Germany

EU-Mercosur သဘောတူညီချက်သည် အောင်ပွဲနှင့် စိတ်ဆိုးဒေါသဖြစ်မှုများ ရောယှက်နေ

Last Updated:

ပြင်သစ်နှင့် ဥရောပလယ်သမားများသမဂ္ဂတို့က အငြင်းပွားဖွယ်ရာ ကုန်သွယ်ရေးသဘော တူညီချက်ဖြစ်သည့် EU – Mercosur ကို ဆန့်ကျင်နေချိန်တွင်  တစ်ဖက်တွင်မူ ဂျာမနီ၊ စပိန်၊ အာဂျင်တီးနားနှင့် ဘရာဇီးတို့က အဆိုပါသဘောတူညီချက်ကို လက်ခံချီးကျူးခဲ့ကြပါသည်။

ဥရောပသမဂ္ဂသည် လူဦးရေသန်းပေါင်း (၇၀၀)ကျော်ကို လွှမ်းခြုံနိုင်မည့် လွတ်လပ်သော ကုန်သွယ်မှုဇုန်တစ်ခုကို ဖန်တီးနိုင်ရေးအတွက် တောင်အမေရိကနိုင်ငံ(၄)နိုင်ငံနှင့် အငြင်းပွားဖွယ် ရာ သဘောတူညီချက်တစ်ရပ်ကို အပြီးသတ် ဆောင်ရွက်ခဲ့ပါသည်။

ဥရောပကော်မရှင်၏ အကြီးအကဲဖြစ်သူ Ms. Ursula von der Leyen က Mercosur သဘောတူညီချက်ကို win-win agreement အဖြစ် ၆-၁၂-၂၀၂၄ ရက်တွင် ကြေညာခဲ့ပါသည်။ အဆို ပါ Agreement သည် ပြင်သစ်နှင့် ဥရောပလယ်သမားများသမဂ္ဂတို့က ပယ်ချမှုများ အပြင်းအထန် ဆောင်ရွက်နေသည့်ကြားမှ သဘောတူညီမှု ရရှိခဲ့ခြင်းဖြစ်ပါသည်။

EU- Mercosur သဘောတူညီချက်ရရှိရန် အချိန် (၂၅)နှစ်ခန့်ကြာ ဆောင်ရွက်ခဲ့ရသော်လည်း ယင်းကိစ္စရပ်သည် ဥရောပပါလီမန်၏ သဘောသဘာဝကဲ့သို့ပင် အီးယူ၏ အဖွဲ့ဝင်နိုင်ငံ (၂၇) နိုင်ငံအနက် အနည်းဆုံး(၁၅)နိုင်ငံ၏ သဘောတူညီမှုရရှိရန် လိုအပ်သဖြင့်  ဆိုင်းငံ့နေခဲ့ရ ခြင်းဖြစ်ပါသည်။

အဆိုပါ သဘောတူညီချက်ကို ထောက်ခံသူများက EU – Mercosur သဘောတူညီချက် သည် တရုတ်နိုင်ငံနှင့် ကုန်သွယ်မှုအပေါ် မှီခိုအားထားနေရခြင်းကို လျှော့ချနိုင်ရေးအတွက် အထောက်အပံ့ဖြစ်စေပြီး အမေရိကန်နှင့် အီးယူနိုင်ငံများအကြား ကုန်သွယ်မှုအပေါ် အမေရိကန် ရွေးကောက်ခံ သမ္မတ Donald Trump က အခွန်များ စည်းကြပ်လာနိုင်သည့်အတွက် EU နိုင်ငံ များအပေါ် အဆိုပါ သက်ရောက်မှုမှ အကာအကွယ်ပေးနိုင်ရေးအတွက်ဖြစ်ကြောင်း ပြောကြားခဲ့ ကြပါသည်။

သို့ရာတွင် အတိုက်အခံများက အဆိုပါသဘောတူညီချက်အရ တောင်အမေရိကနိုင်ငံများအနေဖြင့် ဈေးပေါသော ကုန်ပစ္စည်းများ (အီးယူ၏ အစိမ်းရောင်နှင့် အစားအသောက် ဘေးကင်းရေး စံချိန်စံနှုန်းများနှင့် မကိုက်ညီသည့်ကုန်စည်များ) တင်သွင်းလာ နိုင်သည့် ကိစ္စအပေါ် ငြင်းခုံနေကြပါသည်။ လက်တင်အမေရိကနိုင်ငံများမှ အမဲသားတင်သွင်းမှုသည် အသိ သာ အထင်ရှားဆုံးသော စိုးရိမ်ဖွယ်ရာဖြစ်ကြောင်း ဖော်ပြထားပါသည်။

Ms. Von der Leyen က အဆိုပါသဘောတူညီချက်သည် စားသုံးသူများနှင့် စီးပွားရေးလုပ်ငန်းများ နှစ်ဦးနှစ်ဖက်စလုံးအတွက် အကျိုးကျေးဇူးများကို ဆောင်ကြဉ်းပေးလိမ့်မည်ဖြစ် ကြောင်း ကြေညာချက်တွင် ထုတ်ဖော်ပြောကြားထားပြီး၊ တရားမျှတမှုနှင့် နှစ်ဦးနှစ်ဖက် အပြန် အလှန် အကျိုးရှိမှုအပေါ် အဓိက အာရုံထားကြောင်း သူမက ထပ်လောင်းပြောကြားခဲ့သည်။ ယခုအချိန်တွင် EU ထုတ်ကုန်အမျိုးအစား စုစုပေါင်း (၃၅၀)ကျော်ခန့်ကို ပင်ရင်းမူလဒေသ၏ ဝိသေသလက္ခဏာများဖြစ်ကြသည့် အရည်အသွေး သာလွန်ကောင်းမွန်ခြင်းနှင့် ဂုဏ်သတင်း ကျော်စောခြင်းတို့ကဲ့သို့သော geographical indication တစ်ခုအဖြစ်သာ အကာအကွယ်ပေးထား ခဲ့ပြီး အီးယူ၏ ကျန်းမာရေးနှင့် အစားအသောက်ဆိုင်ရာစံချိန်စံညွှန်းများနှင့် ပြည့်မီရန် လိုအပ်နေ သေးကြောင်းသူမကဆက်လက် ပြောကြားခဲ့သည်။

ဂျာမန်ဝန်ကြီးချုပ် Mr. Olaf Scholz ကလည်း ယင်းသဘောတူညီချက် အပြီးသတ်နိုင်မှုအပေါ် ကြိုဆိုခဲ့ပြီး၊ အရေးကြီးသော အတားအဆီးများကို ကျော်ဖြတ်နိုင်ခဲ့ပြီဖြစ်ကြောင်း ၎င်း၏ လူမှု ကွန်ယက်တစ်ခုဖြစ်သော “X” တွင် ထုတ်ဖော်ပြောကြားခဲ့ပါသည်။

Ms. Von der Leyen က သဘောတူညီချက် အပြီးသတ် ဆောင်ရွက်နေစဉ်ကာလအတွင်း လယ်သမားများ၏ စိုးရိမ်ပူပန်မှုများကို နားထောင်ပေးခဲ့ပြီး ၎င်းတို့အနေဖြင့် အရေးယူ ဆောင်ရွက်မှုများ ပြုလုပ်ပေးခဲ့ကြောင်း ပြောကြားခဲ့သည်။ သို့သော်လည်း လယ်သမားများသမဂ္ဂ ကမူ သဘောတူညီချက် အဆုံးသတ်ချိန်တွင် ဥရောပစိုက်ပျိုးရေးအသိုက်အဝန်း၌ စိုးရိမ်ပူပန်မှု များရှိနေကြောင်း ပြောကြားခဲ့ပါသည်။

ဥရောပသမဂ္ဂအနေဖြင့် အဆိုပါ သဘောတူညီချက်အား အသိမှတ်ပြု လက်ခံလိုက်ပါက အီးယူတစ်ဝှမ်းရှိ မိသားစုတနိုင်တပိုင် မွေးမြူရေးလုပ်ငန်းများအတွက် လေးနက်သော အကျိုး ဆက်များ ရှိလာမည်ဟု COPA-COGENA လယ်သမားများအဖွဲ့မှ သတိပေးထားကြောင်းသိရှိရ ပါသည်။ ထို့ပြင် ဥရောပတစ်ဝှမ်းရှိ သန်းနှင့်ချီသော တောင်သူလယ်သမားများအတွက် ဥရောပကော်မရှင်အနေဖြင့် စိုးရိမ်ပူပန်မှုများရှိနေသည်ဟု ရေးသားထားသော စာတစ်စောင်ကို ကော်မရှင်က ပေးပို့လာခဲ့သည်ဟု COPA ၏ ဥက္ကဋ္ဌဖြစ်သူ Mr.MassimilianoGiansanti က ထုတ်ပြန်ချက်တစ်ခုတွင် ဖော်ပြထားပါသည်။

ပြင်သစ်ကမူ သဘောတူညီချက်အပေါ် ဆန့်ကျင်သည့် ၎င်း၏ သဘောထားကို ဆက်လက် ထိန်းသိမ်းထားခဲ့ပါသည်။ ယခုအချိန်သည် ဇာတ်လမ်းပြီးဆုံးချိန်သို့ မရောက်သေးကြောင်း၊ ယခု ကိစ္စမှာ အီးယူအဖွဲ့ဝင်နိုင်ငံများအတွက် တာဝန်ခံခြင်းမဟုတ်ဘဲ ဥရောပကော်မရှင်အတွက်သာ ဆောင်ရွက်ခြင်းဖြစ်ကြောင်း ပြင်သစ်ကုန်သွယ်ရေးဝန်ကြီး Sophie Primas က AFP သတင်း ဌာနသို့ ပြောကြားခဲ့သည်။

ဥရောပနယ်ပယ်ဒေသအနေဖြင့် ပနားမားနှင့် ယူအေအီးနိုင်ငံတို့နှင့် ကုန်သွယ်ရေး သဘောတူညီ ချက်များဆက်လက်ဆောင်ရွက်နိုင်ရေးအပေါ် အာရုံထားနေကြောင်း ဘရာဇီး သမ္မတ LuizInacio Lula da Silva က ပြောကြားခဲ့ပါသည်။ ယနေ့အချိန်တွင် ၎င်းတို့အနေဖြင့် ပနားမားနှင့် အနာဂတ် စီးပွားရေးဆိုင်ရာ ဖြေလျှော့မှုများအတွက် အခြေခံကျသောအပိုင်းများကို စတင်ဆောင်ရွက်နေပြီး၊ ယူအေအီးနှင့်လည်း ဆွေးနွေးမှုများ လျင်မြန်စွာ ပြီးစီးနိုင်ရေးအတွက် တိုးတက်ဆောင်ရွက် နေသည်ဖြစ်ရာ ၂၀၂၅ ခုနှစ်တွင် အပြီးသတ် ဆောင်ရွက်နိုင်လိမ့်မည်ဟု Monte ရှိ Mercosur ထိပ်သီးအစည်းအဝေးတစ်ခုတွင် Lula က ပြောကြားခဲ့ကြောင်း ဖော်ပြုထား ပါသည်။

Source: https://www.dw.com/en/eu-mercosur-deal-met-with-celebration-and-anger/a-70987254

စီးပွားရေးသံမှူး၊ ဘာလင်

Category: Germany