နှစ်ဖက်အကြား ပြီးခဲ့သည့် သီတင်းပတ်အတွင်း တွေ့ဆုံမှုအပြီး၌ ဟောင်ကောင်နှင့် ဆော်ဒီအာရေဗျ နိုင်ငံတို့အကြား ငွေရေးကြေးရေးဝန်ဆောင်မှု ပူးပေါင်းဆောင်ရွက်မှုများတိုးမြှင့် လုပ်ဆောင်ခဲ့ကြောင်း ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလ ၇ ရက်နေ့ထုတ် South China Morning Post သတင်းစာတွင် “Hong Kong and Saudi Arabis Strengthen financial ties” ခေါင်းစဉ်ဖြင့် ရေးသားဖော်ပြထားပါသည်။
ဟောင်ကောင်ငွေကြေးအာဏာပိုင်အဖွဲ့ (HKMA) ၏ အမှုဆောင်အရာရှိချုပ် Eddie Yue Wai-man ဆော်ဒီအာရေဗျနိုင်ငံ ဗဟိုဘဏ် (SAMA) ဥက္ကဋ္ဌ Ayman al-Sayari တို့သည် ယခင်နှစ် တွေ့ဆုံမှု၏ နောက်ဆက်တွဲတွေ့ဆုံမှုအဖြစ် ဒီဇင်ဘာလ ၅ ရက်နေ့တွင် တွေ့ဆုံခဲ့ပြီး ငွေရေး ကြေးရေးကဏ္ဍ၊ အခြေခံအဆောက်အဦ ဖွံ့ဖြိုးတိုးတက်ရေး၊ ကြီးကြပ်မှုနည်းပညာ ချမှတ်ကျင့်သုံး ခြင်းနှင့် ရင်းနှီးမြှုပ်နှံမှုအမြင်တို့နှင့်စပ်လျဉ်း၍ အလေးထား ဆွေးနွေးခဲ့ကြောင်း ရေးသားဖော်ပြ ထားပါသည်။
ထိုသို့တွေ့ဆုံချိန်တွင် ငွေရေးကြေးရေး တည်ငြိမ်မှု၊ Data analyses၊ ငွေရေးကြေးရေး ကဏ္ဍ ဆန်းသစ်တီထွင်မှုနှင့် ငွေပေးချေမှုစနစ်များ အတွက် ပူးပေါင်းဆောင်ရွက်နိုင်ရန် အလား အလာရှိသည့် နယ်ပယ်များဖော်ထုတ်ရှာဖွေရေးနှင့် စပ်လျဉ်း၍ ဆွေးနွေးခဲ့ကြောင်းနှင့် SAMA အနေဖြင့် ဟောင်ကောင်ငွေကြေးအာဏာပိုင်အဖွဲ့နှင့် အတွေ့အကြုံနှင့် မူဝါဒဆိုင်ရာ အသိအမြင် များ ဖလှယ်ခြင်းခြင်းဖြင့် ပူးပေါင်းဆောင်ရွက်မှုမြှင့်တင်သွားရန် မျှော်လင့်သည်ဟု SAMA က ပြောဆိုခဲ့ကြောင်း ရေးသားဖော်ပြထားပါသည်။
မကြားသေးသောနှစ်များအတွင်း ဟောင်ကောင်ဒေသနှင့် ဆော်ဒီအာရေဗျနိုင်ငံတို့အကြား ပေါင်းစပ်ဆက်သွယ်မှု တိုးတက်လာပြီး SAMA နှင့် ပူးပေါင်းဆောင်ရွက်မှု ခိုင်မာစေရန် မျှော်လင့် သည်ဟု ဟောင်ကောင်ဒေသ ငွေကြေးအာဏာပိုင်အဖွဲ့ အကြီးအကဲ ကပြောကြားခဲ့ကြောင်း ရေး သား ဖော်ပြထားပါသည်။
ရေနံနှင့် အိမ်ယာအဆောက်အဦ ကဏ္ဍကဲ့သို့ သမားရိုးကျ မဏ္ဍိုင်များအပေါ် မှီခိုမှုလျှော့ချပြီး ဟောင်ကောင်ဒေသနှင့် ဆော်ဒီအာရေဗျနိုင်ငံတို့၏ စီးပွားရေးတိုးတက်မှုကို အထောက်အကူ ဖြစ်စေရန် ငွေရေးကြေးရေးကဏ္ဍ ဆန်းသစ်တီထွင်မှု စီမံချက်များနှင့် fintech တိုးတက်မှုအတွက် ပူးပေါင်းဆောင်ရွက်မှုမြှင့်တင်ရန် ပြီးခဲ့သည့်ဇူလိုင်လတွင် နှစ်ဖက်သဘောတူညီခဲ့ကြောင်း ရေးသားဖော်ပြထားပါသည်။
ဆော်ဒီအာဗျနိုင်ငံသည် Vision ၂၀၃၀ စီမံချက်အရ အခြေခံအဆောက်အဦ စီမံကိန်းများ စတင်ခြင်းဖြင့် ရေနံမှရရှိသောဝင်ငွေအပေါ် မှီခိုနေမှုကို လျှော့ချသွားမည်ဖြစ်သောကြောင့် ဟောင်ကောင်ဒေသအခြေစိုက် တည်ထောင်စလုပ်ငန်းများအတွက် အခွင့်အလမ်းများ ဖန်တီးပေး နိုင်မည်ဖြစ်သည်ဟု လေ့လာသူများက ပြောဆိုကြကြောင်းစသည်ဖြင့် ရေးသားဖော်ပြထားပါ သည်။
စီးပွားရေးသံမှူး၊ ဟောင်ကောင်မြို့။