China (Kunming)

ဒေသဆိုင်ရာ ဘက်စုံစီးပွားရေး ပူးပေါင်းဆောင်ရွက်မှု သဘောတူညီချက် (RCEP) အရ ကူမင်း အကောက်ခွန်သည် ပထမဆုံး ဖိလစ်ပိုင်သို့ တင်ပို့သည့် ယူနန်ပြည်နယ်၏ ပင်ရင်းလက်မှတ်ထုတ်ပေး

Last Updated:

အာရှ-ပစိဖိတ်ဒေသဆိုင်ရာ ဘက်စုံစီးပွားရေးပူးပေါင်းဆောင်ရွက်မှု (RCEP) သည် အာရှ-ပစိဖိတ် နိုင်ငံများဖြစ်သည့် သြစတြေးလျ၊ ဘရူနိုင်း၊ ကမ္ဘောဒီးယား၊ တရုတ်၊ အင်ဒိုနီးရှား၊ ဂျပန်၊ တောင် ကိုရီးယား၊ လာအို၊ မလေးရှား၊ မြန်မာ၊ နယူးဇီလန်၊ ဖိလစ်ပိုင်၊ စင်ကာပူ၊ ထိုင်း၊ နှင့် ဗီယက်နမ် ပါဝင်ဖွဲ့စည်းထားသော အဖွဲ့တစ်ခုဖြစ်ပါသည်။ အဖွဲ့ဝင် ၁၅ နိုင်ငံသည် ကမ္ဘာ့လူဦးရေ ၏ ၃၀ % (၂ ဒသမ ၂ ဘီလီယံ)၊ ကမ္ဘာလုံးဆိုင်ရာ GDP ၏ ၃၀ % (အမေရိကန်ဒေါ်လာ ၂၉ ဒသမ ၇ ထရီလီယံ) နှင့် စုစုပေါင်းပို့ကုန်ပမာဏ အမေရိကန်ဒေါ်လာ ၅ ဒသမ ၂ ထရီလီယံဖြင့် သမိုင်းတစ်လျှောက် အကြီးဆုံးကုန်သွယ်မှုအဖွဲ့ဖြစ်လာသည်။ ၂၀၂၀ ပြည့်နှစ် နိုဝင်ဘာလ ၁၅ ရက်နေ့တွင် လက်မှတ်ရေးထိုးခဲ့သော RCEP သည် တရုတ်၊ တောင်ကိုရီးယား၊ အင်ဒိုနီးရှားနှင့် ဂျပန်တို့ အပါအဝင် အာရှရှိစီးပွားရေးအင်အားအကြီးဆုံးနိုင်ငံများကြား ပထမဆုံးလွတ်လပ်သော ကုန်သွယ်မှု သဘောတူညီချက်ဖြစ်သည်။ ၂၀၂၂ ခုနှစ် မေလ ၁ ရက်နေ့တွင် မြန်မာနိုင်ငံ၊ ၂၀၂၃ ခုနှစ် ဇန်နဝါရီလ ၂ ရက်နေ့ တွင် အင်ဒိုနီးရှားနိုင်ငံနှင့် ၂၀၂၃ ခုနှစ် ဇွန်လ ၂ ရက်နေ့တွင် ဖိလစ်ပိုင်နိုင် စသည်ဖြင့် နိုင်ငံအသီးသီး၌ အသက်ဝင်ခဲ့ပြီဖြစ်သဖြင့် RCEP စာချုပ်သည် အပြည့်အဝ အကောင်အထည်ဖော်မှုအသစ်ကို စတင်လိုက်ပြီ ဖြစ်သည်။ ၎င်းသည် အဖွဲ့ဝင် ၁၅ နိုင်ငံလုံးအတွက် သဘောတူညီချက်တစ်ခုအဖြစ် အသက်ဝင်မည်ဖြစ်သည့်အပြင် ယနေ့အထိ ကမ္ဘာ့အကြီးဆုံး လွတ်လပ်သောကုန်သွယ်မှုသဘောတူညီချက်ကို အပြည့်အဝ အကောင်အထည် ဖော်နိုင်ခြင်းဖြစ်သည်။ သဘောတူညီချက်အရ အတည်ပြုပြီးသော အဖွဲ့ဝင်နိုင်ငံများအကြား ကုန်သွယ်မှု ၉၀ ရာခိုင်နှုန်းကျော်သည် အခွန်ကင်းလွှတ်ခွင့် ရနိုင်မည် ဖြစ်သည်။

၂၀၂၃ ခုနှစ် ပထမ ၄ လအတွင်း တရုတ်နှင့် အခြား RCEP နိုင်ငံ ၁၄ နိုင်ငံကြား သွင်းကုန် နှင့် ပို့ကုန်ဆောင်ရွက်မှုအနေဖြင့် ယွမ် ၄ ဒသမ ၁ ထရီလီယံ (အမေရိကန်ဒေါ်လာ ၅၈၀ ဒသမ ၁၆ ဘီလီယံ) အထိ တစ်နှစ်ထက်တစ်နှစ် ၇ ဒသမ ၃ ရာခိုင်နှုန်း တိုးတက်ခဲ့သည်။ ၂၀၂၂ ခုနှစ်အတွင်း ကုန်သွယ်မှုပမာဏမှာ ယွမ် ၁၂ ဒသမ ၉၅ ထရီလီယံ သို့ တစ်နှစ်ထက်တစ်နှစ် ၇ ဒသမ ၅ ရာခိုင်နှုန်း တိုးတက်ခဲ့သည်။

ကူမင်းအကောက်ခွန်သည် ယူနန်ပြည်နယ်တွင် ဖိလစ်ပိုင်သို့ တင်ပို့သည့် ဒေသဆိုင်ရာ ဘက်စုံစီးပွားရေး ပူးပေါင်းဆောင်ရွက်မှု သဘောတူညီချက် (RCEP) ၏ ပထမဆုံး ပင်ရင်း လက်မှတ်ကို ထုတ်ပေးခဲ့သည်။

ဇွန်လ ၂ ရက်နေ့တွင် ဖိလစ်ပိုင်နိုင်ငံအတွက် “ဒေသဆိုင်ရာ ဘက်စုံစီးပွားရေး ပူးပေါင်း ဆောင်ရွက်ရေး သဘောတူညီချက်” (RCEP) တရားဝင် စတင်အသက်ဝင်ခဲ့သည်။ ထိုနေ့ နံနက် ၀၉း၀၂ နာရီအချိန်တွင် ကူမင်းအကောက်ခွန်ပိုင် ယူနန်ဗဟိုအကောက်ခွန်၏ အကောက်ခွန် ကြေငြာခန်းမ၌ Kunming Zicha Qiuyu Flower Co.,Ltd အား ဖိလစ်ပိုင်သို့ တင်ပို့ရန်အတွက် ယူနန်ပြည်နယ်၏ ပထမဆုံး RCEP လက်မှတ်ကို လျှောက်ထားထုတ်ပေးခဲ့သည်။ လက်မှတ် သည် ယွမ် ၇၂,၀၀၀ တန်ဖိုးရှိ နှင်းဆီနှင့် လီလီကဲ့သို့ လတ်ဆတ်သော ပန်းပွင့်များ ဖစ်လစ်ပိုင်သို့ တင်ပို့ရန်အတွက် ဖြစ်သည်။

ယူနန်ပြည်နယ်မှ ဖိလစ်ပိုင်သို့ အကောက်ခွန်မဲ့တင်ပို့နိုင်မည့် ပထမဆုံး RCEP လက်မှတ် ကို ရရှိသည့်အတွက် ဝမ်းသာပါကြောင်း၊ ကျွန်တော်တို့ ကုမ္ပဏီရဲ့ ၆၀ ရာခိုင်နှုန်းက ဖိလစ်ပိုင်သို့ သွားနေပါကြောင်း၊ ဖိလစ်ပိုင်၌ ဒေသတွင်းဘက်စုံစီးပွားရေး မိတ်ဖက်ဆက်ဆံမှု သဘောတူညီ ချက်ကို အသက်ဝင်စေသည်မှာ ကျွန်တော်တို့အတွက် သတင်းကောင်းဖြစ်ပါကြောင်း ကုမ္ပဏီ မန်နေဂျာ Zhang Yan မှ ပြောကြားခဲ့သည်။

အကောက်ခွန်ဆိုင်ရာ လိုက်လျောမှုများအား အပြန်အလှန် အကောင်အထည်ဖော်မှု အပြီးတွင် ကမ္ဘာ့အကြီးဆုံး လွတ်လပ်သော ကုန်သွယ်မှုဇုန်သည် အပြည့်အဝ အကောင်အထည် ဖော်မှု အဆင့်သစ်သို့ ရောက်ရှိလာပါသည်။ သဘောတူညီချက်ကို အပြည့်အဝအကောင်အထည် ဖော်ခြင်းဖြင့် အဖွဲ့ဝင် ၁၅ နိုင်ငံသည် RCEP မူဝါဒမှ ထုတ်ပြန်သော အမြတ်ဝေစုများမှ အပြည့်အဝ အကျိုးခံစားခွင့် ရရှိမည်ဖြစ်ပြီး လုပ်ငန်းများအတွက် အကျိုးကျေးဇူး ရရှိမှုများ ပိုမိုကျယ်ပြန့် လာမည် ဖြစ်သည်။ အကောက်ခွန်စာရင်းဇယားများအရ ၂၀၂၃ ခုနှစ် ဇန်နဝါရီလမှ ဧပြီလအထိ ယူနန် ပြည်နယ်၏ RCEP ကုန်သွယ်ဖက်များသို့ သွင်းကုန်/ပို့ကုန်တန်ဖိုး ယွမ် ၄၀.၆၆ ဘီလီယံ ရှိ သဖြင့် ၁၁ ဒသမ ၄ ရာခိုင်နှုန်း တိုးမြင့်လာခဲ့သည်။

RCEP အကောင်အထည်ဖော်မှုကို စဉ်ဆက်မပြတ် မြှင့်တင်ရန်နှင့် ထိရောက်မှု တိုးမြှင့်ရန် အတွက် ကူမင်းအကောက်ခွန်မှ လုပ်ငန်းရှင်များထံ သွားရောက်ကာ ဦးစားပေးအစီအစဉ်များကို ကျယ်ကျယ်ပြန့်ပြန့်ရေးဆွဲနိုင်စေရန်နှင့် RCEP အကောက်ခွန်လျှော့ချရေး ကတိကဝတ်များကဲ့သို့ သော ခေါင်းစဉ်များပေါ်တွင် အထူးလေ့ကျင့်ရေး သင်တန်းများ ကျင်းပပေးခဲ့ပါသည်။ ပို့ကုန် လုပ်ငန်းများအား ဘက်စုံအကူအညီများ ဆောင်ရွက်ပေးနိုင်ရန် အမျိုးမျိုးသော Online နှင့် OffLine များမှတစ်ဆင့် အဓိကလုပ်ငန်းများအတွက် "door to door " လမ်းညွှန်ချက်ကိုလည်း ချမှတ်ပေးသည်။ တစ်ချိန်တည်းတွင် အောက်ဖော်ပြပါအချက်များတွင် လက်တွေ့ကျစွာ မြှင့်တင် ဆောင်ရွက်သွားသင့်ကြောင်း ဖော်ပြခဲ့သည်-

(က)    မူလ “Zero Wait” အသိဉာဏ်ရှိသောစာရင်းစစ်၏ အဆင်ပြေသော နည်းလမ်းဖြင့် မြှင်တင်ဆောင်ရွက်ခြင်း။

( ခ )   "No Contact" ကိုယ်တိုင်ပုံနှိပ်ဆောင်ရွက်ခြင်းခြင်း၊

( ဂ )   ကုန်သွယ်မှု အဆင့်မြှင်တင်ခြင်း၊

(ဃ)    ဆိပ်ကမ်း၏ စီးပွားရေးပတ်ဝန်းကျင်ကို အကောင်းဆုံးဖြစ်အောင်တည်ထောင်ခြင်း၊

( င )   လုပ်ငန်းလည်ပတ်မှုကုန်ကျစရိတ်ကို လျှော့ချခြင်း၊

“လက်ရှိတွင် လုပ်ငန်းများမှ လျှောက်ထားသော မူရင်းလက်မှတ်များ၏ ၈၀ ရာခိုင်နှုန်း ကို စနစ်က အလိုအလျောက်စစ်ဆေးပြီးဖြစ်ပြီး ကိုယ်တိုင်ဝန်ဆောင်မှု ပုံနှိပ်နှုန်းက ၆၅ ရာခိုင်နှုန်း ထက်ကျော်လွန်နေပါတယ်။  နိုင်ငံတကာအဆင့်မြင့် လွတ်လပ်သော ကုန်သွယ်မှုစည်းမျဉ်းတွေနဲ့ ချိတ်ဆက်သွားမှာပါ၊ ပိုမိုကောင်းမွန်အောင်နဲ့ အဆင့်မြှင့်တင်ရေးကို မြှင့်တင်ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။ RCEP ၏ မူဘောင်နှင့် လမ်းညွှန်မှုအောက်တွင် ကောင်းမွန်သော ကုန်စည်ကူးသန်းမှု ဖော်ဆောင်ရန်၊ စီးပွားရေးလုပ်ငန်းများကို မူဝါဒပိုင်းအရ အမြတ်ဝေစုခံစားစေရန်၊ 'နိုင်ငံရပ်ခြားသို့ cloud ထုတ်ကုန်များ' ကို ဆက်လက်မြှင့်တင် တင်ပို့နိုင်ရန် လမ်းညွှန်ပေးမည် ဖြစ်ကြောင်း ယူနန်အကောက်ခွန်ဗဟိုဘက်စုံစီးပွားရေးကဏ္ဍ အကြီးအကဲ Li Qiyong က ပြောခဲ့သည်။

၂၀၂၃ ခုနှစ် ဇန်နဝါရီလမှ ဧပြီလအထိ ကူမင်းအကောက်ခွန်သည် အမျိုးအစားအမျိုးမျိုး ၏ ပင်ရင်းသက်သေခံလက်မှတ် စုစုပေါင်း ၂၃,၉၀၀ ထုတ်ပေးခဲ့သည်။ ဗီဇာပမာဏမှာ ယွမ်ငွေ ၅ ဒသမ ၈ ဘီလီယံ တစ်နှစ်ထက်တစ်နှစ် ၄၇ ရာခိုင်နှုန်း တိုးတက်လာခဲ့ပါသည်။ သွင်းကုန် ခွန် ယွမ် ၁၄၅ သန်း လျှော့ချရန် မျှော်မှန်းထားပြီး RCEP အဖွဲ့ဝင်နိုင်ငံများသို့ တင်ပို့သည့် ကုန်ပစ္စည်း များ၏ ပင်ရင်းလက်မှတ် စောင်ရေ ၂၃,၆၀၀ စောင်၊ ယွမ် ၄ ဒသမ ၃ ဘီလီယံတန်ဖိုးရှိသဖြင့် ၆၅ ရာခိုင်နှုန်း တိုးလာပါသည်။

အရင်းအမြစ်။  https://mp.weixin.qq.com/s/lWwvsxLKWFMy51ShP8zIfw နှင့် http://www.chinadaily.com.cn

(စီးပွားရေးသံမှူး၊ ကူမင်းမြို့)

Category: China (Kunming)