Korea

နိုင်ငံရေးမတည်ငြိမ်မှုသည် တောင်ကိုရီးယားနိုင်ငံစီးပွားရေးအတွက် အဓိကအရေးပါသည့် ပို့ကုန်တင်ပို့မှုတိုးတက်ရေးအတွက် ခြိမ်းခြောက်မှုဖြစ်စေ

Last Updated:

တောင်ကိုရီးယားနိုင်ငံတွင်း နိုင်ငံရေးမတည်ငြိမ်မှုအခြေအနေ ဆိုးဝါးလာခြင်းကြောင့် နိုင်ငံ၏ ပို့ကုန်တင်ပို့မှုမြှင့်တင်ရေးတွင် စိန်ခေါ်မှုများကို ၂၀၂၅ ခုနှစ်အစောပိုင်းကာလအထိ သိသိသာသာ ကြုံ တွေ့ရနိုင်သေးသည်ဟု သုတေသီများက ခန့်မှန်းကြပါသည်။

တောင်ကိုရီးယားနိုင်ငံ၏ စီးပွားရေးသည် ကုန်သွယ်မှုအပေါ် များစွာမှီခိုနေပါကြောင်း၊ ပို့ကုန် တင်ပို့မှုသည် နိုင်ငံ၏ စုစုပေါင်းပြည်တွင်းထုတ်ကုန် (Gross domestic product- GDP) တိုးတက်မှု ကို တိုင်းတာရာတွင် အဓိကကျပါကြောင်း၊ နိုင်ငံ၏စီးပွားရေးသည် ကုန်သွယ်မှုအပေါ် မှီခိုနေရမှုသည် ၇၀ ရာခိုင်နှုန်းကျော်သည့်အတွက် ကမ္ဘာ့နိုင်ငံများအကြား ဒုတိယအမြင့်ဆုံးအဆင့်တွင် ရှိနေပါ ကြောင်း၊ သို့သော် မကြာသေးခင်ကဖြစ်ပေါ်ခဲ့သည့် နာရီအနည်းငယ်ကြာသည့် စစ်အုပ်ချုပ်ရေး အပြီး ဖြစ်ပေါ်လာသည့် နိုင်ငံရေးမတည်ငြိမ်မှုများကြောင့် ဒီဇင်ဘာလအတွင်းသာမက ၂၀၂၅ ခုနှစ်၊ ဇန်နဝါ ရီလအထိကာလအတွင်း ပို့ကုန်တင်ပို့မှုတိုးတက်သည့်အရှိန်အဟုန် လျော့ကျလာနိုင်ကြောင်း၊ လက်ရှိ နိုင်ငံ‌ရေးမတည်ငြိမ်မှုများကို ဖြေရှင်းနိုင်ခြင်းမရှိပါက ပိုမိုကြီးမားသောအန္တရာယ်နှင့် ရင်ဆိုင်ရနိုင်ပါ ကြောင်း Sejong University မှ စီးပွားရေးစီမံခန့်ခွဲမှု ပါမောက္ခ Kim Dae-jong က သုံးသပ်ပါသည်။

ယခုအချိန်တွင် ကိုရီးယားနိုင်ငံ၏ အဓိကဦးစားပေးရမည့်အချက်မှာ နိုင်ငံရေးအကျပ်အတည်းကို ဖြေရှင်းရန်ဖြစ်ပါကြောင်း၊ နိုင်ငံ၏စီးပွားရေးသည် ကုန်သွယ်ရေးနှင့် ပို့ကုန်များအပေါ်များစွာ မှီခို နေရသည့်အတွက် အခြားနိုင်ငံများနှင့် အစိုးရအဆင့် အပြန်အလှန်ဖလှယ်မှုများကို သွက်လက်လျင် မြန်နေစေရေးဆောင်ရွက်နိုင်မှသာလျှင် ရေရှည်တည်တံ့သော စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုအရှိန်ရနိုင် မည် ဖြစ်ပါကြောင်း ပါမောက္ခ Kim Dae-jong က ပြောကြားပါသည်။

နိုင်ငံရေးမတည်ငြိမ်မှုကြောင့် နိုင်ငံ၏အကြွေးဆပ်နိုင်စွမ်းအပေါ် အကဲဖြတ်မှုတွင်လည်း အနှုတ်လက္ခဏာဆောင်စေပါကြောင်း၊ နိုင်ငံ၏ အဓိကပို့ကုန်များ တင်ပို့နေသည့် Hyundai Motor နှင့်  Kia တို့မှ ဝန်ထမ်းများကလည်း လက်ရှိနိုင်ငံရေးအကျပ်အတည်းကြောင့် ဆန္ဒပြကြဦးမည်ဟု ခြိမ်း ခြောက်နေကြပါကြောင်း၊ Hyundai Motor Union တွင် အလုပ်သမားအဖွဲ့ဝင်များစွာရှိပြီး  အဖွဲ့ဝင်ဦး ရေ ၄၄,၀၀၀ ရှိပါကြောင်း၊ ယင်းသို့ဆန္ဒပြပါက ပို့ကုန်တင်ပို့မှုမြှင့်တင်ရေးတွင် များစွာထိခိုက်စေမည် ဖြစ်ပါကြောင်း၊  သို့ဖြစ်၍ ကိုရီးယားစက်မှုလုပ်ငန်းများအဖွဲ့ချုပ် (The Federation of Korean Industries- FKI) ကဲ့သို့သော စီးပွားရေးအဖွဲ့အစည်းများက အလုပ်သမားအဖွဲ့ဝင်များကို ဆန္ဒပြမှုများ တွင် ပါဝင်ပူးပေါင်းခြင်းမပြုရန် တိုက်တွန်းထားပါကြောင်း ကိုရီးယားစီးပွားရေးလုပ် ငန်းများအဖွဲ့ချုပ် (Korea Enterprises Federation- KEF) က ပြောကြားပါသည်။

Source: https://www.koreatimes.co.kr/www/tech/2024/12/129_388127.html

စီးပွားရေးသံမှူး၊ ဆိုးလ်မြို့

 

 

 

 

 

 

 

 

Category: Korea