ရန် ၎င်း၏ ကိုယ်ပိုင်လမ်းကြောင်းကို ရှာဖွေလျက်ရှိသည်။
အာဖရိကနိုင်ငံများနှင့် တရုတ်နိုင်ငံတို့သည် ဒစ်ဂျစ်တယ်စီးပွားရေး၊ အစိမ်းရောင်ဖွံ့ဖြိုးတိုးတက်ရေးနှင့် ဉာဏ်ရည်အတု (Artificial Intelligence-AI) ကဲ့သို့သော နယ်ပယ်များ၌ ပူးပေါင်းဆောင်ရွက်မှုများအတွက် အလားအလာကောင်းများ မျှဝေခံစားနိုင်သည်။ တရုတ်နှင့် အာဖရိကမှ လုပ်ငန်းရှင်များသည် ထွန်းသစ်စ လုပ်ငန်းကဏ္ဍများ၌ ပူးပေါင်းဆောင်ရွက်မှုကိုမြှင့်တင်ကာ စက်မှုလုပ်ငန်းသစ်များ ဖွံ့ဖြိုးတိုးတက်လာစေရေးအတွက် အတူတကွ လုပ်ဆောင်ကြရမည် ဖြစ်သည်။
ဒစ်ဂျစ်တယ်စီးပွားရေးတွင် တရုတ်နိုင်ငံအနေဖြင့် အာဖရိကနိုင်ငံများသို့ ၎င်းတို့၏ ဒစ်ဂျစ်တယ်နည်းပညာ အခြေခံအဆောက်အအုံများ တည်ဆောက်ရာတွင် တက်ကြွစွာ ပံ့ပိုးကူညီပေးလျက်ရှိသည်။ FOCAC စတင်တည်ထောင်ချိန်မှစ၍ တရုတ်ကုမ္ပဏီများသည် အာဖရိကနိုင်ငံများ၌ သုံးစွဲသူ ဦးရေ သန်း ၇၀၀ နီးပါးအတွက် ကွန်ရက်ဝန်ဆောင်မှု (network services) များပေးနိုင်ရန် ကူညီပေးခဲ့ကြောင်း တရုတ် အပြည်ပြည်ဆိုင်ရာ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးအသင်း (China Chamber of International Commerce) ၏ အထွေထွေအတွင်းရေးမှူး Sun Xiao က ပြောကြားခဲ့သည်။
တစ်ချိန်တည်းမှာပင် တရုတ်ကုမ္ပဏီများသည် အာဖရိကနိုင်ငံများ၏ e-commerce လုပ်ငန်းများ တွင် တက်ကြွစွာ ပူးပေါင်းဆောင်ရွက်ခဲ့ကြသည်။ ဒစ်ဂျစ်တယ်ငွေပေးချေမှု၊ စမတ်ထောက်ပံ့ပို့ဆောင်ရေး (Smart Logistics) နှင့် အခြားနယ်ပယ်များ၌ အတွေ့အကြုံများမျှဝေလျက် အီသီယိုးပီးယားနှင့် တောင် အာဖရိကတို့အပါအဝင် အာဖရိကနိုင်ငံများ၌ ၎င်းတို့၏ e-commerce ဂေဟစနစ်ကို တည်ဆောက်ရန် ကူညီပေးခဲ့သည်။
တရုတ်နှင့် အာဖရိကနိုင်ငံများသည် မိတ်ကောင်းဆွေကောင်း၊ ညီအစ်ကိုကောင်းနှင့် မိတ်ဖက် ကောင်းများဖြစ်သည်။ မကြာသေးမီ နှစ်များအတွင်း တရုတ်နှင့် အာဖရိက နှစ်နိုင်ငံမှ ခေါင်းဆောင်များ၏ မဟာဗျူဟာလမ်းညွှန်မှုဖြင့် နှစ်နိုင်ငံအကြား စီးပွားရေးနှင့် ပူးပေါင်းဆောင်ရွက်မှုအတွက် ရလဒ်ကောင်း များ ရရှိခဲ့ပါသည်။ ၂၀၂၃ ခုနှစ်တွင် တရုတ်နှင့် အာဖရိကကြား စီးပွားရေး ကုန်သွယ်မှု ပမာဏသည် အမေရိကန်ဒေါ်လာ ၂၈၂ ဒသမ ၁ ဘီလီယံအထိ ရောက်ရှိခဲ့ပြီး ၂၀၂၁ ခုနှစ်မှစ၍ ၁၁ ရာခိုင်နှုန်း နီးပါး မြင့်တက်လာကာ နှစ်နှစ်ဆက်တိုက် စံချိန်တင်မြင့်တက်လာခဲ့ခြင်း ဖြစ်သည်။ လွန်ခဲ့ သော သုံးနှစ်တာကလအတွင်း တရုတ်ကုမ္ပဏီများသည် အာဖရိကနိုင်ငံများ၌ အလုပ်အကိုင် နေရာပေါင်း ၁ ဒသမ ၁ သန်းကျော် ကို ဖန်တီးပေးနိုင်ခဲ့သည်။
ကိန်းဂဏန်းအချက်အလက်များအရ တရုတ်နဲ့ အာဖရိကတို့အကြား စီးပွားရေးနဲ့ ကုန်သွယ်ရေး ပူးပေါင်းဆောင်ရွက်မှု အားကောင်းလာသည့်နှင်အမျှ တိုးတက်မှု အရှိန်အဟုန်ကိုလည်း ထိန်းသိမ်းထားနိုင်ခဲ့သည်။ တရုတ်နိုင်ငံသည် အာဖရိက၏ အကြီးဆုံး ကုန်သွယ်ဘက်နိုင်ငံအဖြစ် ၁၅ နှစ်ဆက်တိုက် ရပ်တည်နိုင်ခဲ့သည်။ တရုတ်နှင့် အာဖရိကတို့အကြား ကုန်သွယ်မှုပမာဏသည် တစ်နှစ်ထက်တစ်နှစ် ၅ ဒသမ ၅ ရာခိုင်နှုန်း မြင့်တက်လာခဲ့ပြီး ယွမ်ငွေ ၁ ဒသမ ၁၉ ထရီလီယံ (အမေရိကန်ဒေါ်လာ ၁၆၆ ဒသမ ၆ ဘီလီယံ) ရှိကြောင်း တရုတ်အကောက်ခွန် အထွေထွေအုပ်ချုပ်ရေးအဖွဲ့၏ အချက် အလက်များအရ သိရသည်။
အရင်းမြစ်။ http://www.chinadaily.com.cn/a/202409/04/WS66d7c168a3108f29c1fca0a5.html
လျန်ရှန်းမုန်
စီးပွားရေးသံမှူး၊
တရုတ်နိုင်ငံ၊ ကူမင်းမြို့။