China (Kunming)

တရုတ်-မြန်မာ နယ်စပ်ရှိ မန်စီမြို့တွင် မြန်မာနိုင်ငံထွက် စိန်တစ်လုံးသရက်သီး၏ မွှေးရနံ့ သင်းပျံ့လျက်ရှိ

Last Updated:

စိန်တစ်လုံးသရက်သီးများ ထွက်ရှိရာဒေသမှာ မြန်မာနိုင်ငံ မန္တလေးတိုင်းဒေသကြီးတွင် တည်ရှိပါသည်။ ဧပြီလကုန်မှစ၍ စျေးကွက်သို့ တင်ပို့ရောင်းချလာခဲ့ပါသည်။ ၎င်းအပြင် တရုတ်-မြန်မာ နှစ်နိုင်ငံ ကုန်သွယ်ရေးလမ်းကြောင်းများမှတစ်ဆင့် တရုတ်ပြည်တွင်းသို့ တင်ပို့ရောင်းချ လျက်ရှိပါသည်။

သဘာဝက ပေးစွမ်းသော ပထဝီမြေအနေအထားအားသာချက်ကြောင့် နှစ်စဥ် မေလတွင် တရုတ်-မြန်မာ နယ်စပ်ရှိ မန်စီမြို့၏ လမ်းမကြီး၊ လမ်းမငယ်များ၌ စိန်တစ်လုံး သရက်သီးများကို သိသိသာသာတွေ့မြင်နိုင်ပါသည်။ လက်ရှိအချိန်တွင် ပုံမှန်အားဖြင့် စိန်တစ်လုံးသရက်သီး ၅၀၀ ဂရမ်ကို တရုတ်ငွေ ၈ ယွမ် ဝန်းကျင် ရောင်းချလျက်ရှိပါသည်။ မန်စီမြို့ ရှောက်ကွမ်အထူးစတိုး ဆိုင်ကြီးတွင် နေ့စဥ်နံနက်တိုင်းတွင် ဆိုင်ဝန်ထမ်းများသည် ထိုနေ့က အသစ်ရောက်ရှိလာသည့် အရည်အသွေးမြင့် စိန်တစ်လုံး သရက်သီးများကို ပြင်ပဒေသအသီးသီးသို့ တင်ပို့ရောင်းချလျက် ရှိပါသည်။

"ကျွန်တော်တို့က အရည်အသွေးကောင်းတဲ့ အိတ်စွပ်သရက်သီးတွေကို ရောင်းပါတယ်။ လက်ကားဈေးကတော့ တစ်သေတ္တာကို ယွမ် ၁၇၀ မှ ၁၈၀ လောက်ရှိပါတယ်။ Taobao နဲ့ WeChat လိုမျိုး အွန်လိုင်းပလက်ဖောင်းတွေမှာ ရောင်းချတာတွေ ရှိပါတယ်။ လတ်ဆတ်မှုနဲ့ အချိန်မီပို့ဆောင်မှု သေချာစေဖို့အတွက် ပြင်ပဒေသတွေအားလုံးသို့ လေကြောင်းဖြင့် ပို့ဆောင် ပေးပါတယ်”ဟု အဆိုပါဆိုင်မှ မန်နေဂျာ Mr. Qi Jinzao က ပြောကြားခဲ့သည်။ ယခုနှစ်တွင် စိန်တစ်လုံး သရက်သီးများ ရောင်းချမှု ပမာဏသည် ယခင်နှစ်နှင့် နှိုင်းယှဉ်ပါက ၂ ဆမှ ၃ ဆအထိ တိုးလာကြောင်း ၎င်းက ဆက်လက် ပြောကြားခဲ့သည်။

စိန်တစ်လုံးသရက်သီးသည် မြန်မာနိုင်ငံမှ တင်သွင်းလာသော ကုန်ပစ္စည်းတစ်ခုဖြစ်သော် လည်း မန်စီနယ်သူနယ်သားများအတွက် ထူးခြားသော အစားအသောက်နှင့် ယဉ်ကျေးမှုပုံစံ အဖြစ် ရေးထိုးထားသကဲ့သို့ပင် နယ်စပ်ကုန်သွယ်ရေး ဖွံ့ဖြိုးတိုးတက်မှုအတွက် လှပသော "စီးပွားရေးမှတ်ကျောက်" တစ်ခုလည်း ဖြစ်လာခဲ့သည်။

အရင်းအမြစ်:yunnangateway.com(芒市融媒体中心)

(စီးပွားရေးသံမှူး၊ ကူမင်းမြို့)

Category: China (Kunming)